Quarantine Centre တွင် စောင့်ကြည့်မှု ခံယူနေစဉ် ထွက်ပြေးခဲ့သူနှစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေဖြင့် အရေးယူ

Quarantine Centre တွင် စောင့်ကြည့်မှု ခံယူနေစဉ် ထွက်ပြေးခဲ့သူနှစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေဖြင့် အရေးယူ
Published 26 October 2020
ယဉ်မျိုးသွယ်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးပတ်လမ်းရှိ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး Quarantine  Centre တွင် စောင့်ကြည့် မှုခံယူနေစဉ် ထွက်ပြေးခဲ့သူနှစ်ဦးကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၅/ ၃၀ (က)ဖြင့် အောက်တိုဘာ ၂၅ ရက်က အရေး ယူထားကြောင်း အမှတ် (၁၀) ရဲစခန်းမှ သတင်းရရှိသည်။

အောက်တိုဘာ ၁၁ ရက်က ချမ်းမြသာစည်မြို့နယ်ရှိ ဇီဝိတဒါနသံဃာဆေးရုံကြီး Quarantine  Centre တွင် စောင့်ကြည့်မှုခံယူနေသူ ၂၁ နှစ်နှင့် ၂၃ နှစ်အရွယ် အမျိုးသားနှစ်ဦးသည် အဆိုပါနေရာမှ ထွက်ပြေးသွား ခဲ့ခြင်းဖြစ်သည်။

ထိုသို့  Quarantine  Centreမှ ထွက်ပြေးသွားသဖြင့် တာဝန်ရှိသူများက လိုက်လံရှာဖွေခဲ့ရာ ၎င်းတို့ကို ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက် ၁၉၉လမ်း၊ လမ်း ၅ဝနှင့် ၅၁ လမ်းကြားတွင် ပြန်တွေ့ခဲ့ကြောင်း၊ ယင်း နောက် ထွက်ပြေးသူနှစ်ဦးအား သီးခြားအ ဆောင်တွင်ထားရှိကာ စောင့်ကြည့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ ၎င်းတို့  Quarantine  ဝင်နေရသည့် နှစ်ပတ်အချိန်ပြည့်ခဲ့သောကြောင့်  ဥပဒေအရအရေးယူရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမှတ် (၁၀)ရဲစခန်းမှ စုံစမ်းသိရသည်။

“ထွက်ပြေးတုန်းက Quarantine  ဝင် နေဆဲဖြစ်ပါတယ်။အခုက Quarantine  ကာ လလည်း ပြည့်သွားပြီဖြစ်သလို သူတို့အဖြေကလည်း Negative ဖြစ်ပါတယ်။ ထွက်ပြေးစဉ်တုန်းကလည်း အိမ်မရောက်ခင်လမ်းမှာတွေ့ တာဖြစ်လို့  တခြားထိစပ်မှုမရှိပါဘူး။ ဒါကြောင့် ထွက်ပြေးတဲ့သူနှစ်ယောက်ကို သဘာဝဘေး အန္တရာယ်ဆိုင်ရာဥပဒေပုဒ်မ ၂၅/၃၀ (က)နဲ့ အမှုဖွင့်ထားပါတယ်။ ဥပဒေအတိုင်း စီ စဉ်ဆောင်ရွက်နေပါတယ်” ဟု အမှတ်(၁၀) ရဲစခန်းမှူး ဒုရဲမှူး သက်နိုင်ဦးက ပြောကြားခဲ့သည်။

ထိုသို့ Quarantine  Centre မှ ထွက်ပြေး ခဲ့သူ အမျိုးသားနှစ်ဦးကို အမှတ် (၁၀) မြို့မရဲ စခန်းတွင် (ပ) ၃၈၆/၂၀၂၀ ဖြင့် အမှုဖွင့်စစ် ဆေးနေကြောင်း သိရသည်။

 

Most Read

Most Recent