ဘာနာဒိုဆေးလ်ဗားအား အသင်းဟောင်းဖြစ်သည့် ဘင်ဖီကာအသင်း၏နည်းပြဖြစ်သူ ဂျော့ချ်ဂျီးဆပ်စ် ဝေဖန်ပြစ်တင်

ဘာနာဒိုဆေးလ်ဗားအား အသင်းဟောင်းဖြစ်သည့် ဘင်ဖီကာအသင်း၏နည်းပြဖြစ်သူ ဂျော့ချ်ဂျီးဆပ်စ် ဝေဖန်ပြစ်တင်
Photos : Getty Images
Photos : Getty Images
Published 1 November 2020

မန်စီးတီးအသင်း၏ ပေါ်တူဂီတောင်ပံကစားသမား ဘာနာဒိုဆေးလ်ဗားအား သူ၏အသင်းဟောင်းဖြစ်သည့် ဘင်ဖီကာအသင်း၏နည်းပြဖြစ်သူ ဂျော့ချ်ဂျီးဆပ်စ်က ဝေဖန်ပြစ်တင်ခဲ့ကြောင်းသိရသည်။ 

ဘာနာဒိုဆေးလ်ဗားသည် ဘင်ဖီကာအသင်း ဥက္ကဋ္ဌ ဖိလစ်ပီဗီယာရာ၏နေရာကို အစားထိုးသင့်ပြီဟု မှတ်ချက်ပြုပြောကြားခဲ့ရာ ဘင်ဖီကာတွင် သူ့အား ပွဲထွက်ကစားခွင့်ပေးခဲ့သူ ဂျော့ချ်ဂျီးဆပ်စ်က တုံ့ပြန်ဝေဖန်ခဲ့ခြင်းဖြစ်သည်။

ဂျော့ချ်ဂျီးဆပ်စ်က ဘင်ဖီကာဥက္ကဋ္ဌ ဖိလစ်ပီဗီယာရာသည် ဘာနာဒိုဆေးလ်ဗားကို တိုးတက်မှုများရှိလာအောင် ကူညီပေးခဲ့သူဖြစ်ပြီး လူငယ်ကစားသမားများကို မြေတောင်မြှောက်ပေးခဲ့သူဖြစ်သည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent