ဖင်လန် - အိုင်ယာလန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၄ ရက်၊ ည ၁၀:၃၀ နာရီ)
အိုင်ယာလန်ရဲ့အကောင်းဆုံးပုံစံကို မမြင်ရတာကြာပြီ။ အသင်းကလည်း မာကျောသလိုလိုနဲ့ ကျဆင်းနေပြီး၊ တိုက်စစ်ပိုင်းကလည်း ဂိုးတစ်ဂိုးသွင်းဖို့တောင် ခက်နေတယ်။ ဖင်လန်က အိုင်ယာလန်လောက် အင်အားမတောင့်ပေမယ့် ပထမအကျော့တုန်းက အနိုင်ကစားထားတယ်။ ဒီပွဲလည်း ဖင်လန်ကြိုက်တယ်။
အီတလီ - နယ်သာလန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁:၁၅ နာရီ)
ပထမအကျော့တုန်းက နယ်သာလန်ကွင်းမှာ အီတလီက အနိုင်ရခဲ့ပြီး ခြေစွမ်းပိုင်းလည်း သိသိသာသာ ပိုကောင်းခဲ့တာ အံ့ဩစရာပါ။ နယ်သာလန်ကို တိုက်စစ်ဦးစားပေး၊ အီတလီက ခံစစ်ဦးစားပေးမဟုတ်တော့ရင်တောင် ဟန်ချက်ညီမှုကို ဦးစား ပေးတဲ့အသင်းအဖြစ် တွေးခဲ့ပေမယ့် တကယ်တမ်းထိပ်တိုက်တွေ့တဲ့အချိန်မှာ Final Third Zone ကို အီတလီ လွှမ်းမိုးသွားပုံက ချီးကျူးစရာကောင်းတယ်။ အထူးသဖြင့် နယ်သာလန်ရဲ့ ညာခြမ်းကို ပစ်မှတ်ထားတိုက်ခိုက်သွားပြီး အင်ဆစ်ဂ်နီ အရမ်း ကောင်းခဲ့တာကိုတွေ့ရတယ်။ ဒီပွဲက အီတလီမြေမှာပါ။ အဝေးကွင်းမှာနိုင်လို့ အိမ်ကွင်းမှာ ပိုကောင်းနိုင်တယ်တော့ ပြောလို့ မရပါဘူး။ ဒါပေမဲ့ အီတလီရဲ့လက်ရှိခြေစွမ်းကြောင့် အီတလီကိုပဲ ပိုကြိုက်ပါတယ်။
ပိုလန် - ဘော့စနီးယား (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁:၁၅ နာရီ)
နှစ်သင်းစလုံးအသင်းကောင်းတွေပါ။ ဒါပေမဲ့ ပိုလန်က ပို ကောင်းတဲ့အသင်းဖြစ်သလို၊ ထိပ်တန်းကစားသမားတွေလည်း အများကြီးရှိနေတယ်။ တည်ငြိမ်တဲ့ Form ကို ထိန်းလာခဲ့တာလည်း ကြာပြီ။ ဘော့စနီးယားက ပွဲကောင်းတွေမှာ အားပျော့ပါ တယ်။ ပိုလန် အနိုင်သေချာတယ်။
အင်္ဂလန် - ဒိန်းမတ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁:၁၅ နာရီ)
အင်္ဂလန်ရဲ့ခံစစ်ပိုင်းကတော့ တော်တော်လေးကောင်းပါတယ်။ ဝေးလ်စ်နဲ့ပွဲက ခြေစွမ်းက အားရစရာလည်းကောင်းတယ်။ ဒါပေမဲ့ ဒိန်းမတ်မြေမှာ သရေကျခဲ့တဲ့ပွဲတုန်းက အားရစရာမရှိဘူး။ ဒိန်းမတ်ကလည်း တိုက်စစ်ပိုင်း အားရစရာမရှိတာကို တွေ့ရတယ်။ အင်္ဂလန်နိုင်ပွဲတော့ ရပါလိမ့်မယ်။
အိုက်စလန် - ဘယ်လ်ဂျီယံ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁:၁၅ နာရီ)
ဘယ်လ်ဂျီယံက Nations League ပွဲတွေမှာ ကစားပုံ အရမ်းကောင်းပြီး ရလဒ်တွေလည်း ကောင်းနေတယ်။ တိုက်စစ်ပိုင်းကလည်း ဘယ်အတွဲအဖက်နဲ့ပဲ ပွဲထုတ်ထုတ် ခြေစွမ်းပြနိုင်တာတွေ့ရတယ်။ အိုက်စလန်က ဘယ်လ်ဂျီယံကို ယှဉ်နိုင်စရာမရှိပါဘူး။ ဘယ်လ်ဂျီယံပဲ ဂိုးပြတ်သွင်းမယ်။
ခရိုအေးရှား - ပြင်သစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁:၁၅ နာရီ)
ခရိုအေးရှားက ခြေစွမ်းနည်းနည်းကျသွားတာတော့ သိသာတယ်။ အဓိကအားဖြင့်တော့ အသင်းက အားထားရတဲ့သူတွေက သက်ကြီးပိုင်းများပြီး၊ လူငယ်တွေထဲမှာ ကစားသမားကောင်းတွေရှိပေမယ့် လက်ရွေးစင်အသင်းမှာ ခြေနည်းနည်းပျက်နေတာကြောင့်ပဲ ပြောရမယ်။ ပိုဆိုးတာက ခံစစ်ပြဿနာပါ။ အထလေးပြီး၊ တစ်ဦးချင်းထိန်းချုပ်ပုံ အားနည်းနေတယ်။ လွန်ခဲ့တဲ့ (၂) နှစ်၊ (၃) နှစ်လောက်က စုဖွဲ့မှုမျိုးမတွေ့ရဘူး။ ဒါကြောင့် တစ်ဦးချင်းကောင်းတဲ့ တိုက်စစ်ပိုင်းနဲ့ ရင်ဆိုင်တဲ့အခါ ခရိုအေးရှား ပြဿနာဖြစ်နေတယ်။ ပြင်သစ်မှာ မြန်နှုန်းမြင့်ပြိး၊ မာကျောတဲ့ကစားသမားတွေအများကြီးပါတယ်။ ခရိုအေးရှားအတွက် ခက်ခဲတဲ့ ပြိုင်ဘက်မျိုးလည်းဖြစ်နေတယ်။ ပြင်သစ်ကိုပဲ ကြိုက်တယ်။
ပေါ်တူဂီ - ဆွီဒင် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁:၁၅ နာရီ)
ဆွီဒင်က မာကျောပြီး ခက်ခဲတဲ့ ပြိုင်ဘက်မျိုးပါ။ ဒါပေမဲ့ လက်ရှိ ပေါ်တူဂီရဲ့ခြေစွမ်းက တော်တော်လေး ကောင်းမွန်နေပြီး၊ တစ်ဦးချင်းရော၊ အုပ်စုဖွဲ့ကစားပုံပါ အရည်အသွေးမြင့်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ ဆွီဒင်နဲ့ သိပ်မကွာခဲ့ပေမယ့် အခုအချိန်မှာတော့ ပေါ်တူဂီနိုင်ဖို့ သေချာတဲ့ပွဲလို့ ပြောရမယ်။
နော်ဝေ - မြောက်အိုင်ယာလန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁:၁၅ နာရီ)
နော်ဝေက ခြေစွမ်းတက်နေပေမယ့် Play-offs မှာတော့ ဆားဘီးယားကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးခဲ့တယ်။ ဒါပေမဲ့ ခြေစွမ်းက မညံ့ခဲ့ပါဘူး။ လက်ရှိ လူအင်အားအရဖြစ်စေ၊ ခြေစွမ်းအရဖြစ်စေ နော်ဝေက ပိုကောင်းပါတယ်။ နော်ဝေပဲ နိုင်ပွဲရလိမ့်မယ်။
ရိုမေးနီးယား - ဩစတြီးယား (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁:၁၅ နာရီ)
ပထမအကျော့တုန်းက ဩစတြီးယားကွင်းမှာ ရိုမေးနီးယားက (၃-၂)နဲ့ နိုင်ခဲ့တာ အံ့ဩဖို့ကောင်းတယ်။ ပုံမှန်အားဖြင့် ရိုမေးနီးယားက ဩစတြီးယားကို မမီသလို၊ တိုက်စစ်ကလည်း ဒီလောက်ဂိုးသွင်းလေ့မရှိပါဘူး။ ဒီပွဲတော့ ရိုမေးနီးယားကွင်း ဆိုပေမယ့် ဩစတြီးယားပြန်အနိုင်ယူမယ်ထင်တယ်။
စကော့တလန် - ချက် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁:၁၅ နာရီ)
စကော့တလန်က နောက်ဆုံးကစားခဲ့တဲ့ နှစ်ကြိ်မ်မှာ ချက်အသင်းရဲ့ကွင်းမှာချည်းပဲ အနိုင်ယူခဲ့တယ်။ အခု ဒီပွဲက အိမ်ကွင်းမှာ ကစားရမှာဖြစ်သလို စကော့တလန်ရဲ့ ရလဒ်ပိုင်းကလည်း တက်နေတယ်။ လက်ရှိစုဖွဲ့မှုကလည်း ချက်ထက်ပိုကောင်းပါတယ်။ စကော့တလန်ပဲ ကြိုက်တယ်။
ဆလိုဗက်ကီးယား - အစ္စရေး (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁:၁၅ နာရီ)
အစ္စရေးက ဒီအုပ်စုမှာ နှစ်ပွဲကစားထားပြီး နှစ်ပွဲစလုံး သရေယူနိုင်ခဲ့တယ်။ ဆလိုဗက်ကီးယားနဲ့ သရေကျခဲ့သလို၊ အားကောင်းတဲ့ စကော့တလန်နဲ့လည်း သရေကစားခဲ့တယ်။ ဒီပွဲလည်း သရေကျဖို့များပါတယ်။
ရုရှား - ဟန်ဂေရီ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁:၁၅ နာရီ)
ဟန်ဂေရီက အိမ်ကွင်းမှာတုန်းက (၃)ဂိုးပြတ်ရှုံးနိမ့်နေပြီးမှ နှစ်ဂိုးတော့ ပြန်သွင်းနိုင်ခဲ့တယ်။ တကယ်တော့ ရုရှားကို ဟန်ဂေရီ ယှဉ်ကစားနိုင်ဖို့ခက်ပါတယ်။ ရုရှားကွင်းမှာဆိုတော့ ပိုဆိုးတယ်။ ရုရှားပဲ နိုင်လိမ့်မယ်။
တူရကီ - ဆားဘီးယား (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁:၁၅ နာရီ)
တူရကီရဲ့ခြေစွမ်းက သိသိသာသာတက်လာတယ်။ ခံစစ် မှာ ဒီမီရယ်လ်-ဆိုယွန်ဂျူတို့လိုကစားသမားကောင်းတွေရှိသ လို၊ အသင်းခေါင်းဆောင် ချာဟာနိုဂလူကလည်း အသင်းကို ထိန်းချုပ်နိုင်တယ်။ ဆားဘီးယားက နော်ဝေနဲ့ကစားခဲ့တဲ့ Play-offs ပွဲမှာ ကစားတာ တော်တော်ကောင်းပါတယ်။ ဒါပေမဲ့ တူရကီကိုပဲ ပိုကြိုက်မိတယ်။
ဘူလ်ဂေးရီးယား - ဝေးလ်စ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁:၁၅ နာရီ)
ခြေစမ်းပွဲမှာ အင်္ဂလန်ကို ဂိုးပြတ်ရှုံးခဲ့တာကလွဲရင် လက်ရှိ ဝေးလ်စ်ရဲ့ခြေစွမ်းက အားရစရာပါ။ Nations League မှာလည်း အဖွင့်နှစ်ပွဲစလုံး အနိုင်ကစားထားတယ်။ ဘူလ်ဂေးရီးယားကို အိမ်ကွင်းမှာတုန်းက ကပ်နိုင်ခဲ့သလိုပဲ အခုလည်း အဝေးကွင်းမှာ နိုင်ပွဲယူဦးမယ်။
မက်ဆီဒိုးနီးယား - ဂျော်ဂျီယာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁:၁၅ နာရီ)
မက်ဆီဒိုးနီးယားနဲ့ ဂျော်ဂျီယာက တော်တော်လေး ခြေစွမ်းညီပါတယ်။ ပထမအကျော့တုန်းကလည်း ဂျော်ဂျီယာကွင်းမှာ သရေကစားခဲ့တယ်။ ခြေကတော့ ကွာတယ်။ ဂျော်ဂျီယာနိုင်ခဲ့သင့်တာပါ။ ဒီပွဲလည်း ဂျော်ဂျီယာ မရှုံးနိုင်ဘူး။
ဂရိ - ကိုဆိုဗို (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁:၁၅ နာရီ)
ကိုဆိုဗိုကွင်းမှာတုန်းက ကိုဆိုဗိုက ခြေသာပြီး အခွင့်အရေးက အပြန်အလှန်ရခဲ့တယ်။ နှစ်သင်းစလုံး ပုံစံကောင်းပြခဲ့ပြီး ဂရိက အဆုံးသတ်ပိုသေချာလို့ နိုင်သွားတာပါ။ ဒီပွဲလည်း အကြိတ်အနယ်ရှိနိုင်တယ်။ ဒါပေမဲ့ ဂရိ နည်းနည်းလေး အလေး သာပါတယ်။ ဂရိ သရေနဲ့ အနိုင်ပဲ။
မော်လ်ဒိုဗာ - ဆလိုဗေးနီးယား (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁:၁၅ နာရီ)
ဆလိုဗေးနီးယားက ပထမအကျော့မှာတုန်းက မော်လ်ဒိုဗာကွင်းမှာ ခက်ခက်ခဲခဲကစားပြီး အနိုင်ရခဲ့တယ်။ (၅-၄-၁)နဲ့ ကစားတဲ့ မော်လ်ဒိုဗာကို ကျော်ဖြတ်ရတာ မလွယ်ပါဘူး။ ဒီပွဲလည်း သရေကျသွားနိုင်တယ်။
ဘီလာရုစ် - ကာဇက်စတန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁:၁၅ နာရီ)
ဒီအုပ်စုကတော်တော်လေး အင်အားမျှပြီး ပွဲတိုင်းက မှန်းဆရခက်ပါတယ်။ အင်အားချင်း မကွာပေမယ့် ကာဇက်စတန်က ဘီလာရုစ်ထက် ပိုမာကျောပါတယ်။ ဒီပွဲလည်း ဘီလာရုစ်ရဲ့ကွင်းဆိုပေမယ့် သရေကျသွားနိုင်ပါတယ်။
■ အခြားပွဲစဉ်များ
လစ်သူယေးနီးယား - အယ်လ်ဘေးနီးယား* (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၄ ရက်၊ ည ၁၀:၃၀ နာရီ)
*အက်စ်တိုးနီးယား - အာမေးနီးယား (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁:၁၅ နာရီ)