ဆိပ်ကြီးခနောင်တိုမြိုနယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးခင်ရီနှင့် တွေ့ဆုံခြင်း

ဆိပ်ကြီးခနောင်တိုမြိုနယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးခင်ရီနှင့် တွေ့ဆုံခြင်း
Published 23 October 2020
စည်သူ

‘NGO တွေ လိုတယ်။ လွတ်လပ်မျှတတဲ့သူတွေ လိုတယ်။ အရင်အစိုးရ လက်ထက်မှာလည်း ဒါတွေကို လွတ်လွတ်လပ်လပ် ပေးခဲ့တာပဲလေ။ အခုကျတော့ ပေးမယ်ပြောလိုက် မပေးဘူး ပြောလိုက် ကန့်သတ်ချက်တွေလုပ်လိုက် ဒါတွေလည်း ကြား နေကြမှာပေ့ါလေ။ ဒီအခြေအနေတွေဟာ လွတ်လပ်ပြီးတရားမျှတတဲ့ဟာမျိုး ဖြစ်ပါ့မလားဆိုတာ စိုးရိမ်စရာဖြစ်လာတယ်’

 

ယခင်သမ္မတ ဦးသိန်းစိန်ဦးဆောင်သော အစိုးရလက်ထက်တွင် ပြည်ထောင်စုဝန်ကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲချုပ်တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သော လက်ရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယဥက္ကဋ္ဌ (၂) တာဝန်ယူထားသူ ဦးခင်ရီအား ရွေးကောက်ပွဲအပေါ်အမြင်များကို မေးမြန်းထားမှုများမှ အကြောင်းအရာအချို့အား ထုတ်နှုတ်ဖော်ပြ အပ်ပါသည်။

 

မေး - လက်ရှိ COVID ရောဂါကြောင့် ရွေးကောက်ပွဲ ရွှေ့ဖို့ ပြောကြတာတွေရှိပေမဲ့ ရွှေ့ရင် မဲစာရင်းစိစစ်တာ တွေ ပြန်လုပ်ရမယ်ဆိုတဲ့ အကြောင်းပြချက်တွေရှိတော့ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ - ကျွန်တော်ကိုယ်တိုင်လည်း ပြောခဲ့တာ ရှိတယ်။ ပြီးတော့ ကျွန်တော်တို့ပါတီက အ ခြားသော ရင်ဘတ်ခြင်းတူတာတွေစုပြီး ပြောခဲ့တာတွေရှိတယ်။ အခြားသော ပါတီခေါင်းဆောင်တွေကလည်း ပြောခဲ့တာတွေရှိတယ်။ တချို့ကလည်း ဒီအပေါ်မှာ ပြန်ပြီးစဉ်းစား သုံးသပ်ပေးကြဖို့။ တချို့ကလည်း ဥပဒေ ဘောင်ထဲက ဘယ်လောက်ထိတော့ ရွှေ့လို့ ရတယ်ဆိုတာ ပြောခဲ့တာရှိတာပေ့ါ။ သို့သော် လည်း အာဏာရပါတီဘက်ကတော့ မရွှေ့ဘူး ဆိုတဲ့စကားက တိတိကျကျ ပြောထားပြီးဖြစ် တော့ ဒီတိုင်းပဲသွားမယ်ဆိုတဲ့ သဘောတော့ ရှိတယ်။ ရွှေ့လိုက်ရင် အသက် ၁၈ နှစ်ပြည့်တဲ့ မဲစာရင်းတွေ တွက်ရချက်ရ ခက်ခဲလိမ့်မယ်လို့ မေးခွန်းမှာပြောတာ ကြားလိုက်တယ်ပေ့ါ နော်။ ဒါလည်း အကြောင်းပြချက်တစ်ခုပေါ့။ ဒါလည်း မပါဘူးလားဆိုတော့ ပါတော့ပါနိုင် ပါတယ်။ သို့သော်လည်းပဲ စတင်ပြီးတော့ ရွေးကောက်ပွဲကို စဉ်းစားကတည်းက ဒီနေ့ ဒီအချိန်မှာ ကြိမ်းသေလုပ်နိုင်တယ်ဆိုတဲ့ဟာ တွေအစား ဘယ်တော့ဖြစ်ဖြစ် Plan-A ၊ Plan- B၊ Plan-C ဆိုတာ ရှိသင့်တယ်လေ။ အကြောင်းကြောင်းကြောင့်Plan –A မဖြစ်ရင် Plan-B ကို ဘယ်လိုလုပ်မလဲ။ အဲဒီ Plan-C အတွက် လိုတဲ့အချက်အလက်တွေက ဘာတွေလဲ။ Plan –A မဖြစ်ရင် Plan -B ဘယ်လို လုပ်မလဲ။ ဒါတွေဟာ နိုင်ငံမှာ စီမံကိန်းဆွဲတဲ့ သူတွေအတွက် ရှိပြီးသားကိစ္စတွေဖြစ်တယ်။ ဆိုတော့ မဲစာရင်းတစ်ခုတည်းကြောင့်တော့ ဒီအကြောင်းပြချက်ကတော့ မခိုင်လုံဘူးလို့ မြင်တယ်။ နောက်တစ်ခုက ဆိုပါစို့။ ရွေး ကောက်ပွဲကျင်းပမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့မှာ ၁၈ နှစ်ပြည့်တဲ့သူ နောက်ကို တစ် လရွေ့တယ်ဆိုရင် နောက်တစ်လမှာ ၁၈ နှစ် ပြည့်တဲ့သူတွေဟာ ကွန်ပျူတာနဲ့ လုပ်ထား တယ်ဆိုရင် ဒါဟာ ဆွဲထုတ်လိုက်ရင် လွယ် လွယ်လေးပဲ။ ဒါတွေက နိုင်ငံတော်မှာ ရှိပြီး သားဆိုတော့ ပြောမယ်ဆိုရင်တော့ ပြောလို့ ရတယ်။ အကြောင်းပြချက်တစ်ခုတော့ မှန် တယ်။ သို့သော်လည်း ဒီတစ်ခုတည်းကြောင့် ရွှေ့တယ်ဆိုတဲ့ အပေါ်မှာတော့ မေးခွန်းထုတ် စရာဖြစ်တယ်လို့ ပြောချင်တယ်။ ကျွန်တော် တို့အထင် သုံးသပ်ချက်ကို ပြောရမယ်ဆိုရင် တော့ အထူးသဖြင့်ပေ့ါနော်။ တည်ဆဲဖွဲ့စည်း ပုံ အခြေခံဥပဒေတွေရဲ့အပေါ်မှာ စိုးရိမ်စိတ် တွေရှိတယ်လို့မြင်တယ်။ ဘာဖြစ်လို့ လုပ် ချင်လဲဆိုတဲ့ စိုးရိမ်စိတ်သည် ဖွဲ့စည်းပုံအခြေ ခံဥပဒေဆိုင်ရာအပေါ်မှာ စိုးရိမ်စိတ်ရှိနေ သလားလို့ သုံးသပ်ရတယ်။ အချိန်မီမဖြစ်နိုင် ဘူးဆိုရင် အရေးပေါ်အခြေအနေဆိုင်ရာ ပြဋ္ဌာန်းချက်ကိုများ ပူပင်သောကဖြစ်နေသ လားလို့ ဒီလို သုံးသပ်ရတယ်။ ဒါကြောင့် ကြို ပြောပါတယ်။ ဘောင်ထဲမှာ ရွှေ့လို့ရတာမျိုး လုပ်ပေးပါ။

မေး - မဲဆွယ်ကာလမှာ လူစုလူဝေးကိစ္စနဲ့ပတ်သက်ပြီး တခြားပါတီ ထောက်ခံသူတွေက လူစုလူဝေးနဲ့ လှည့် လည်တာတွေရှိသလို အန်ကယ်တို့ပါတီမှာလည်း ရှိတယ် ပေါ့နော်။ ကိုဗစ်ကာလမှာ ဒါက အန္တရာယ်များတော့ အန်ကယ်တို့အနေနဲ့ ကိုယ့်ပါတီထောက်ခံသူတွေကို ဘယ်လိုလုပ်ဆောင်ဖို့ ပြောဆိုထားတာမျိုးရှိလား။

ဖြေ - ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီကိစ္စကို မကြိုက်ပါဘူး။ တချို့ပါတီဝင်တွေ မပါပေ မယ့်လို့ ဝန်းရံသူတွေဆိုပြီးတော့ အင်အားနဲ့ လုပ်နေတာတွေလည်းရှိတယ်။ အခုထိ ရှိနေ တာပါ။ ဒါကိုလည်း မလုပ်စေချင်ပါဘူး။ ဝန်း ရံတဲ့သူတွေအတွက်ကတော့ ကျေးဇူးတင်ပါ တယ်။ ကိုယ့်ကို ထောက်ခံတဲ့သူတွေကို လေး လည်း လေးစားပါတယ်။ သို့သော်လည်း တစ် ဖက်က စိုးရိမ်စရာက သူတို့အတွက်လည်း စိုးရိမ်စရာရှိတယ်လေ။ ရောဂါဖြစ်မှာ စိုးရိမ် စရာဖြစ်တယ်။ တစ်ဖက်ကလည်း အမိန့်ညွှန် ကြားချက်တွေကို ဖောက်ဖျက်ရာလည်း ကျ တယ်။ တစ်ဖက်ကလည်း ပြည်သူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်မှာကျတယ်။ ဒါ ကြောင့် ဒီလိုအခြေအနေကြောင့် မလုပ်ဖို့ တားမြစ်သော်လည်းပဲ တစ်ဖက် အာဏာရ ပါတီကလည်း ပြောတယ် ဝန်းရံသူတွေပါတဲ့။ ကျွန်တော်တို့ကလည်း ဒီလိုပဲ ပြောနေတာ ပေ့ါလေ။ ဒီဟာက တကယ်တမ်း စဉ်းစား ကြည့်မယ်ဆိုရင် ပါတီအလံပါနေတော့ ပါတီ တွေမှာ တာဝန်ရှိနေပါတယ်။ တားရမှာပါ။ တားပါတယ်။ ကျွန်တော်တို့။ သို့သော်လည်းပဲ ကိုယ့်စရိတ်ကိုယ်စား ကိုယ့်အလုပ်ကိုယ်လုပ် ထောက်ခံတဲ့ ပြည်သူတွေကို ကျေးဇူးတင် နေရသော်လည်းပဲ မပြောရက်သလို ဖြစ်တာ ပေ့ါ။ ဒီနေရာမှာ ဘာလုပ်ဖို့လိုလဲဆိုတော့ အမိန့်ထုတ်ဖို့လိုပါတယ်။ ကိုင်တွယ်လို့ မရတဲ့ ဟာတွေ ကိုင်တွယ်ဖို့ အားနာရတဲ့ဟာတွေ အကြောင်းအမျိုးမျိုးကြောင့် ထိန်းရသိမ်းရ ခက်တဲ့ဟာတွေမှာ တာဝန်ရှိတဲ့ အဖွဲ့အစည်း က အမိန့်ထုတ်ဖို့လိုတာပေ့ါ။ ဥပမာ နိုင်ငံ တော်အစိုးရကနေပြီးတော့ ဒီလိုအခြေအနေ မျိုးမှာ ဒါမှမဟုတ်လည်း UEC က ပါတီဝန်းရံ တဲ့သူများ အန္တရာယ်ရှိတယ်။ ပြည်သူတွေမှာ လည်း အန္တရာယ်ရှိတယ်။ အဲဒီတော့ ဒီနေ့ ဒီရက် ဒီချိန်ကစပြီး ဒါတွေကို ရပ်လိုက်ပါ တော့လို့ ပန်ကြားပါတယ်။ အမိန့်ထုတ်လိုက် ပါ။

မေး - လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်နဲ့ပတ်သက် လို့ ဝေဖန်မှုတွေ ရှိတယ်ပေ့ါနော်။ ဒီအပေါ်မှာ ၂၀၁၅ ရွေးကော်နဲ့ယှဉ်ရင် ဘယ်လိုအားချက်တွေ ရှိနေတယ် လို့ မြင်လဲ။

ဖြေ - ရွေးကောက်ပွဲကော်မရှင်က လွတ်လပ် ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် အဓိကကျတဲ့  Independent Body သူ့မှာ ဘယ်သူမှ လွှမ်းမိုးလို့မရဘူး။ ဒါအခြေခံဥပဒေ မှာလည်း ပါပြီးသား။ ရွေးကောက်ပွဲဥပဒေမှာ လည်းပါပြီးသား။ သူနဲ့ ပတ်သက်ဆက်နွှယ်နေ တဲ့ အဖွဲ့အစည်းက နိုင်ငံရေးပါတီရှိတယ်။ မဲဆန္ဒရှင် ပြည်သူတွေရှိတယ်။ နိုင်ငံတော် အစိုးရရှိတယ်။ မဲဆန္ဒရှင်ပြည်သူတွေ တိုက် ရိုက်ဆက်သွယ်လို့ မရတဲ့အတွက်ကြောင့် မဲဆန္ဒရှင် ပြည်သူတွေကိုယ်စား နိုင်ငံရေးပါတီ တွေနဲ့ ဆက်သွယ်ရတယ်။ ဆိုပါစို့ အရင် သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်းက ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ တွေနဲ့ အပြန်အလှန်ဆွေးနွေးတာပေ့ါ။ အဲဒါ ကျွန်တော်မှတ်မိသလောက် မှတ်တမ်းတွေမှာ ၁၅ ကြိမ်ရှိတယ်။ အပြန်အလှန်ဆွေးနွေးတာ နော်။ ယနေ့တော့ ဘယ်နှကြိမ်ဆွေးနွေးတယ် ဆိုတာ ကြေညာချက်တော့ မရှိဘူး။ အဲဒီထက် မများမှာတော့ ကြိမ်းသေတယ်။ အဲဒီထက် နည်းနေတယ်။ နောက် ဆွေးနွေးချက်တွေ တော်တော်များများကလည်း ပြောခွင့်မရဘူး။ ပြောတာကို နားထောင်ပြီး ပြန်လာရတယ်ဆို တာမျိုး ဖြစ်တယ်ပေ့ါ။ ဒီနေရာမှာကိုက လွတ် လပ်ပြီး တရားမျှတတဲ့ဟာမျိုး မဖြစ်နိုင်ဘူး။ နောက်တစ်ခု ရွေးကောက်ပွဲမှာ ဒိုင်တွေလို တာပေ့ါ။ ကြားကစောင့်ကြည့်မယ့် ဒိုင်တွေ လိုတယ်။ NGO တွေ လိုတယ်။ လွတ်လပ်မျှတ တဲ့သူတွေလိုတယ်။ အရင်အစိုးရလက်ထက် မှာလည်း ဒါတွေကို လွတ်လွတ်လပ်လပ် ပေး ခဲ့တာပဲလေ။ အခုကျတော့ ပေးမယ်ပြောလိုက် မပေးဘူးပြောလိုက် ကန့်သတ်ချက်တွေလုပ် လိုက် ဒါတွေလည်း ကြားနေကြမှာပေ့ါလေ။ ဒီအခြေအနေတွေဟာ လွတ်လပ်ပြီးတရား မျှတတဲ့ဟာမျိုး ဖြစ်ပါ့မလားဆိုတာ စိုးရိမ်စရာ ဖြစ်လာတယ်။ နောက်တစ်ချက် အရေးကြီး တာက မဲဆန္ဒရှင် မဲစာရင်းက အရေးကြီး တယ်။ ပထမတစ်ကြိမ် မဲစာရင်းထုတ်တယ်။ ထုတ်တော့ ကူးလို့မရဘူး။ သို့သော် တကယ့် မြေပြင်မှာကျတော့ ကူးလို့ရတဲ့ တိုင်းနဲ့ပြည် နယ် မြို့နယ်တွေ ရှိတယ်။ ကူးလို့မရတဲ့ နေရာ တွေမှာ မရဘူး။ ကျွန်တော်တို့ မြို့နယ်တွေဆို ကူးလို့မရဘူး။ သွားကြည့်လို့မရဘူး။ ကိုယ့် ဟာပဲ ကိုယ်ကြည့်လို့ရတယ်။ ဆိုတော့ မြန်မာ နိုင်ငံရဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေက ကိုယ့် နာမည်သွားကြည့်ရင် နာမည်လောက်ပဲ ကြည့်တာလေ။ အဲဒီမှာပါတဲ့ အဖေ၊ အမေ နာမည်တို့၊ နေတဲ့ရပ်ကွက်တို့ ဒီလိုတောင် သိပ်ကြည့်ကြတာ မဟုတ်ဘူး။ ကျွန်တော်တို့ လူတွေက ရိုးတာကိုး။ ဆိုတော့ မှန်ခြင်း မမှန် ခြင်း စိစစ်ပေးရမယ့် နိုင်ငံရေးပါတီက ငုတ် တုတ်ထိုင်နေရတယ်။ မဲစာရင်းလည်း သွား ကူးလို့ မရဘူး။ စစ်လည်း စစ်လို့မရဘူး။ အရင် ၂၀၁၅ တုန်းက ဒါတွေရှိတယ်။ ဆိုတော့ ကျွန် တော်တို့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍက ဒီမှာ လုံးဝမရှိဘူး။ အခု ဒုတိယအကြိမ် မဲစာ ရင်းထုတ်လာတယ်။ ထုတ်တော့ ဒီနေ့ထုတ် ပြီးတော့ ပေးတယ်။ ကျွန်တော်တို့ ဆိပ်ကြီး ခနောင်တိုဆို အဲ့ဒီနေ့ သွားယူတယ် မရဘူး။ နောက်နေ့မှ ယူပါ အမိန့်မရသေးဘူး။ ထောင် သောင်းချီတာတွေကို တစ်ရက်ဆို တစ်ရက် စစ်ရတာကိုး။ ပြည်သူတွေကို အသိပေးပေမဲ့ ပြည်သူတွေကလည်း COVID ကြောင့်သော် လည်းကောင်း အကြောင်းကြောင်းကြောင့် သော်လည်း စသည့်ဖြင့်ပေ့ါနော် သွားမကြည့် ကြဘူး။ နိုင်ငံရေးပါတီတွေက ဒိုင်ခံ စစ်ပေး ရတယ်။ ထွက်လို့ရလည်းမရ၊ လူတွေကလည်း စုလို့ကမရ။ မဲစာရင်း ပါခြင်း မပါခြင်းကို အ တော်ခက်တယ်။ ကျွန်တော်တို့ ဖျက်ကနဲ စစ်တာတောင်မှ သေတဲ့သူတွေ အဝေးရောက် နေတဲ့သူတွေ မဲပေးခွင့်ရှိတဲ့ ၁၅၀၀၀ ရှိတဲ့ နေရာမှာ တစ်ထောင်လောက်က အပိုပါနေ တယ်။ နောက်ထပ်လည်း ကျန်ချင်လည်း ကျန်မယ်။ မဲစာရင်းကိစ္စပဲဖြစ်ဖြစ် စည်းရုံး လှုပ်ရှားတဲ့ကိစ္စပဲဖြစ်ဖြစ် စောင့်ကြည့်လေ့ လာရေးကိစ္စတွေပဲဖြစ်ဖြစ် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လုပ်ရမယ့်အချက်လက် အချက် လက်တိုင်း ရှုထောင့်တိုင်းရှုထောင့်တိုင်းက အားရကျေနပ်မှု မရှိဘူး။ ဒါဟာ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲကို သွားပြီးထိခိုက် လိမ့်မယ်လို့ မြင်တယ်။ ဒါကြောင့်မို့ အခုချိန် ထိတော့ မေးစရာမေးခွန်းတွေ များနေပါတယ် လို့ ဒီလိုပြောခြင်းဖြစ်ပါတယ်။

မေး - COVID ကာလနဲ့ ယှဉ်တွဲပြီးပြုလုပ်မယ့် ရွေးကောက်ပွဲမှာ အောင်အောင်မြင်မြင ်ပြီးဆုံးဖို့ ဘယ်လို အကြံမျိုးပေးချင်လဲ။

ဖြေ - အောင်မြင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ကတော့ ဒိုင်က UEC ပါပဲ။ သူက သီးခြားလွတ် လပ်တဲ့  Independent Institution တစ်ခုဖြစ် တဲ့အတွက်ကြောင့် သူ့ရဲ့ဆောင်ရွက်ချက်တွေ သူ့ရဲ့ လုပ်ဆောင်ချက်တွေ သူ့ရဲ့ ညွှန်ကြား ချက်တွေ သူ့ရဲ့ အကောင်အထည်ဖော်မှုတွေ က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် အဓိကကျပါတယ်။ လွတ်လပ် ပြီး မျှတတဲ့ ရွေးကောက်ပွဲဖြစ်တာနဲ့အမျှ တိုင်းပြည်မှာ ပြည်သူရဲ့ရင်ထဲက အစစ်အ မှန်ဖြစ်တဲ့ အစိုးရထွက်လာတယ်။ အဲဒီအစိုးရ မှတစ်ဆင့် Good Governance တို့ Clean Government  တို့ဖြစ်အောင် အကောင်အ ထည် ဖော်သွားရမယ့်သဘောဖြစ်တာပေ့ါ။ အဲဒီတော့ UEC  က အဓိက။ UEC ကို ဝန်းရံ နေတဲ့အဖွဲ့တွေက နိုင်ငံရေးပါတီတွေ၊ မဲဆန္ဒ ရှင်ပြည်သူတွေ၊ နိုင်ငံတော်အစိုးရ ဒီအဖွဲ့တွေ နဲ့ ပေါင်းကူးစနစ်ဆက်သွယ်တဲ့စနစ် ဒီအဖွဲ့ တွေရဲ့အသံကို နားထောင်တဲ့စနစ် ဒါကို UEC က လုပ်ရမှာ။ ချုံ့ပြောရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့အ တွက်က UEC က အဓိက ဖြစ်နေတယ်။ UEC က ဒီပုံစံအတိုင်း လုပ်နေတယ်ဆိုရင်တော့ မေးခွန်းထုတ်စရာဖြစ်တယ်။ ဒါကြောင့်မို့ ပြင်စရာရှိတဲ့ လုပ်ငန်းတွေကို ပြင်ပြီးတော့ ကျန်တဲ့ ကာလလေးမှာ လွတ်လပ်ပြီးတရား မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ပေးပါ လို့ ဒီလိုပဲပြောချင်တယ်။               

Most Read

Most Recent