အင်တာမိုင်ယာမီအသင်းတွင် အစ်ကိုဖြစ်သူနှင့် ဟီဂွါအင် အတူတွဲဖက်ကစားခွင့်ရရှိမည်

အင်တာမိုင်ယာမီအသင်းတွင် အစ်ကိုဖြစ်သူနှင့် ဟီဂွါအင် အတူတွဲဖက်ကစားခွင့်ရရှိမည်
Photo: Goal
Photo: Goal
Published 12 October 2020

ဂျူဗင်တပ်စ်အသင်းမှ အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းသို့ ပြောင်းရွှေ့ခဲ့သည့် အာဂျင်တီးနားတိုက်စစ်မှူး ဂွန်ဇာလိုဟီဂွါအင်သည် အစ်ကိုဖြစ်သူ ဖက်ဒရစ်ကိုဟီဂွါအင်နှင့် အတူတွဲဖက်ကစားခွင့် ရရှိတော့မည်ဖြစ်ကြောင်း သိရှိရသည်။

ဖက်ဒရစ်ကိုဟီဂွါအင်(၃၅ နှစ်)သည် မေဂျာလိဂ်တွင် ကျင်လည်နေသည့် ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးပင်ဖြစ်ပြီး ဒီစီယူနိုက်တက်အသင်းတွင် ကစားသမား-နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်နေရာမှ ယခုလတွင် အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မေဂျာလိဂ်တစ်သင်းတည်းတွင် အတူတွဲကစားခွင့်ရသည့် (၁၈)တွဲမြောက် ညီအစ်ကိုကစားသမားများအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

တစ်ချိန်က ရေးဗားပလိတ်အသင်းတွင် အတူတွဲကစားခဲ့ဖူးသည့် အစ်ကိုဖြစ်သူနှင့် ပြန်လည်တွဲဖက်ခွင့်ရခြင်းအတွက် ဟီဂွါအင်က ''ကစားသမားဘဝကို တစ်သင်းတည်းမှာ အစပြုခဲ့တဲ့ အစ်ကိုနဲ့ ပြန်တွဲကစားခွင့်ရမယ့်အခြေအနေအတွက် ကျွန်တော် အလွန်ပျော်ရွှင်မိပါတယ်'' ဟု ပြောကြားခဲ့သည်။

ဖက်ဒရစ်ကိုဟီဂွါအင်သည် တိုက်စစ်မှူးအဖြစ်ရော ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ်ပါ ကစားလေ့ရှိသူဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent