ကျောက်ဆည်မြို့နယ်နှင့် အနီးအနားရှိ ကျေးရွာပေါင်း နှစ်ရာခန့်မှ NLD ပါတီ ဝန်းရံထောက်ခံသူ အင်အား သိန်းဂဏန်းခန့် ဖြင့် လှည့်လည်

ကျောက်ဆည်မြို့နယ်နှင့် အနီးအနားရှိ ကျေးရွာပေါင်း နှစ်ရာခန့်မှ NLD ပါတီ ဝန်းရံထောက်ခံသူ အင်အား သိန်းဂဏန်းခန့် ဖြင့် လှည့်လည်
Published 25 October 2020
ယဉ်မျိုးသွယ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်နှင့် အနီးအနားရှိ ကျေးရွာများမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဝန်းရံထောက်ခံသူ အများအပြားသည် ယနေ့ (အောက်တိုဘာ ၂၅ ရက်)  နံနက် ၈ နာရီခန့်မှ စတင်ကာ ကျောက်ဆည်မြို့ပေါ်တွင်  အင်အားပြ လှည့်လည်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

တံတားဦး၊ စဥ့်ကိုင်၊ ကျောက်ဆည်၊ မြစ်သား မြို့နယ်တို့မှ NLD ပါတီ အားပေးထောက်ခံသူတို့သည် ကုန်တင်ယာဉ်တွဲကားများ၊ အိမ်စီးကား စသည်တို့အပြင် ဆိုင်ကယ်၊ ဆိုက်ကားစသည်တို့ဖြင့် စီတန်းလှည့်လည် ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး သီချင်းများကို ဆောင်းဘောက်များဖွင့်ကာ တွဲကားတစ်စီးလျှင် လူလေးဆယ်ခန့် ပါဝင်ပြီး သီဆိုကခုန်ခြင်း၊ လမ်းပေါ်တွင် ဆိုင်ကယ်များရပ်ကာ စုပေါင်းကခုန်ခြင်းများ ပြုလုပ်ခဲ့ကြပြီး မြို့ပေါ်ရှိ နေအိမ်များမှလည်း အိမ်ရှေ့ထွက်ကာ အားပေးခြင်း၊ ရေသန့်ဘူးများဝေခြင်း စသည်တို့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

 

 

Most Read

Most Recent