ယူရိုပါလိဂ်အုပ်စုပွဲစဉ်(၂) ပွဲကြိုသုံးသပ်ချက်

ယူရိုပါလိဂ်အုပ်စုပွဲစဉ်(၂) ပွဲကြိုသုံးသပ်ချက်
Published 29 October 2020

ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်တွေကို အခုတစ်ပတ်မှာ ဆက်လက်ကစားမှာဖြစ်ပြီး ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးအသင်းတို့က ဥရောပအစဉ်အလာမရှိတဲ့ အသင်းငယ်တွေနဲ့သာ တွေ့ဆုံနေလို့ နိုင်ပွဲဆက်ဖို့ သေချာသလောက်ပါပဲ။ ဒီတစ်ပတ်မှာ ဆိုစီဒက်-နာပိုလီတွေ့ဆုံမှုက စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ပြီး လက်စတာ၊ ဗီလာရီးယဲလ်တို့က အဝေးကွင်းမှာ အခက်အခဲတွေ့နိုင်ပေမဲ့ အမှတ်ပြည့်ယူသွားနိုင်တဲ့ အနေအထားမှာ ရှိပါတယ် . . .

အန့်ဝပ် နှင့် စပါး (သောကြာနံနက် ၀၀း၂၅ နာရီ)

အုပ်စုအဖွင့်ပွဲနိုင်ထားတဲ့(၂)သင်း တွေ့ဆုံကြတာဖြစ်ပေမဲ့ အဆင့်ချင်းတော့ အတော်ခြားနားပါတယ်။ စပါးအသင်းက ဒီပွဲကိုလည်း အရန်ကစားသမားအများစုနဲ့ ပွဲထွက်လာဦးမှာ သေချာသလောက်ရှိတယ်။ အဝေးကွင်းဖြစ်ပေမဲ့ စပါး အမှတ်ပြည့်ယူမှာပါ။

အေစီမီလန် နှင့် စပါတာပရပ်ဂ် (သောကြာနံနက် ၀၀း၂၅ နာရီ)

အေစီမီလန်နည်းပြ ပီအိုလီက စီးရီးအေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ(၂)ခုအကြားမှာ ယူရိုပါလိဂ်ကိုလည်း ပစ်ပယ်မယ့်အနေအထားမရှိပါဘူး။ ဆဲလ်တစ်နဲ့ပွဲကပုံစံအတိုင်း ဒီပွဲမှာလည်း ပွဲထွက်နဲ့ အရန်ကစားသမားတချို့ကို တွဲစပ်အသုံးပြုသွားဦးမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အေစီမီလန်က ကစားသမားတစ်ဦး ချင်းအကြားမှာ ကွာဟချက်ကြီးကြီးမားမားမရှိလို့ ပြဿနာတော့ မရှိပါဘူး။ ဒါပေမဲ့ စပါတာပရပ်ဂ် အဝေးကွင်းညံ့ပုံမျိုးနဲ့ မီလန်ကို ဒုက္ခပေးနိုင်ဖို့မလွယ်ဘူး။ အေစီမီလန်ကိုပဲ ရွေးချယ်ချင်တယ်။

AEK အေသင် နှင့် လက်စတာ (သောကြာနံနက် ၀၀း၂၅ နာရီ)

လက်စတာက ချန်ပီယံလိဂ်ကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရချိန်မှာ မမျှော်လင့်တာတွေ လုပ်ပြခဲ့သလိုပဲ အခု ယူရိုပါလိဂ်မှာ ဒီလိုဖြစ်လာအောင် ကြိုးပမ်းနေပါတယ်။ ဂရိကလပ်တွေက အိမ်ကွင်းမာပေမဲ့ လက်စတာကို ပိုကြိုက်တယ်။

ကာရာဘတ် နှင့် ဗီလာရီးယဲလ် (သောကြာနံနက် ၀၀း၂၅ နာရီ)

အဇာဘိုင်ဂျန်ကလပ် ကာရာဘတ်က ဥရောပပြိုင်ပွဲကို နှစ်စဉ်ယှဉ်ပြိုင်နေပေမဲ့ အိမ်ဖြည့်သာသာလောက်ပဲ ရှိပါတယ်။  ဗီလာရီးယဲလ်အသင်းမှာ ကစားသမားအပြောင်းအလဲရှိပေမဲ့ အနိုင်ကစားဖို့များတယ်။

အာဆင်နယ် နှင့် ဒန်ဒေါ့ခ် (သောကြာနံနက် ၂း၃၀ နာရီ)

ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲမှာ အာဆင်နယ်အသင်းက   တောင့်တင်းတဲ့လူစာရင်းကို အသုံးပြုပြီး ယှဉ်ပြိုင်သွားတာ တွေ့ရတယ်။ ဒါကလည်း ပြိုင်ဘက် ရက်ပစ်ဝီအန်က အုပ်စုတွင်း ဒုက္ခအပေးနိုင်ဆုံးအခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီပွဲပြီးရင် မဟာပြိုင်ဘက် မန်ယူအသင်းနဲ့ တွေ့ဆုံဖို့ရှိနေတာကလည်း အာဆင်နယ် လူစုံမထုတ်ဖို့ သေချာပါတယ်။ အခုတွေ့ဆုံမဲ့ ဒန်ဒေါ့ခ်အသင်းက ရက်ပစ်ဝီအန်လို မဟုတ်ဘူး။ အိုင်ယာလန်ချန်ပီယံအသင်းဂုဏ်ပုဒ်ကလွဲလို့ အာဆင်နယ်နဲ့ယှဉ်ရင် အတော်လေးကွာခြားနေတယ်။ အာဆင်နယ် လူမစုံနိုင်ပေမဲ့ (၃)ဂိုးလောက်တော့ ပြတ်နိုင်တယ်။

ဆိုစီဒက် နှင့် နာပိုလီ (သောကြာနံနက် ၂း၃၀ နာရီ)

ဒီပွဲက ပုံမှန်အတိုင်းဆိုရင် အုပ်စုပထမနေရာလုပွဲလို့ ကင်ပွန်းတပ်ရမှာပါ။ ဒါပေမဲ့ နာပိုလီက အဖွင့်ပွဲကို အိမ်ကွင်းမှာ ကစားရတာတောင် အယ်လ်ခမာလိုအသင်းမျိုးကို အရေးနိမ့်ခဲ့တာ တွေ့ရတယ်။ အံ့အားသင့်စရာကောင်းတာကတော့ အဲဒီပွဲမှာ လူစုံနီးပါးထုတ်ကစားခဲ့တာဖြစ်လို့ နာပိုလီရဲ့ ဦးတည်ရာကို မှန်းဆရခက်နေတယ်။ ဆိုစီဒက်ကတော့ ပွဲဦးထွက်လှထားပြီး အမာခံကစားသမားအများစု အသုံးပြုခဲ့တာကို ထည့်တွက်ရင် ယူရိုပါလိဂ်ကို အလေးထားယှဉ်ပြိုင်သွားမဲ့ အနေအထားရှိတယ်။ စပိန်မြေလည်းဖြစ်လို့ ဆိုစီဒက် အမှတ်ရပါလိမ့်မယ်။

ရိုးမား နှင့် CSKA ဆိုဖီယာ (သောကြာနံနက် ၂း၃၀ နာရီ)

ဒီအုပ်စုက ရိုးမားအသင်းအတွက် အခက်အခဲမရှိတာ သေချာပြီး အဖွင့်ပွဲတုန်းကအတိုင်း အရန်ကစားသမားတွေနဲ့ ပွဲထွက်လာဦးမှာပါ။ CSKA ဆိုဖီယာက ယန်းဘွိုင်းစ်ထက် အဆင့်ပိုနိမ့်လို့ ရိုးမား ဂိုးပြတ်သွင်းလိမ့်မယ်။

အခြားပွဲစဉ်များ

* ဇော်ယာ    -    စပို့တင်းဘရာဂါ

* လိုင်လီ    -    ဆဲလ်တစ်

* ဆီဗက်စပေါ်    -    မက္ကာဘီတဲလ်အဗစ်

LASK    -    လူဒိုဂိုရတ်စ် *

* CSKA မော်စကို    -    ဒိုင်နမိုဇာဂရက်

ဖီယင်နု    -    ဝုလ်ဖ်ဘာဂါ *

* ဇဗက်ဒါ    -    ဆလိုဗန်လီဘရက်

KAA ဂျန့်    -    ဟော်ဖန်ဟင်မ် *

* ကလုချ်    -    ယန်းဘွိုင်းစ်

မိုလ်ဒီ    -    ရက်ပစ်ဝီအန် *

ဆလားဗီးယားပရပ်ဂ်    -    လေဗာကူဆင် *

နိုက်စ်    -    ဟာပိုးဘီအာရှီဗာ *

* ဘင်ဖီကာ    -    စတန်းဒတ်လိဂ်

ရိန်းဂျားစ်    -    လက်ချ်ပေါ့နန် *

* ဂရန်နာဒါ    -    PAOK

* အိုမိုးနီးယားနီကိုးရှား    -    PSV

အယ်လ်ခမာ    -    ရီယဲလ်ကာ *

Most Read

Most Recent