ကူးစက်ရောဂါဗေဒ အကြံပေးပညာရှင် ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ကူးစက်ရောဂါဗေဒ အကြံပေးပညာရှင် ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်းနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 11 October 2020
အိသဥ္ဇာကျော်

“မြန်မာနိုင်ငံရဲ့အခြေအနေက ဆိုးနေတုန်းပဲလို့ အကြမ်းဖျင်းပြောလို့ရပေမဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်မှုကြောင့် Test Positive Rate တွေ တဖြည်းဖြည်းကျလာတယ်။ဒါကြောင့် ဒီအချိန်က ရောဂါထိန်းချုပ်ဖို့ Critical Period ဖြစ်တယ် ”

 

 

  အောက်တိုဘာ ၉ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့လူနာ ၂၃၀၀၀ ကျော်၊ သေဆုံးသူ ၅၆၀ ကျော်ရှိနေပြီဖြစ်သည်။ လက်ရှိ ရောဂါပြောင်းလဲမှုဖြစ်စဉ်ကြောင့် ဗဟိုအဆင့်ပြည်သူ့ဆေးရုံကြီးများသို့  အသက်ရှူမဝ၍ လာရောက်ပြသသူ လူနာဦးရေ သိသိသာသာများပြားနေရာ ကပ်ရောဂါဗေဒအခြေအနေအရ လက်ရှိမြန်မာနိုင်ငံ၏ COVID-19ရောဂါဖြစ်ပွားသေဆုံးမှုအနေအထားနှင့်ပတ်သက်၍ သိရှိနိုင်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ နည်းပညာကူညီပံ့ပိုးအားဖြည့်ပေးရေးအဖွဲ့ဝင်၊ ကူးစက်ရောဂါဗေဒအကြံပေးပညာရှင်၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်းနှင့် ဆက်သွယ်မေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။

 

မေး -လက်ရှိ ရန်ကုန်တိုင်းမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လုပ်ဆောင်နေတဲ့ COVID-19 ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေကို ဦးဆုံးပြောပြပေးပါ။

ဖြေ - အခု ကျွန်တော်တို့ လုပ်နေတဲ့  Strategy  က ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ အမြဲတမ်း ပြောပြောနေတဲ့ Containment Strategy COVID-19 ဆိုတာပါ။ ဒါက ဘာကိုပြောတာလဲ ဆိုတော့ ရောဂါဖြစ်တဲ့သူတစ်ယောက်ကနေ ပြီးတော့ တခြားသူတွေကို ကူးစက်မှုမရှိ အောင် ထိန်းချုပ်တဲ့ နည်းဗျူဟာကို ဆိုလို တာပါ။ အခု ရန်ကုန်တိုင်းမှာ ဆောင်ရွက် နေတာကတော့ Community Containmnet Strategy COVID-19 ပါ။ တစ်ယောက်ချင်း တစ် ယောက်ချင်းတင်မဟုတ်ဘဲနဲ့ တစ်အိမ်ချင်း တစ်ရပ်ကွက်ချင်း Containment at Home, Containmnet at Village, Containment at Township ပေါ့။ မြို့နယ်တစ်ခုချင်း ဒီရော ဂါတွေကို ထိန်းချုပ်တဲ့နည်းကိုသာသုံးနေတာ ပေါ့။ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အ တွက်က အတည်ပြုလူနာကနေ နောက်တစ် ယောက်ကို ကူးပြီးတော့ အဲဒီလူကနေ ဆက် စပ်ကူးသွားနိုင်တယ် ဒီ COVID-19 က။ ဒါ ကြောင့်မို့  COVID-19လူနာတစ်ယောက် ရှိတယ်ဆိုရင် သူကနေ အနည်းဆုံး သုံး ယောက်ကို ကူးနိုင်တယ်။ အဲဒီသုံးယောက်က နေတစ်ခါ ပွားပြီးတော့ ကိုးယောက်တို့၊ ၁၈ ယောက်တို့၊ ၂၇ ယောက်တို့ မထိန်းရင် ပြန့် သွားနိုင်တယ်။ ဒီလို ပြန့်သွားနိုင်တဲ့အတွက် COVID-19 ပိုးတွေ့လူနာတွေချည်းပဲ ထိန်း ချုပ်လို့မရဘူး။ သူနဲ့အနီးကပ်ထိတွေ့ခဲ့သူတွေ ကပါ ကူးနိုင်တယ်။ ဒါကြောင့် အလုံပိတ်အ ခန်းထဲမှာနေပြီး ရောဂါပိုးတစ်ယောက်ဆီမှာ တွေ့တယ်ဆိုရင် အကုန်လုံး အများစုကို ကူး စက်သွားတဲ့ သာဓကတွေလည်း တွေ့နေရ တယ်။  ကူးစက်မှုက ပတ်ဝန်းကျင်အခြေအနေ ပေါ်မှာ မူတည်ပြီးတော့ တအားမြန်တယ်။ ဒါကြောင့် ရောဂါအတည်ပြုသူတွေနဲ့ ထိ တွေ့ခဲ့သူတွေကို Contact Tracing  လုပ်ပြီး ရှာတယ်။ ဒါ တွေကို ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ဌာနပေါင်းစုံ၊ လုပ်အားပေးတွေနဲ့ သေချာလိုက်ရှာပြီး သူတို့ကိုပါ Quarantine မှာ ခေါ်ထားရတယ်။ Quarantine ဆိုတာက တော့ ရောဂါဖြစ်နိုင်ခြေအများဆုံးရှိတဲ့သူ တွေကို တခြားသူကို ကူးမှာစိုးလို့ တစ်နေရာ တည်းမှာခေါ်ထားပြီးတော့ စောင့်ကြပ်ကြည့် ရှုထားတာပေါ့။ တကယ်တမ်း သူတို့က ရောဂါ လက္ခဏာတွေ မပြသေးဘူး။ ဒါကြောင့် တချို့ က ခေါ်ရင် မလိုက်ချင်ကြဘူး။ တကယ်တမ်း ခေါ်ရတဲ့ရည်ရွယ်ချက်က သူတို့သည် ရောဂါ ကူးစက်နိုင်မှုအခွင့်အရေး အများဆုံးရှိနေ တယ်။ သူတို့ကို အဲဒီလို Quarantine မထား ဘဲနဲ့ အိမ်မှာပဲထားလိုက်ရင် မလိုအပ်ဘဲနဲ့ အိမ်မှာရှိတဲ့မိသားစုတွေကို ကူးစက်သွားလိမ့် မယ်။ အိမ်မှာရှိတဲ့မိသားစုမှာမှ ခုနကလို အသက်ကြီးသူတွေ၊ နာတာရှည် ရောဂါအခံ ရှိသူတွေ၊ ဆီးချို၊သွေးချို၊ နှလုံးရောဂါရှိသူ တွေ အဲဒီလူတွေက အသက်အန္တရာယ် ပိုပြီး တော့ စိုးရိမ်ရတဲ့အနေအထားရှိတယ်။ ဒါ ကြောင့် ထိတွေ့ခဲ့တဲ့သူတွေကို တစ်နေရာ တည်းမှာ ထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီနေရာမှာလည်း အရေးကြီးတယ် ။ ပြည်သူ လူထုက အဲဒီအတွက်ကို သေချာပူးပေါင်း ဆောင်ရွက်ဖို့လိုပါတယ်။ ပူးပေါင်းဆောင် ရွက်မှုများလေလေ ကျန်းမာရေးအသိပညာ နားလည်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင် လူထုအတွင်းမှာ ရောဂါကူးစက်မှုကို တစ်နည်းအားဖြင့် ထောက်ပံ့ပေးရာရောက် ပါတယ်။ 

မေး - လက်ရှိ ရန်ကုန်တိုင်းရဲ့ ရောဂါဖြစ်ပွားသေဆုံးမှု အခြေအနေတွေကို ကြည့်ရင် ကျတဲ့ဘက်ကို မရောက် သေးဘူးလို့ သိရပါတယ်။ ဒါကြောင့် ကူးစက်ရောဂါဗေဒ သဘောအရ ရန်ကုန်တိုင်းရဲ့ ရောဂါဖြစ်ပွားမှုအခြေအ နေကို သုံးသပ်ပြောကြားပေးပါ။

ဖြေ - အခု ကိန်းဂဏန်းတွေကို ကြည့်လိုက် ရင်တော့ ပိုးတွေ့လူနာဖြစ်တာနဲ့ပတ်သက်ပြီး ပြောရရင် Positive Case  တွေကလည်းပဲ ဒီဂဏန်းတွေကိုကြည့်ပြီး ကျွန်တော်တို့က အများကြီးစဉ်းစားရတယ်။ ကူးစက်မှုပညာ ရှုထောင့်ကကြည့်ရင် Data Sources ပေါ့။ အခုဆိုရင် စစ်ဆေးမှုတွေလည်း အများကြီး လုပ်နေတယ်။ အခုဆိုရင် စစ်ဆေးမှုတွေကို စစ်ဆေးနည်း နှစ်မျိုး၊ သုံးမျိုးနဲ့ လုပ်နေတယ်။ အဲဒီစစ်ဆေးမှုတွေက ထွက်လာတဲ့ Positive တွေကို Positive လို့သတ်မှတ်ပြီးဆောင် ရွက်တာဟာ ရောဂါထိန်းချုပ်မှုကို အများ ကြီးအထောက်အကူပြုတယ်။ ဒါကြောင့် အခု Test တွေအားလုံးရဲ့ Positive တွေကို စာရင်း ထဲထည့်လိုက်တော့ တစ်နည်းအားဖြင့် စစ် ဆေးနိုင်တဲ့ အရေအတွက်များလာတဲ့အတွက် ကြောင့်လည်း Positive တွေကလည်းပဲ ပိုများ လာတာပေါ့။ အရင်ကျွန်တော်တို့ယူထားတဲ့ ဓာတ်ခွဲနမူနာတွေက ဒီနေ့ထွက်တဲ့ အဖြေက ဒီနေ့အခြေအနေကို ကိုယ်စားပြုတာမဟုတ် ဘူး။ အရင်ရက်တွေရဲ့ အဖြေတွေလည်း ဒီထဲ မှာ ပါနေတာပေါ့။ ဒါပေမဲ့လည်း ဒါတွေကို ကြည့်ပြီးတော့ နေ့စဉ်ဘယ်လောက် ဘယ် လောက်ဆိုတာချည်းကို အဲဒီလို သချင်္ာနည်း အရ ကျွန်တော်တို့ စဉ်းစားလို့မရဘူး။ ဒါပေ မဲ့လည်း ဒီတစ်သုတ်စစ်လိုက်တဲ့အထဲမှာ Positive အခြေအနေတွေ။ နောက် ဘယ် လောက်စစ်ဆေးတဲ့အထဲမှာ ဘယ်လောက် အတည်ပြုလူနာတွေ ထွက်သလဲဆိုတာ နံ ပါတ် (၁) အရေးကြီးတာပေါ့။ ဒါတွေကိုကြည့် ခြင်းအားဖြင့် Test Positive တွေ  ကျသွားတဲ့ လက္ခဏာရှိတယ်။ တန့်နေတဲ့ လက္ခဏာရှိ တယ်ဆိုရင်တော့ ကူးစက်ရောဂါဗေဒရှု ထောင့်အရကြည့်မယ်ဆိုရင် အခြေအနေ ကောင်းလာတယ်လို့ ပြောလို့ရတယ်။   အခု မြန်မာနိုင်ငံရဲ့အခြေအနေက တစ်နေ့ကို လူ နာ ၉၀၀ နဲ့ ၁၀၀၀ ကြားထဲမှာ ဒီအတိုင်း ရှိနေ တဲ့အနေအထားဆိုတော့ တန့်နေတဲ့ အနေ အထားရှိပါတယ်။ အဲဒီလို အခြေအနေမှာ ကူးစက်ရောဂါပညာအရ ကြည့်ရင် ဒီလို တန့် နေပြီဆိုရင် သေချာတယ် ။ နောက်ပိုင်းမှာ ကျဖို့ပဲရှိတော့တယ်။ ဒီအတိုင်းပဲကြည့်မယ် ဆိုရင်တော့ တစ်နေ့ကို ၉၀၀ နဲ့ ၁၀၀၀ ကြား ဖြစ်နေတာဆိုတော့ မြန်မာနိုင်ငံရဲ့ အခြေအ နေကဆိုးနေတုန်းပဲလို့ အကြမ်းဖျင်းပြောလို့ ရပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူအားလုံးပူးပေါင်းဆောင်ရွက်မှုကြောင့် Test  Positive Rate တွေ တဖြည်းဖြည်းကျလာ တယ်။ ဒါကြောင့် ဒီအချိန်က ရောဂါထိန်းချုပ် ဖို့ Critical Period ဖြစ်တယ်။ အခုချိန်မှာ Case များတာကတော့ လုပ်နိုင်တဲ့ Capacity များလာလို့ပါ။ နောက်ပိုင်းလည်း ဒီထက်များ ချင်လည်းများမယ်။ အခု  နောက်ထပ် ဓာတ် ခွဲခန်းတွေကိုလည်း PCR စက်ကြီး အသစ်သုံး လုံးထပ်တပ်ဦးမယ်။ အခု တပ်မတော်ဆေး ဘက်ကလည်း ဓာတ်ခွဲစမ်းသပ်မှုတွေလုပ် ပေးနေတယ်ဆိုတော့ နောက် ဆေးသုတေသ မှာရော၊ တိုင်းနဲ့ပြည်နယ်မှာရော တိုးချဲ့လုပ် မှာတွေလည်းရှိနေတော့ ဒီစစ်ဆေးမှုတွေ များလာတယ်ဆိုရင်တော့ စစ်ဆေးမှုများလာ လေ ပိုးတွေ့လူနာများလာလေပဲ။

မေး - ရောဂါကူးစက်မှုတွေ ထိန်းချုပ်နိုင်အောင် ရန်ကုန်မှာ Stay at Home အစီအစဉ်တွေကို စက်တင် ဘာလကတည်းကစပြီးလုပ်ခဲ့တယ်။ အခုလည်း သက် တမ်းထပ်တိုးလုပ်နေဆဲပဲဆိုပေမဲ့ ရောဂါဖြစ်ပွားသေဆုံး မှုတွေ သိသိသာသာကျဆင်းမလာသေးတာ ဘာကြောင့် လို့ ဆရာအနေနဲ့ ထင်ပါသလဲ။

ဖြေ - အခု ရန်ကုန်ရဲ့အခြေအနေနဲ့ တခြား တိုင်းနဲ့ပြည်နယ်တွေရဲ့ အခြေအနေတွေက မတူဘူး။  ရန်ကုန်မှာဆိုလည်း များနေတယ် ဆိုပေမဲ့ ရန်ကုန်တစ်တိုင်းလုံးက များနေတာ မဟုတ်ဘူး။ ရောဂါကူးစက်နိုင်ဖို့အတွက် မြေပြင်အနေအထားမှာ လူအများကို ရောဂါ ဖြန့်နိုင်တဲ့နေရာတွေရှိနေရင် ဒီကနေ တစ် ယောက်ဖြစ်တာနဲ့ လူဦးရေ ရာနဲ့ချီဖြစ်တာ တွေ အဲဒီလိုဖြစ်တဲ့ Case တွေကလည်း ရှိ နေတယ်ဆိုတော့ ယေဘုယျအားဖြင့် သုံးသပ် ရင်အနည်း၊ အများလို့ မြင်ပေမဲ့ ခုနက အင်း စိန်မှာ ရုတ်တရက်ကြီးများသွားပေမဲ့ အင်းစိန် တစ်မြို့နယ်လုံးကြီး ရောဂါကူးစက်ပြီး များ နေတာမဟုတ်ဘူး။ တစ်နေရာကနေ လူ ၃၀၀၊ ၄၀၀ လောက်ထွက်သွားတာမျိုးပေါ့ ။ ဒါ ကြောင့် ကူးစက်ဗေဒအရကြည့်ရင် အခု အခြေအနေသည် တိုးတက်လာတဲ့အနေအ ထားရှိတယ်လို့ ပြောရမယ်။ နောက်တစ်ခါ ရောဂါလက္ခဏာရှိတဲ့သူတွေမှာ ပိုးတွေ့နှုန်း ပေါ့။ မနေ့ကဟာဆို တွေ့နှုန်းက ၁၇ ဒသမ ၈ လောက်ရှိတယ်ဆိုတော့ ဒါဘာပဲပြောပြော ဒီသံသယရှိတဲ့သူတွေ လက္ခဏာရှိတဲ့ သူတွေ မှာ တွေ့ရှိနှုန်းကလည်း ကျလာတယ်ဆိုတာ အဓိကပြည်သူ့ကျန်းမာရေးဘက်က ထိန်းနိုင် တာတွေလည်းပါတယ်။ နောက် Quarantine လုပ်ထားတဲ့သူတွေမှာ တွေ့ရှိနှုန်းကလည်း ကြည့်လိုက်ရင် ရာခိုင်နှုန်းတွေက တဖြည်း ဖြည်းနဲ့ အကျဘက်ကို ရောက်နေပြီ။ ဒါပေမဲ့ လည်း အရေးကြီးဆုံး ကျွန်တော်ပြောချင်တဲ့ အချက်က ဒီ Point သည် Critical Point လို့ခေါ်တယ် ကူးစက်ရောဂါပညာအရ။ ဖြစ် ပွားမှုက တန့်နေပြီ ။ နည်းနည်းလေး ကျရိပ်ပြ နေပြီဆိုရင် Critical Point ။ အဲဒီ အချိန်က အရေးကြီးဆုံးပဲ ။ ဒီ Critical Point မှာ သေချာတစ်ဦးချင်း တစ်ဦးချင်း ရပ်ကွက် အလိုက်၊ မြို့နယ်အလိုက် သေချာပူးပေါင်း ပြီးဆောင်ရွက်မယ်။ ကုသရေးဘက်ကလည်း လိုအပ်တာတွေကို ထပ်မံတိုးချဲ့တာတို့ လို အပ်တဲ့ဆေးဝါးတွေကို ဖြည့်ဆည်းတာတို့ လုပ်ရမယ်။ အခု ကျန်းမာရေးဝန်ထမ်းတွေက ပင်ပန်းနေပြီ။ ဒီမှာ ရုတ်တရက်ကြီး လူနာ အများကြီး အချိန်တိုတိုကာလအတွင်းမှာ Case တွေ တအားများလာတဲ့အတွက် ကြောင့်။ နောက်လူနာတွေကလည်း ဆေးရုံ ဆေးခန်းတွေကို တအား အားကိုးတယ်။ ရော ဂါအသစ်ဖြစ်နေတဲ့အတွက်ကြောင့်။ ဒီအခါ မှာ ဆေးရုံဆေးခန်းတွေမှာတော့ လူနာများမှာ ပဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်းပဲ နဂို ကတည်းက ပြောထားတယ်။ မြန်မာနိုင်ငံတင် မဟုတ်ဘူး။ အာဆီယံနိုင်ငံတွေအားလုံးမှာ ဆရာဝန်၊ ဆရာမနဲ့ သူနာပြုဆရာမတွေရဲ့ လူတစ်သိန်းမှာ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေက ထပ်ပြီးမြှင့်တင်ဖို့လိုနေသေး တယ်ဆိုတာကို ပြောထားတယ်။ မြန်မာနိုင်ငံ ကလည်း ဒီအခြေအနေအတိုင်းပဲ။ ကျွန်တော် တို့ ၂၀၁၃၊ ၂၀၁၄ ကိန်းဂဏန်းတွေအရဆိုရင် လူတစ်သိန်းမှာ ဆရာဝန်က ၆၀ လောက်ပဲရှိ တာကနေ အဲဒီအခြေအနေအရသက်ဆိုင်ရာ အစိုးရတွေက ဒီနေရာတွေက လူ့စွမ်းအားအ ရင်းအမြစ်တွေ တိုးချဲ့ရမယ့်နေရာတွေဖြစ်ပြီး တော့ သတ်မှတ်ပြီးလုပ်ခဲ့တော့ အခုဆိုရင် အရင်ကထက် အဆ လေး၊ ငါးဆလောက်ကို တက်နေတဲ့ အနေအထားရှိတယ်။ အထူးသ ဖြင့် ရန်ကုန်လိုနေရာမျိုးမှာတော့ ဒီ ကျန်းမာ ရေးစောင့်ရှောက်မှုပေးနိုင်တဲ့သူက တခြား တိုင်းနဲ့ပြည်နယ်တွေနဲ့စာရင် မြင့်တယ်။ ဒါပေ မဲ့လည်းပဲ ဒါသည် ပုံမှန်ကျန်းမာရေးစောင့် ရှောက်မှုဖြစ်နေတဲ့အခါမှာ လုံလောက်မှုရှိ နိုင်ပေမဲ့ ဒီလိုမျိုး ရုတ်တရက်ကပ်ရောဂါအ ခြေအနေကြောင့် လူနာမြင့်တက်နေတဲ့အချိန် မျိုးမှာတော့ ဘယ်နိုင်ငံမှာမှ ပြည့်စုံတယ်ဆို တာမရှိဘူး။ အမေရိကန်လိုနေရာမျိုးမှာ တောင် လိုအပ်ချက်တွေရှိနေလို့ အော်နေကြ တာပဲ။ ဘာလို့ဆိုတော့ မှန်းထားတဲ့ ရောဂါဖြစ် ပွားမှု လူနာအရေအတွက်က ရုတ်တရက်ကြီး များသွားတဲ့အခါမှာ ဒါက နိုင်ငံတကာ ကြုံ တွေ့ရမယ့်ဖြစ်စဉ်တွေပဲ။ ဘယ်လောက်ပဲ ပြင်ဆင်ထား ပြင်ဆင်ထား။ ဒါပေမဲ့ အခု ဒါတွေကိုလည်းပဲ ကျန်းမာရေးဝန်ထမ်းတွေ က ပင်ပန်းနေပေမဲ့ သူတို့ကိုယ်တိုင် ရောဂါ ကူးစက်ခံပြီးတော့ လုပ်နေတယ်။ သူတို့လုပ် ပေးရမယ်ဆိုတဲ့စိတ်ဓာတ်က ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေမှာ ရှိတာကလည်း အားဖြစ်ပါတယ်။ ဘာလို့ဆိုတော့ တခြားနိုင်ငံ တွေမှာဆိုရင် ကျန်းမာရေးဝန်ထမ်း ၁၀၀ မှာ ၃၀ ရာခိုင်နှုန်းလောက်က  အလုပ်မဆင်းတော့ ဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာဒါမျိုးမရှိဘူး။ အဲဒီ အားသာချက်ရှိတယ်။ အားလုံးက ပူး ပေါင်းဆောင်ရွက်တယ်။ တခြားတိုင်းနဲ့ပြည် နယ်က ဆရာဝန်တွေကလည်း အားဖြည့်ပြီး ဆောင်ရွက်နေပါတယ်။ 

မေး - ပြည်သူ့ဆေးရုံကြီးတွေမှာ အသက်ရှူမဝလို့ လာပြတဲ့ လူနာဦးရေ သိသိသာသာများနေပြီး ကျန်းမာ ရေးဝန်ထမ်းအင်အားနဲ့ လူနာဦးရေ မမျှတဲ့အခြေအနေ တွေဖြစ်နေတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတာရှိရင်လည်း ပြောပြပေးပါ။

ဖြေ -  အခုဆို ရောဂါဖြစ်ပွားမှု ဖြစ်စဉ်တွေက နည်းနည်းပြောင်းလာတယ်။COVID  က   ပထမတုန်းက အနံ့ပျောက်တွေများတယ်။ အခုကျတော့ အသက်ရှူမဝတဲ့လူတွေများလာ တယ် စသဖြင့် ရောဂါဖြစ်တဲ့အခြေအနေပေါ် မူတည်ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနက လည်းပဲ ကုသရေးအတွက် ဆေးရုံတွေ တိုးချဲ့ တာကိုလုပ်လာတယ်။ အဲဒီအတွက် လိုအပ် တဲ့ ဝန်ထမ်းတွေကလည်း မရှိတော့ တခြား တိုင်းနဲ့ပြည်နယ်တွေကနေပြီးတော့ သက် ဆိုင်ရာဆရာဝန်တွေ ဆရာမတွေ လုပ်အား ပေးတွေ မြန်မာနိုင်ငံ ဆရာဝန်အသင်းနဲ့ချိတ်   ဆက်ပြီးတော့ စေတနာ့ဝန်ထမ်းတွေ တခြား ဝန်ထမ်းတွေ ခေါ်ပြီးတော့ လုပ်နေရတယ်။ အသက်ရှူမဝတဲ့ လူနာတွေ တအားများလာ တော့ သူသူကိုယ် ကိုယ် ရန်ကုန်ဆေးရုံကြီးကိုပဲ သွားမှာပဲ။ ဆေးရုံကြီးကို သွားတာက အပြည့် စုံဆုံးပေါ့။ နောက် မြောက်ဥက္ကလာတို့ အင်း စိန်တို့ သင်္ဃန်းကျွန်းတို့လို ဆေးရုံကြီးတွေ။ အခု အနောက်ပိုင်းဆေးရုံ၊ အရှေ့ပိုင်းဆေး ရုံတွေ ဒီလိုနေရာတွေမှာလည်း ဒီလို Case တွေရှိလာတော့ အထူးသဖြင့် ရန်ကုန်ဆေး ရုံကြီးကတော့ တစ်နိုင်ငံလုံးက အားအကိုးဆုံး ဆေးရုံဖြစ်တော့ ဒီကို လူနာတွေက သွားကြ တာပေါ့။ ဒီမှာလည်းပဲ အခက်အခဲတွေ ကျန်း မာရေးဝန်ထမ်းတွေ ဝန်ထုပ်ဝန်ပိုးဖြစ်နေတာ တွေဆိုတာလည်း တကယ်ဖြစ်နေတာပဲ။ အခု တော့ ဆရာဝန်တွေ၊ ဆရာမတွေကလည်း တောင့်ခံပြီး အားကျိုးမာန်တက်လုပ်ပေးနေ ကြတယ်။ လူထုကလည်းပဲ ပူးပေါင်းပြီး တစ် နည်းအားဖြင့် စည်းကမ်းလိုက်နာပြီးတော့ ဆောင်ရွက်ဖို့လိုသလို အဓိက လူထုကို ပြော ချင်တာ တတ်နိုင်သမျှ ရောဂါကူးစက်မှုမရှိ အောင် ကိုယ့်ဘာသာကိုယ် ညွှန်ကြားချက် တွေကို တိတိကျကျ လိုက်နာမယ်ဆိုရင် ဒီလို Case တွေက ဆေးရုံရောက်တာနည်းသွား မယ်။ နည်းသွားရင် ဒီလို ပြဿနာတွေရှင်း သွားမယ်။ အခုကတော့ ပြည်သူလူထုရယ် သက်ဆိုင်ရာ အစိုးရအဖွဲ့တို့ အုပ်ချုပ်ရေးအဖွဲ့ တွေ ဌာနပေါင်းစုံအားလုံး ပူးပေါင်းဆောင် ရွက်ရင် ဒီအတိုင်းဆောင်ရွက်မယ်ဆိုရင် Stay at Home ကလည်း နှစ်ပတ်ရှိလာတဲ့ အတွက်ကြောင့် ဒီလို Stay at Home  ကို လိုက်နာတဲ့အတွက်ကြောင့်လည်းပဲ အခုလို ရလဒ်တွေရောက်လာပြီးတော့ ရောဂါဖြစ်ပွား မှု တန့်နေတဲ့အခြေအနေအထိ ဖြစ်လာတာ ပါ။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ ပြောချင် တာက ဒီ Critical Point  က အရေးကြီးတယ်။ ဒီအချိန်မှာ တအားကို ပင်ပန်းပေမဲ့လည်း ရှိသမျှအင်အားကို စိုက်ထုတ်ပြီးတော့ အ ကုန်လုံး ကြိုးစားမယ်ဆိုရင် အကျဘက်ကို ဦးတည်သွားမယ်လို့ ယုံကြည်ပါတယ်။

မေး - လက်ရှိ သေဆုံးနှုန်းတွေ မြင့်တက်နေရတဲ့  အကြောင်းရင်းက ဘာကြောင့်ပါလဲ။ 

ဖြေ -  အဓိက ကူးစက်မှုများရင် ရောဂါဖြစ် တဲ့သူများမယ်။ ရောဂါဖြစ်တဲ့သူများရင် ဒီအ ထဲမှာ နိုင်ငံတကာရဲ့အတွေ့အကြုံအရCOVID ရောဂါကူးစက်မှုရဲ့ ရာခိုင်နှုန်း ၄၀ က ရောဂါလက္ခဏာမပြဘူး။ ရာခိုင်နှုန်း ၈၀ က လူနာ ၁၀၀ မှာ ၈၀ လောက်က သာမန်နဲ့ အသင့်အတင့်ပြင်းထန်တဲ့လက္ခဏာတွေ ခံစားရမယ်။  ရာခိုင်နှုန်း ၂၀ ကတော့ ပြင်း ထန်တဲ့အနေအထားရှိနေတယ်။ ဒါကလည်း မှန်တယ်။ ဒီကိန်းဂဏန်းတွေကလည်းပဲ ရော ဂါဖြစ်ပွားတဲ့နိုင်ငံတွေရဲ့ အခြေအနေပေါ်မူ တည်ပြီးတော့မှ ဒါ တစ်ကမ္ဘာလုံး ကူးစက် ရောဂါပညာအရ ဒီကိန်းဂဏန်းတွေကို ကြည့် ပြီး ရောဂါအတွက် ပြင်ဆင်တဲ့လုပ်ငန်းတွေကို လုပ်ရတာပါ။COVID ရောဂါဖြစ်ရင် ဘယ် သူတွေက ပိုပြီးအသက်အန္တရာယ်ရှိလဲဆိုတာ သိလာတယ်။ ဒါဆို ရာခိုင်နှုန်း ၂၀ က ဘယ်သူ တွေမှာဖြစ်လဲဆိုတော့ ဖြစ်ပွားတဲ့အခြေအနေ တွေကြည့်ရင် ကမ္ဘာ့နိုင်ငံတွေရဲ့ ဖြစ်စဉ်တွေ မှာရော အခု မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ဖြစ်နေတဲ့ လူနာ ၅၀၀ ကျော် သေဆုံးမှုမှာရော က နံပါတ် (၁) က အသက်ကြီးတဲ့သူတွေပဲ။ နံပါတ် (၂)က အသက်ကြီးတဲ့သူတွေတင်မက ဘဲနဲ့  နောက်ခံရောဂါအခံရှိပြီး ဆီးချို၊ သွေးချို၊ နှလုံး ၊ ကျောက်ကပ်ရောဂါတွေနဲ့ တွဲနေတဲ့သူ တွေမှာ သာမန်အသက်ကြီးတဲ့သူထက် သူက သေဆုံးနှုန်းပိုများနေတယ်။ ဒါကြောင့် လူထု အတွင်းမှာ ဒီလိုလူတွေကို တစ်အိမ်ချင်း တစ် အိမ်ချင်း မိသားစုတွေက ကိုယ့်အဘိုးအဘွား တွေကို ရောဂါမကူးအောင် နေထိုင်ဖို့လို တယ် ။ ဒါကြောင့် Containment at Home Strategy  COVID-19 ကို တအားကို တွန်းအားပေးနေ တယ်။ ဒီ COVID-19 က အိမ်မှာပဲနေတာမဟုတ် ဘူး။ အိမ်မှာနေပြီးတော့ ကိုယ်ကိုယ်တိုင် လည်းပဲ ရောဂါမကူးစက်အောင်၊ ကိုယ့်မိ သားစုဝင်တွေကိုလည်း ရောဂါမကူးစက် အောင်၊ ကိုယ့်မိသားစုဝင်တွေမှာမှ အသက် အန္တရာယ်ရှိတဲ့ ကိုယ့်ရဲ့အဘိုးအဘွား သက် ကြီးရွယ်အိုနဲ့ ရောဂါအခံရှိသူတွေကို အသက် အန္တရာယ်မရှိအောင် ကာကွယ်တဲ့နည်းကို ပြောတာပါ။ ဖြစ်လာခဲ့ရင်လည်း လျင်လျင် မြန်မြန်ကျန်းမာရေးဌာနကို သတင်းပေးပို့ ပြီး ဆောင်ရွက်ဖို့ပါ။ အခု မြန်မာနိုင်ငံရဲ့ သေ နှုန်းတွေကိုကြည့်ရင် မြင့်လာတယ်။ ဘာ ကြောင့်မြင့်လာလဲဆိုရင် ဆေးရုံတက်တဲ့သူ တွေမှာ ပြည်တွင်းကူးစက်မှုမှာ ကိုယ့်သက် ကြီးရွယ်အိုတွေကို ရောဂါမကူးအောင် လုပ် တာက ဒီထက်တိုးလုပ်ရမယ်။ ကျွန်တော် အားနည်းနေတယ်လို့တော့ မဆိုလိုဘူး။ ဒီ ထက်တိုးလုပ်ဖို့လိုနေတာ။ ဒီထက်တိုးလုပ် ရင် ရောဂါဖြစ်တဲ့သူတွေထဲမှာ အသက်ကြီး တဲ့သူတွေ နည်းသွားမယ်။ အကြောင်းအမျိုး မျိုးကြောင့် ပါလာခဲ့ရင် ကျွန်တော်တို့က မြို့ နယ်အဆင့် Facility Quarantine မှာ ဒီလို  အသက်ကြီးတဲ့သူတွေ ရောဂါအခံရှိသူတွေ ပါလာရင် ဆေးရုံတွေကို အလျင်အမြန် တတ် နိုင်သလောက် ဦးစားပေးစနစ်နဲ့ ပထမဆုံး သက်ဆိုင်ရာ ဆေးရုံတွေကို လွှဲပြောင်းတဲ့စ နစ်တွေကို ကျင့်သုံးနေတာပေါ့။ တစ်နည်း အားဖြင့်တော့ သေဆုံးမှုကို ကျဆင်းအောင် လုပ်နိုင်မယ်။ သေတာများတယ်ဆိုတဲ့နေရာ မှာလည်း နှစ်ပိုင်းစဉ်းစားလို့ရတယ်။ တစ်ဖက် ကလည်း ကုသတဲ့လုပ်ငန်းမှာ မပြည့်စုံလို့ ဘာတို့ ဒါမျိုးတွေလည်း မေးစရာရှိတယ်။ အကြမ်းဖျင်းအားဖြင့် ဆေးရုံတွေတိုးချဲ့နေ တယ်ဆိုပေမဲ့ဆေးရုံတွေမှာ အရေးပေါ်လူနာ တွေကို ကုနိုင်တဲ့ Facility တွေအများကြီးပါပါ တယ်။ ICU တွေ HDU တွေ ဒီလိုအရေးပေါ် လူနာတွေထားနိုင်တဲ့ ခုတင်အရေအတွက်က အရင်ထက်စာရင် တအားတက်လာတယ်။ တက်လာတယ်ဆိုတာလည်း ဒီလို အခြေအ နေဆိုးတဲ့လူတွေကို မသေအောင်လုပ်ဖို့အ တွက် လုပ်နေတာပါ။ အခုဆိုရင် ကုသဆေး ဖြစ်တဲ့ Remdesivir  ဆေးတွေ နောက် အဓိ က လိုအပ်တဲ့ အောက်ဆီဂျင်တွေလည်းပဲ ဖြည့်တင်းဆောင်ရွက်နေတယ်။ အခုချိန်မှာ ဆေးရုံဆေးခန်းတွေသွားရင် ဒုက္ခရောက် တယ်။ နေရာမရှိဘူး။ ဘာမှမလုပ်ပေးဘူး စသဖြင့် ဒီလို သတင်းတွေက လူထုထဲမှာ ပြန့်လာတယ်။ သူသူကိုယ်ကိုယ် COVID သံသယရှိတာနဲ့ ဆေးရုံကို မသွားရဲကြတော့ ဘူး။ မိသားစုတွေကလည်း ဒီထက်ဆိုးကာမှ သွားပြမယ်ဆိုတော့ ဒီလိုမျိုးဖြစ်လာတဲ့အခါ အသက်ကယ်နိုင်မယ့်အခြေအနေမှာ ဆေးရုံ ကို ပို့ဖို့မလုပ်နိုင်ဘဲနဲ့  အိမ်မှာနေရင်းနဲ့ မောပြီး အသက်ရှူမဝဘူးဆိုတော့မှ ဆေးရုံကိုအလျင် အမြန်ပြေးလာကြတယ်။ COVID ကတခြား ရောဂါတွေနဲ့ မတူဘူး။ သူက အောက်ဆီဂျင် ကျနှုန်း တအားမြန်တယ်။ နာရီပိုင်းအတွင်း မှာကို အောက်ဆီဂျင်က သွေးထဲက အောက် ဆီဂျင် Level  က ရုတ်တရက်ကို ကျကျသွား တယ်။ ဆေးရုံကို  သွားရင်းနဲ့တောင်မှပဲ အသက်သေဆုံးနိုင်တဲ့ အနေအထားရှိတော့ အတတ်နိုင်ဆုံးအသက်ကြီးတဲ့သူတွေကို အဲဒီ အခြေအနေကို မရောက်ခင် COVID လို့ သံသယရှိတာနဲ့ လိုအပ်တဲ့စစ်ဆေးမှုတွေ ခံယူပြီး လိုအပ် တဲ့ကုသမှုတွေရရှိဖို့လိုပါတယ်။ ဆေးရုံကိုနောက်ကျမှ ရောက်လာတာမျိုး မဖြစ်အောင် ဒါကတော့ မိသားစုတစ်စုချင်းစီ က တာဝန်ယူရမယ်။ ဒီကိစ္စက ဆရာဝန်တွေ ဆရာမတွေ ကျန်းမာရေးဝန်ထမ်းတွေက တာ ဝန်ယူလို့မ ရဘူး။ ကိုယ့်အိမ်မှာ ရောဂါအခံရှိ သူတွေ COVID လက္ခဏာရှိတယ်ဆိုရင် စောစောစီးစီးပြရမယ်။ သတင်းပို့ရမယ်။ အဲဒီအခါ ကျန်းမာရေးဌာနကလည်း ဒီလိုလူ တွေကို ဦး စားပေးအစီအစဉ်နဲ့ဆေးရုံတွေကို ပို့ရမယ်ဆိုတာ စီစဉ်ပြီးသားပါ။

မေး - အာဆီယံနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် မြန်မာနိုင်ငံမှာ ပိုးတွေ့ပြန်လည်သက်သာသွားသူက နည်းနေသေးတာ ဘာကြောင့်ပါလဲ။ ဆရာ့အနေနဲ့ အခြားဖြည့်စွက်ပြော ချင်တာရှိရင်လည်း ပြောကြားပေးပါ။  

ဖြေ -  အာဆီယံနိုင်ငံမှာ ကျွန်တော်တို့ရဲ့ ဆေးရုံတက်နှုန်းတွေက များနေတယ်။ ဒါက လည်း တိုင်းပြည် တစ်ပြည်နဲ့တစ်ပြည် မတူ ဘူး။ ကျွန်တော်တို့ တိုင်းပြည်နဲ့ တခြားတိုင်း ပြည်တွေရဲ့ ဆေးရုံတင်ကုသမှုအတွက် သတ် မှတ်ချက်က မတူဘူး။ ကျွန်တော်တို့ တိုင်းပြည် တွေက ဘာပဲပြောပြော ဖွံ့ဖြိုးပြီးတိုင်းပြည် တွေနဲ့ မတူဘူး။ ဖွံ့ဖြိုးပြီးတိုင်းပြည်တွေက တော့ ဒီအစစအရာရာ ပြည့်စုံတဲ့နေရာတွေ ဖြစ်ပေမဲ့ သူတို့ရဲ့ ဆေးရုံတင်တဲ့ပုံစံက သာမန် နဲ့ အသင့်အတင့်လူတွေကတော့ အိမ်မှာပဲနေ ကြ။ အိမ်မှာနေပြီးတော့ ရောဂါပြင်းထန် တော့မှ ဆေးရုံကို လာကြဆိုတဲ့ပုံစံမျိုး။ သူတို့ ကို ဒါတောင်မှ ကြိုတင်အကြောင်းကြားရ သေးတယ်။ သူတို့မေးသမျှဖြေပြီးတော့ သူတို့ က ဆေးရုံခေါ်သင့်တယ်လို့ ဆုံး ဖြတ်မှ သူတို့ က လာခေါ်သွားတာ။ ဒါကြောင့် သူတို့ဆီမှာ ဆေးရုံတက်တဲ့နှုန်းကနည်းတာ။ ကျွန်တော် တို့ကျပြန်တော့ Resources Limited Country ။ နောက်တစ်ခုကလည်း ပြည်သူလူ ထုကို မလိုအပ်ဘဲနဲ့ အသက်မဆုံးရှုံးစေချင် ဘူး။ ဒီရောဂါနဲ့ပတ်သက်ပြီး ဘယ်နိုင်ငံမှ ဘယ်သိပ္ပံပညာရှင်မှ ရာနှုန်းပြည့်မသိကြ သေးဘူး။ အခုက လုပ်ရင်းလုပ်ရင်းနဲ့ ဗိုင်း ရပ်စ်အကြောင်းကို လေ့လာနေကြရပြီး တွေ့ ရှိချက်အပေါ်မူတည်ပြီး ကြိုတင်ကာကွယ် ရေးလုပ်ငန်းတွေကို လုပ်ရတဲ့ ရောဂါဖြစ်တာ ပေါ့။ ကျွန်တော်တို့ COVID-19 ကတော့ တတ် နိုင်သလောက်ဖြစ်တဲ့သူတွေ သာမန်လက္ခဏာဖြစ်လည်း ဆေးရုံတင်တယ်။ ခုနကလို မခွဲခြားတော့ဘူး။ ဒီလိုဆေးရုံတင်တာတောင် မှ ကျွန်တော်တို့ လုပ်ရပ်က တော်တော်လေးကို မှန်နေတယ်။ အခုဆို သာမန်လက္ခဏာပြတဲ့ သူတွေထဲမှာလည်း ရုတ်တရက် အောက်ဆီ ဂျင်ကျသွားပြီးတော့ မောတာတွေ ရှိနေတယ်။  ဒီလိုလုပ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံရဲ့ ဆေးရုံတက်ရောက်တဲ့နှုန်းက တခြားနိုင်ငံ တွေနဲ့ယှဉ်ထိုးပြီး သွားစဉ်းစားလို့မရဘူး။ ဒီမှာက သာမန်ရော၊ ပြင်းထန်လူနာရော အားလုံးကို ဆေးရုံတင်ပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးတယ်။  တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် နဂိုကတည်းက ကျွန်တော်တို့မှာက ဂဏန်းကြီးကြီး ကိုင်ထားတဲ့အတွက်ကြောင့် ကိန်းဂဏန်းချင်း နှိုင်းယှဉ်လို့တော့ မရဘူး။ ဘာလို့ဆို ကျွန်တော်တို့ရဲ့ ဆေးရုံတက်တဲ့ လူဦးရေ က တအားကို များတယ်ပေါ့။ နောက် ဆေးရုံ ဆင်းသွားတဲ့လူနာဦးရေလည်း နည်း တယ်ဆိုတာက ဆေးရုံတင်တဲ့ သတ်မှတ်ချက် လည်း သူများနိုင်ငံနဲ့မတူသလို ဆေးရုံဆင်း တဲ့သတ်မှတ်ချက်လည်း မတူဘူး။

 

Most Read

Most Recent