ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်းကြောင့် ကစားသမားဘဝမှ အနားယူရန်အထိ စဉ်းစားခဲ့သည်ဟု ကာဗာနီ ဝန်ခံ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်းကြောင့် ကစားသမားဘဝမှ အနားယူရန်အထိ စဉ်းစားခဲ့သည်ဟု ကာဗာနီ ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 7 October 2020

မန်ယူတိုက်စစ်မှူးသစ် ကာဗာနီက သူနှင့် သူ၏ချစ်သူတို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီးနောက် ကစားသမားဘဝမှ အနားယူရန်အထိ စဉ်းစားခဲ့ဖူးသည်ဟု ဝန်ခံခဲ့သည်။ 

၂၀၁၉-၂၀ ရာသီကုန်တွင် PSG အသင်းနှင့်လမ်းခွဲခဲ့သည့် အသက် (၃၃)နှစ်အရွယ်ရှိ ဥရုဂွေးဝါရင့်တိုက်စစ်မှူး ကာဗာနီသည် အောက်တိုဘာ (၅)ရက်တွင် မန်ယူအသင်းသို့ တစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ 

ကာဗာနီသည် PSG အသင်းမှ ထွက်ခွာပြီးနောက် ၎င်းနှင့်၎င်း၏ချစ်သူတို့မှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် ကာဗာနီသည် ကျန်းမာရေးကို စိုးရိမ်သဖြင့် ကစားသမားဘဝမှ အနားယူကာ ကျေးလက်ဒေသတွင် နေထိုင်ရန် စဉ်းစားခဲ့ကြောင်း ပြောကြားခဲ့သည်။ 

ကာဗာနီက "မိသားစု ကျန်းမာရေးက ဦးစားပေးပါပဲ။ ကစားသမားဘဝကနေ အနားယူဖို့ ကျွန်တော် စဉ်းစားခဲ့ပါတယ်။ ကစားသမားဘဝကအနားယူပြီး ကျေးလက်ဒေသမှာ ဘဝကို အေးအေးဆေးဆေးနေထိုင်ဖို့ ကျွန်တော် စီစဉ်ခဲ့တာ အမှန်ပါ။ ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး အတော်လေးဆိုးဆိုးရွားရွား ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ ကျွန်တော်တို့ ပြန်ကောင်းလာတယ်။ ဒါကြောင့် အခု မန်ယူအသင်းကို ကျွန်တော် ရောက်လာတာပါ"ဟု ပြောကြားခဲ့သည်။ 

ကာဗာနီသည် မန်ယူအသင်းတွင် တစ်နှစ်လစာ ယူရို (၁၁)သန်း ရရှိဖွယ်ရှိပြီး စွမ်းဆောင်ရည်အလိုက် Add-ons ယူရို(၂)သန်းနှင့် စာချုပ်ချုပ်ဆိုခ ယူရို(၄)သန်း ရရှိခဲ့မည်ဖြစ်ကြောင်း Goal.com က ဖော်ပြခဲ့သည်။ 

Most Read

Most Recent