ပရီးမီးယားလိဂ်လူစာရင်းတွင် အိုဇေးလ် မပါဝင်ခဲ့၍ အာဆင်နယ်နှင့် သူ၏ဇာတ်လမ်း လုံးလုံးလျားလျားပြီးဆုံးသွားပြီဟု ဗြိတိန်မီဒီယာများ ဖော်ပြ

ပရီးမီးယားလိဂ်လူစာရင်းတွင် အိုဇေးလ် မပါဝင်ခဲ့၍ အာဆင်နယ်နှင့် သူ၏ဇာတ်လမ်း လုံးလုံးလျားလျားပြီးဆုံးသွားပြီဟု ဗြိတိန်မီဒီယာများ ဖော်ပြ
Published 22 October 2020

 ပြီးခဲ့သည့် အောက်တိုဘာ (၂၀) ရက် (အင်္ဂါနေ့)က အာဆင်နယ်အသင်းတင်သွင်းခဲ့သော ပရီးမီးယားလိဂ်ကစားသမား (၂၅)ဦးစာရင်းတွင် ဂျာမန်ကွင်းလယ်လူ အိုဇေးလ်၏အမည်မပါဝင်ခဲ့ရာ ဗြိတိန်သတင်းစာများက ၎င်းနှင့်အာဆင်နယ်အသင်း၏ ဇာတ် လမ်း လုံးလုံးလျားလျားပြီးဆုံးသွားခဲ့ပြီဟု ဖော်ပြခဲ့ကြသည်။

အိုဇေးလ်သည် ယခုနှစ်မတ်လကတည်းက အာဆင်နယ်အသင်းတွင် ပွဲကစားရခြင်းမရှိတော့ဘဲ အာဆင်နယ်အသင်းနည်းပြ အာတီတာက သူ့အား ယူရိုပါလိဂ်လူစာရင်းမှလည်း ချန်လှပ်ခဲ့သည်။

သို့ဖြစ်ရာ အာဆင်နယ်အသင်းတွင် အိုဇေးလ်အနေဖြင့် နောက်ထပ်ပွဲကစားရရန် အခြေအနေမရှိတော့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။

အိုဇေးလ်သည် ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပြန့်ပွားစဉ်အချိန်အတွင်း အသင်း၏ငွေရေးကြေးရေးအခက်အခဲကို လျော့ပါးစေရန်အတွက် ကစားသမားများက လစာလျှော့ယူရန် စီစဉ်ခဲ့ရာတွင် ယင်းအစီအစဉ်အား လက်မခံဘဲ ပယ်ချခဲ့သူဖြစ်သည်။

ယင်းနောက်ပိုင်းမှစတင်၍ အာဆင်နယ်အသင်းတွင် ၎င်း၏ပွဲကစားခွင့် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

 

Most Read

Most Recent