ဘာတိုမူကို အယုံအကြည်မရှိအဆိုဖြင့် မဲခွဲရန်အတွက် လိုအပ်သည့် လက်မှတ်အရေအတွက်ရပြီဟု ဘာစီလိုနာအတည်ပြုခဲ့ပြီး မကြာမီမဲခွဲသွားမည်

ဘာတိုမူကို အယုံအကြည်မရှိအဆိုဖြင့် မဲခွဲရန်အတွက် လိုအပ်သည့် လက်မှတ်အရေအတွက်ရပြီဟု ဘာစီလိုနာအတည်ပြုခဲ့ပြီး မကြာမီမဲခွဲသွားမည်
Photo: Getty Images
Photo: Getty Images
Published 9 October 2020

ဘာစီလိုနာအသင်းသည် ဥက္ကဋ္ဌဖြစ်သူ ဘာတိုမူအား အယုံအကြည်မရှိအဆိုဖြင့် မဲခွဲဖြုတ်ချရန်အတွက် လိုအပ်သည့် လက်မှတ်အရေအတွက်ကို ရရှိပြီဟု ကြေညာခဲ့ပြီး မကြာမီမဲခွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အယုံအကြည်မရှိအဆိုကို တင်သွင်းနိုင်ရန်အတွက် အနည်းဆုံး လက်မှတ်ပေါင်း (၁၆၂၅၀) လိုအပ်ပြီး ယင်းအရေအတွက်ကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ဘာစီလိုနာအသင်းက အတည်ပြုခဲ့ခြင်းသည်။

ယင်းအတွက်ကြောင့် ဘာတိမူ၏အနာဂတ်သည် အသင်း၏ Member (၁၅၀၀၀၀) က မဲခွဲမည့်ရလဒ်အပေါ် မူတည်နေပြီဖြစ်ပြီး ၎င်းကို ရာထူးမှ ဖြုတ်ချရန်အတွက် လိုအပ်သည့် မဲအရေအတွက်မှာ (၆၆.၅) ရာခိုင်နှုန်းဖြစ်ကြောင်းလည်း သိရှိရသည်။

ကလပ်အသင်းက Member အားလုံးပါဝင်မည့် ဆန္ဒခံယူပွဲကို (၃)လအတွင်း ပြုလုပ်သွားမည်ဟု ကြေညာခဲ့ပြီး ဖြုတ်ချရန်လိုအပ်သည့် သတ်မှတ်မဲအရေအတွက် ပြည့်မီပါက ဘာတိုမူနှင့်အတူ သူ၏ဘုတ်အဖွဲ့ဝင်များပါ ရာထူးက ဆင်းပေးရမည်ဖြစ်သည်။

ဘာတိုမူသည် ဘာစီလိုနာအသင်းသမိုင်းတွင် အယုံအကြည်မရှိ အဆိုတင်သွင်းခံရပြီး ဆန္ဒမဲပေးမှုကို ခံယူရသည့် တတိယမြောက်ဥက္ကဋ္ဌဖြစ်လာခဲ့ပြီး ၎င်းင်းမတိုင်မီ ဥက္ကဋ္ဌနှစ်ဦးမှာ ၁၉၉၈ ခုနှစ်က နူနက်ဇ်နှင့် ၂၀၀၈ ခုနှစ်က လာပေါ်တာတို့ဖြစ်သည်။

သို့ရာတွင် နူနက်ဇ်နှင့် လာပေါ်တာတို့ နှစ်ဦးစလုံးသည် ရာထူးမှဖြုတ်ချရန်အတွက် သတ်မှတ်မဲအရေအတွက်ကို မရောက်ရှိသဖြင့် ကျော်ဖြတ်နိုင်ခဲ့ကြပြီး ယခုဘာတိုမူမှာမူ ရာထူးမှ ဖြုတ်ချခံရသည့် ပထမဆုံး ဥက္ကဋ္ဌဖြစ်လာနိုင်ဖွယ်ရှိနေသည်ဟု စပိန်မီဒီယာများက ခန့်မှန်းလျက်ရှိသည်။

ဘာတိုမူသည် မက်ဆီနှင့် ဖြစ်ပွားခဲ့သည့် ပြဿနာကြောင့် ရာထူးမှနုတ်ထွက်ပေးရန် ပရိသတ်များ၏ ဆန္ဒပြမှုနှင့် ရင်ဆိုင်ခဲ့ရပြီး  ဆက်ရှိနေသူဖြစ်သည်။

သို့ရာတွင် ၂၀၂၁ ခုနှစ်တွင်ပြုလုပ်မည့် ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲမတိုင်မီ ရာထူးကို စွန့်လွှတ်ရဖွယ်ရှိနေကြောင်းလည်း သိရှိရသည်။

Most Read

Most Recent