PSG အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် စပါးအသင်း၌ နေရာရရန် ရုန်းကန်နေရသည့် အင်္ဂလန်ကွင်းလယ်လူ အယ်လီအား ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
အသက် (၂၄)နှစ်အရွယ်ရှိ အယ်လီသည် နည်းပြ မော်ရင်ဟိုလက်ထက်တွင် စပါးအသင်း၌ ပွဲကစားခွင့် ပျောက်ဆုံးနေသူဖြစ်ပြီး ၎င်းကို ခေါ်ယူရန် PSG အသင်းက စိတ်ဝင်စားနေခြင်းဖြစ်သည်။
PSG အသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလကလည်း အယ်လီကို ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးကြောင်း သိရသည်။
သို့သော် PSG အသင်း၏ ကမ်းလှမ်းမှုများကို စပါးအသင်းက ပယ်ချခဲ့သဖြင့် အပြောင်းအရွှေ့မှာ ဖြစ်မြောက်ခဲ့ခြင်းမရှိပေ။
ထို့ကြောင့် PSG အသင်းအနေဖြင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက် အယ်လီ ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ခြင်းဖြစ်သည်။
အယ်လီသည် ယခုရာသီတွင် စပါးအသင်းအတွက် ပရီးမီးယားလိဂ်တွင် (၂)ပွဲသာ ပါဝင်ကစားခွင့်ရထားသည်။















