ကိုရိုနာဗိုင်းရပ်စ်ကြောင့် လာမည့်နှစ်အတွင်း ယူရို-၂၀၂၀ ပြိုင်ပွဲ၏ ပွဲစဉ်များကိုကျင်းပရန် အာမ,မခံနိုင်သေးဟုဗြိတိန်အစိုးရ ဖွင့်ဟဝန်ခံ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လာမည့်နှစ်အတွင်း ယူရို-၂၀၂၀ ပြိုင်ပွဲ၏ ပွဲစဉ်များကိုကျင်းပရန် အာမ,မခံနိုင်သေးဟုဗြိတိန်အစိုးရ ဖွင့်ဟဝန်ခံ
Photos: Getty Images
Photos: Getty Images
Published 6 October 2020

ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် လာမည့်နှစ်အတွင်း အင်္ဂလန်နိုင်ငံ၌  ကျင်းပရန်ရှိသည့် ယူရို-၂၀၂၀ ပြိုင်ပွဲ ၏ ပွဲစဉ်များကို လက်ခံကျင်းပရန်မှာ သေချာခြင်းမရှိ ကြောင်း ဗြိတိန်အစိုးရတာဝန်ရှိသူများက ဝန်ခံခဲ့ကြသည်။ ယူရို-၂၀၂၀ ပြိုင်ပွဲကို ယခုနှစ်ဇွန်လနှင့် ဇူလိုင်လအတွင်း ကျင်းပ ရန် စီစဉ်ခဲ့သော်လည်း ဥရောပတစ်ဝန်းပျံ့နှံ့ခဲ့သည့် ကိုရိုနာ ဗိုင်းရပ်စ်ပြဿနာကြောင့် လာမည့် ၂၀၂၁ ခုနှစ် ဇွန်လနှင့် ဇူလိုင်လသို့ ရွှေ့ဆိုင်းခဲ့ရသည်။

ယင်းပြိုင်ပွဲအား တစ်နှစ်တိတိရွှေ့ဆိုင်းကာ မူလအတိုင်း ယူရို-၂၀၂၀ ပြိုင်ပွဲအမည်ဖြင့်သာကျင်းပရန် ဥရော ပဘောလုံးတာဝန်ရှိသူများအကြား သဘောတူညီမှုထားရှိ ခဲ့ကြသည်။ ပြိုင်ပွဲကို နိုင်ငံ (၁၂)နိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အင်္ဂလန်နိုင်ငံအနေဖြင့် လန်ဒန် မြို့ ရှိဝင်ဘလေကွင်းတွင် အုပ်စုပွဲစဉ် (၃)ပွဲ၊ ရှုံးထွက်(၁၆)သင်းအဆင့် ပွဲစဉ်(၁)ပွဲ၊ ဆီမီးဖိုင်နယ်ပွဲစဉ် (၂)ပွဲနှင့် ဗိုလ်လု ပွဲ(၁)ပွဲတို့ကို လက်ခံကျင်းပရန် သဘောတူထားသည်။ သို့ သော် လက်ရှိအချိန်အထိ အင်္ဂလန်တွင် ကိုရိုနာဗိုင်းရပ်စ် ပြဿနာမှာ ကြီးမားနေဆဲဖြစ်ရာ ပြိုင်ပွဲကိုလက်ခံကျင်းပ ပေးမည့်အစီအစဉ်မှာ ပြောင်းလဲသွားနိုင်ကြောင်း ဗြိတိန် သတင်းအချက်အလက်၊ ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစား ဝန်ကြီး အိုလီဗာဒေါ်ဒန်က ပြောကြားခဲ့သည်။ ၎င်းင်းက ယူရို-၂၀၂၀ ပြိုင်ပွဲကို မိမိတို့အင်္ဂလန်နိုင်ငံက မူလအစီအစဉ်များ အတိုင်းကျင်းပခွင့်ရရှိနိုင်ရန် မျှော်လင့်ထားကြောင်း၊ သို့သော် ကိုရိုနာဗိုင်းရပ်စ် ပြဿနာသည် အရာရာကို အပြောင်းအ လဲ ဖြစ်သွားနို်င်စေကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်သတင်းစာ The Sun က အိုလီဗာဒေါ်ဒန်အား တွေ့ဆုံမေးမြန်းခဲ့ရာတွင် ၎င်းက ''ကျွန်တော်ကတော့ ပြိုင် ပွဲကို ကျင်းပခွင့်ရဖို့ အလွန်ပဲမျှော်လင့်ထားပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လုံးဝမမျှော်လင့်နိုင်တဲ့အရာတစ်ခုပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီအချိန်မှာ ခိုင်မာတဲ့အာမခံ ချက်လုံးဝမပေးနိုင်ပါဘူး။ တကယ်လို့ လုံခြုံမှုမရှိဘဲ အန္တ ရာယ်များမယ်ဆိုရင် ပရိသတ်တွေကလည်း ဒီပြိုင်ပွဲကိုကျင်း ပစေချင်မှာမဟုတ်ပါဘူး။ အန္တရာယ်ကင်းနိုင်မယ်ဆိုရင် တော့ကျွန်တော်တို့ အောင်မြင်အောင်ကြိုးပမ်းကြတာပေါ့။ မူလ အစီအစဉ်အတိုင်းသွားဖို့က ဒီရောဂါပိုးအခြေအနေနဲ့ ဒီဆောင်းရာသီက အရေးကြီးနေပါတယ်။ ကျွန်တော့်အနေ နဲ့ ကျန်းမာရေးကို ဦးစားပေးစဉ်းစားပြီး ဆုံးဖြတ်ရမှာပါ'' ဟု ပြောကြားခဲ့သည်။ 

လက်ရှိအချိန်တွင် အင်္ဂလန်ရှိ ဘောလုံးပွဲစဉ်များ၌ ပရိသတ်များ ကွင်းအတွင်း ပြန်လည်ဝင်ရောက်ကြည့်ရှုခွင့် ရရှိစေရန် ကလပ်အသင်းများက အစိုးရကို ဖိအားပေးတောင်း ဆိုနေသော်လည်း ဗြိတိန်အစိုးရတာဝန်ရှိသူများက ပရိသတ် များကွင်းအတွင်းပြန်လည်ဝင်ရောက်ကြည့်ရှုရန် ခွင့် ပြုချက်မပေးသေးပေ။

ယူရို-၂၀၂၀ ပြိုင်ပွဲအကြောင်းတစေ့တစောင်း 

■ ကျင်းပမည့်နေ့ရက်

၂၀၂၁ ခုနှစ် ဇွန် (၁၁)မှ ဇူလိုင် (၁၁) ရက်နေ့အထိ

■ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်နိုင်ငံများ

အင်္ဂလန်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ နယ်သာလန်၊ ရုရှား၊ဒိန်းမတ်၊  စကော့ တလန်၊ အဇာဘိုင်ဂျန်၊ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယား၊ အိုင်ယာလန်

■ ပါဝင်ယှဉ်ပြိုင်မည့်အသင်းများ

အင်္ဂလန်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ နယ်သာလန်၊ ရုရှား၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံ၊ ပိုလန်၊ ယူကရိန်း၊ ပြင်သစ်၊ တူရကီ၊ ချက်၊ ဖင်လန်၊ ဆွီဒင်၊ ခရိုအေးရှား၊ သြစတြီးယား၊ ပေါ်တူဂီ၊ ဆွစ်ဇာလန်၊ ဝေးလ်စ်၊  မှ (၄)သင်း

■ Play-off ကစားမည့်နေ့

အောက်တိုဘာ (၈)နှင့် နိုဝင်ဘာ(၁၂)

Most Read

Most Recent