မန်ယူအသင်းတွင် နည်းပြဆိုးလ်ရှားနှင့် ဘရူနိုဖာနန်ဒက်စ်အကြား ပြဿနာရှိနေသည်ဆိုခြင်းကို မန်ယူတာဝန်ရှိသူတစ်ဦး ပယ်ချ

မန်ယူအသင်းတွင် နည်းပြဆိုးလ်ရှားနှင့် ဘရူနိုဖာနန်ဒက်စ်အကြား ပြဿနာရှိနေသည်ဆိုခြင်းကို မန်ယူတာဝန်ရှိသူတစ်ဦး ပယ်ချ
Published 12 October 2020

မန်ယူအသင်းတွင် နည်းပြဖြစ်သူ ဆိုးလ်ရှားနှင့် ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်တို့အကြား မပြေလည်သည့် ပြဿနာရှိနေသည်ဆိုခြင်းကို မန်ယူအသင်းအတွင်းလူတစ်ဦးက ငြင်းဆန်ပယ်ချခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၄)ရက်နေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူ(၁-၆)စပါးပွဲတွင် ပထမပိုင်းအပြီး၌ လူစားလဲခံခဲ့ရခြင်းအတွက် ဘရူနိုဖာနန်ဒက်စ်သည် နည်းပြ ဆိုးလ်ရှားကို ဒေါသထွက်ခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

ယင်းပွဲတွင် မန်ယူအသင်းသည် အိမ်ကွင်း၌ ကစားရသော်လည်း ပထမပိုင်း၌ပင် (၁-၄)ဂိုးဖြင့် ရှုံးနိမ့်နေပြီး ဆိုးလ်ရှားက ဒုတိယပိုင်းမစမီ ကစားသမားအပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းအတွင်းလူတစ်ဦးက''ဒါဟာ အသင်းမှာ ပြဿနာတစ်ခု မဟုတ်ပါဘူး။ ကစားသမားတွေဆိုတာ တစ်ခါတစ်ရံမှာ သူတို့ရဲ့ အမြင်တွေကို ဒီလိုပဲ ထုတ်ဖော်တတ်ကြပါတယ်''ဟု ပြောကြားခဲ့သည်။

ယင်းပွဲတွင် ပထမပိုင်းအပြီး၌ အဝတ်လဲခန်းသို့သွားရာလမ်းတစ်လျှောက်တွင် ဘရူနိုဖာနန်ဒက်စ်သည် ဒေါသပေါက်ကွဲပြီး အော်ဟစ်ခဲ့သည်ကို တွေ့ခဲ့ ရကြောင်း လည်း မန်ယူအသင်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Most Read

Most Recent