Stay at Home သတ်မှတ်ထားသည့် ဖားကန့်မြို့နယ်တွင် NLD ပါတီက မြေပြင်ဆင်း၍ မဲဆွယ်သဖြင့် ပြည်ခိုင်ဖြိုးပါတီက တိုင်တန်းခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့က နောက်ဆုံးသတိပေးစာဖြင့် ဖြေရှင်း

Stay at Home သတ်မှတ်ထားသည့် ဖားကန့်မြို့နယ်တွင် NLD ပါတီက မြေပြင်ဆင်း၍ မဲဆွယ်သဖြင့် ပြည်ခိုင်ဖြိုးပါတီက တိုင်တန်းခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့က နောက်ဆုံးသတိပေးစာဖြင့် ဖြေရှင်း
Published 28 October 2020
စစ်ကိုနိုင်ထွန်း

Stay at Home သတ်မှတ်ထားသည့် ဖားကန့်မြို့နယ်တွင် NLD ပါတီက မြေပြင်ဆင်း၍ မဲဆွယ်သဖြင့် ပြည်ခိုင်ဖြိုးပါတီက တိုင်တန်းခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ယနေ့ (အောက်တိုဘာ ၂၈ ရက်) တွင် နောက်ဆုံးသတိပေးစာဖြင့် ဖြေရှင်းခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၁၉ ရက်တွင် ဖားကန့်မြို့နယ်အား Stay at Home မြို့နယ်အဖြစ် ကြေငြာခဲ့ပြီးနောက် မိုးညှင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ကလည်း အောက်တိုဘာ ၂၀ ရက်တွင် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မြေပြင်လှည့်လည် မဲဆွယ်စည်းရုံးမှုများ မပြုလုပ်ရန် တားမြစ်ညွန်ကြားစာထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ထားချိန်တွင် NLD ပါတီမှ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ဟိန်းမင်းနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ်လောင်း ဦးတင်စိုးတို့သည် ကာမိုင်းမြို့ ကထယန်အုပ်စု၊ ဦးနော်လီအိမ်တွင် မဲဆွယ်စည်းရုံးခြင်းကြောင့် ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံသို့ တိုင်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါတိုင်ကြားမှုအပေါ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ဖြေရှင်းနိုင်ရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ဖားကန့်မြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ တာဝန်ရှိသူများကို ဖားကန့်မြို့နယ် ဥပဒေအရာရှိနှင့် အတိုင်ကြားခံရသည့် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံခဲ့ပြီး NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ဟိန်းမင်းနှင့် ဦးတင်စိုးတို့အား နောက်ဆုံးအကြိမ် သတိပေးစာလွှာကို ဖားကန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသိန်းဟန်က ပေးအပ်ကာ တိုင်တန်းမှုအပေါ် ဖြေရှင်းခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent