ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က မိမိသည် အသင်းမှကစားသမားများကို မကျေနပ်ချက်များထုတ်ဖော်နိုင်ရန် အစဉ်အမြဲလမ်းဖွင့်ထားသည်ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းတွင် ပုံမှန်ပွဲကစားခွင့်မရရှိသည့် ကစားသမားအချို့မှာ မပျော်မရွှင်ဖြစ်နေသည်ကို မိမိသိနားလည်ထားကြောင်း၊ ၎င်းတို့အား ဆိတ်ငြိမ်မနေစေဘဲ ရင်ထဲရှိသည်များကို ဖွင့်ပြောနိုင်ရန် လမ်းဖွင့်ပေးထားသည်ဟု လမ်းပတ်က ပြောကြားခဲ့သည်။
ထို့ပြင် လမ်းပတ်က ကစားသမား(၂၀)ကျော် ရှိသော အသင်းတစ်သင်းတွင် ပွဲကစားခွင့်ရရှိရေးအတွက် ကစားသမားအနေဖြင့် မိမိတတ်စွမ်းနိုင်သမျှ ကြိုးစားပြီး တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။