အလဲထိုးနိုင်ပွဲရယူရန် အောင်လအန်ဆန် အဆင်သင့်ဖြစ်နေပြီဟု နည်းပြဖြစ်သူ ဟင်နရီဟုဖ် ပြောကြား

အလဲထိုးနိုင်ပွဲရယူရန် အောင်လအန်ဆန် အဆင်သင့်ဖြစ်နေပြီဟု နည်းပြဖြစ်သူ ဟင်နရီဟုဖ် ပြောကြား
Photos: Getty Images & Aung La Nsang(Burmese Python)Facebook
Photos: Getty Images & Aung La Nsang(Burmese Python)Facebook
Published 28 October 2020

အောင်လအန်ဆန်၏ နည်းပြဖြစ်သူ နယ်သာလန်နိုင်ငံသား ဟင်နရီဟုဖ်က မိမိကစားသမားအနေဖြင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင်  ပြိုင်ဘက်ကို အလဲထိုးကာ နိုင်ပွဲရယူနိုင်ရန် အဆင်သင့်ဖြစ်နေပြီဟု ၎င်း၏ Instagram တွင် ရေးသားဖော်ပြခဲ့သည်။

နယ်သာလန်နိုင်ငံသား ကစ်ဘောက်ဆင် ချန်ပီယံဟောင်းတစ်ဦးဖြစ်သူ ဟင်နရီဟုဖ်သည် အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ကာ လေ့ကျင့်ပေးနေသူဖြစ်သည်။ 

 

"သူ (အောင်လအန်ဆန်) က ချန်ပီယံကာကွယ်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ လေ့ကျင့်ပေးခဲ့တဲ့ကာလတစ်လျှောက်လုံးမှာ သူ့ရဲ့အကောင်းဆုံးပုံစံကို မြင်ရပါတယ်။ သူ (အောင်လအန်ဆန်) ရော မာတင်ငုယင်ရော နှစ်ယောက် စလုံး ဒီပွဲစဉ်အတွက် အကောင်းဆုံးပုံစံရအောင် ကြိုးစားခဲ့ကြပါတယ်။ သူနဲ့ အနီးကပ်လေ့ကျင့်ပေးတဲ့သူအနေနဲ့ သူတို့ ဒီပွဲစဉ်တွေမှာ အလဲထိုးနိုင်ပွဲတွေ ရယူနိုင်မယ်ဆိုတာ သံသယမရှိပါဘူး" ဟု ဟင်နရီဟုဖ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent