ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒိုမှာ မိမိ၏စံပြကစားသမားဖြစ်ကြောင်း ဘန်ဇီမာ ပြောကြား

ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒိုမှာ မိမိ၏စံပြကစားသမားဖြစ်ကြောင်း ဘန်ဇီမာ ပြောကြား
Photos: Getty Images & Real Madrid
Photos: Getty Images & Real Madrid
Published 10 October 2020

ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာက ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒိုမှာ မိမိ၏စံပြကစားသမားဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၃၂)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာသည် ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ဂိုးပေါင်း (၂၅၀)အထိ သွင်းယူထားပြီး လက်ရှိအချိန်အထိ အသင်း၏အဓိကတိုက်စစ်မှူးအဖြစ် ပွဲထွက်ခွင့်ရနေသူဖြစ်သည်။ 

ဘန်ဇီမာက မိမိအနေဖြင့် ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒိုကိုကြည့်ကာ သင်ယူခဲ့ရကြောင်းနှင့် ရော်နယ်လ်ဒိုကဲ့သို့ ပြီးပြည့်စုံသည့်ကစားသမား မရှိကြောင်း ပြောကြားခဲ့သည်။ 

"ရော်နယ်လ်ဒိုက ကျွန်တော့်ရဲ့ ငယ်ဘဝဟီးရိုးပါ။ ကျွန်တော် ဘောလုံးပွဲတွေကို စကြည့်ဖြစ်တာ သူ့ကြောင့်ပါပဲ။ သူ့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်တယ်။ သူလုပ်သလို လုပ်ဖို့ ကျွန်တော် ကြိုးစားတယ်။ ဒါပေမဲ့ သူ့လို ကစားသမားမျိုး မရှိပါဘူး။ တချို့ကစားသမားတွေက အပြေးမြန်တယ်။ ဒါပေမဲ့ ဘောလုံးအထိန်းအသိမ်းနဲ့ ကျွမ်းကျင်မှုပိုင်းတော့ မရှိဘူး။ လူတွေက ရော်နယ်လ်ဒိုကို ဂိုးတွေပဲ သွင်းနိုင်တာလို့ ထင်ကြတယ်။ ဒါပေမဲ့ သူက အရာအားလုံးကို လုပ်နိုင်သူပါ။ တိုက်စစ်မှူးတစ်ယောက်ရဲ့ တာဝန်က ဂိုးသွင်းရုံတစ်ခုတည်းနဲ့ မပြီးပါဘူး။ တာဝန်ဝတ္တရားတွေ အများကြီးရှိပါတယ်။ ရော်နယ်လ်ဒိုက အဲဒီအတွက် ပြီးပြည့်စုံတဲ့ ဥပမာပါပဲ"ဟု ဘန်ဇီမာက ပြောကြားခဲ့သည်။ 

ဘန်ဇီမာသည် ယခုရာသီတွင် ရီးယဲလ်အသင်းအတွက် လာလီဂါပွဲစဉ် (၄)ပွဲကစားထားပြီး (၁)ဂိုးသွင်းယူပေးထားသည်။ 

Most Read

Most Recent