MNL ပြိုင်ပွဲတွင် ဒုတိယရခဲ့သည့် ဟံသာဝတီအသင်း အပိုဆုကြေးအပါအဝင် စုစုပေါင်း ကျပ်သိန်း ၁၂၅၀ ကို အသင်းသားများအား ခွဲဝေပေးမည်

MNL ပြိုင်ပွဲတွင် ဒုတိယရခဲ့သည့် ဟံသာဝတီအသင်း အပိုဆုကြေးအပါအဝင် စုစုပေါင်း ကျပ်သိန်း ၁၂၅၀ ကို အသင်းသားများအား ခွဲဝေပေးမည်
Photo: HUFC
Photo: HUFC
Published 4 October 2020

"ကျွန်တော်တို့ အသင်းပိုင်ရှင်က အရင်ကြေညာထားတဲ့အတိုင်း ဒုတိယဆုရတဲ့အတွက် အပိုဆုကြေး ကျပ်သိန်း ၅၀၀ ချီးမြှင့်ပါတယ်။ ဒုတိယဆုရလို့ ပြိုင်ပွဲကျင်းပရေးကရတဲ့ ဆုကြေးကျပ်သိန်း ၇၅၀ ကိုလည်း အသင်းသားတွေကို ခွဲဝေပေးမှာပါ။ ဒါကြောင့် ဆုကြေး ကျပ်သိန်း ၁၂၅၀ ကို အသင်းသားတွေကို ခွဲဝေပေးမှာဖြစ်ပါတယ်။ ဆုကြေးတွေခွဲဝေဖို့ အတွက် အောက်တိုဘာ ၃ ရက်က အသင်းပိုင်ရှင် ဦးအောင်မိုးကျော်နဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပြီး ဒီရက်ပိုင်းထဲမှာ အသင်းသားတွေကို ခွဲဝေပေးနိုင်အောင် လုပ်ဆောင်သွားမှာပါ"ဟု အသင်းအုပ်ချုပ်သူ ဦးထွန်းထွန်းလင်းက ပြောကြားခဲ့သည်။

 

၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲတွင် ဒုတိယဆုရခဲ့သည့် ဟံသာဝတီအသင်းသည် အပိုဆုကြေးအပါအဝင် ဆုကြေးစုစုပေါင်း ကျပ်သိန်း ၁၂၅၀ ကို အသင်းသားများအား ခွဲဝေပေးမည်ဖြစ်ကြောင်း သိရသည်။

ဟံသာဝတီအသင်းသည် MNL ပြိုင်ပွဲတွင် ဒုတိယဆုရခဲ့သောကြောင့် ပြိုင်ပွဲကျင်းပရေးက ချီးမြှင့်သည့်ဆုကြေး ကျပ်သိန်း ၇၅၀ အပြင် အသင်းပိုင်ရှင်က အပိုဆုကြေး ကျပ် သိန်း ၅၀၀ ချီးမြှင့်သဖြင့် စုစုပေါင်း ကျပ်သိန်း ၁၂၅၀ ရရှိမည်ဖြစ်သည်။ ဟံသာဝတီအသင်းသည် ယင်းဆုကြေးငွေကို အုပ်ချုပ်မှုအဖွဲ့၊ နည်းပြအဖွဲ့၊ ကစားသမားများနှင့် ဝန်ထမ်းများအား အချိုးကျခွဲဝေပေးမည်ဖြစ်ပြီး ရက်ပိုင်းအတွင်း ချီးမြှင့်သွားမည်ဖြစ်သည်။ 

"ကျွန်တော်တို့ အသင်းပိုင်ရှင်က အရင်ကြေညာထားတဲ့အတိုင်း ဒုတိယဆုရတဲ့အတွက် အပိုဆုကြေး ကျပ်သိန်း ၅၀၀ ချီးမြှင့်ပါတယ်။ ဒုတိယဆုရလို့ ပြိုင်ပွဲကျင်းပရေးကရတဲ့ ဆုကြေးကျပ်သိန်း ၇၅၀ ကိုလည်း အသင်းသားတွေကို ခွဲဝေပေးမှာပါ။ ဒါကြောင့် ဆုကြေး ကျပ်သိန်း ၁၂၅၀ ကို အသင်းသားတွေကို ခွဲဝေပေးမှာဖြစ်ပါတယ်။ ဆုကြေးတွေခွဲဝေဖို့ အတွက် အောက်တိုဘာ ၃ ရက်က အသင်းပိုင်ရှင် ဦးအောင်မိုးကျော်နဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပြီး ဒီရက်ပိုင်းထဲမှာ အသင်းသားတွေကို ခွဲဝေပေးနိုင်အောင် လုပ်ဆောင်သွားမှာပါ"ဟု အသင်းအုပ်ချုပ်သူ ဦးထွန်းထွန်းလင်းက ပြောကြားခဲ့သည်။

ဟံသာဝတီအသင်းပိုင်ရှင် ဦးအောင်မိုးကျော်သည် ယခုရာသီတွင် ချန်ပီယံဖြစ်ပါက ကျပ်သိန်း ၁၀၀၀၊ ဒုတိယဆုရပါက ကျပ်သိန်း ၅၀၀၊ တတိယဆုရပါက ကျပ်သိန်း ၁၀၀ အပို ဆုကြေးပေးရန် ရာသီအစကတည်းက ကြေညာထားခြင်းဖြစ်သည်။ ထို့ပြင် တစ်ပွဲချင်းစီအလိုက် ပွဲနိုင်ကြေးများလည်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ယခုရာသီအတွက် အသုံးစရိတ်မှာ ကျပ် သိန်းပေါင်း ၈၀၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။ ဟံသာဝတီအသင်းသည် ၂၀၂၀ ရာသီ အတွက် ပြင်ဆင်မှုများစွာပြုလုပ်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံးရပ်တည်မှုအဖြစ် MNL အမှတ်ပေးပြိုင်ပွဲတွင် ဒုတိယနေရာရရှိခဲ့သည်။ 

ဟံသာဝတီအသင်းသည် ချန်ပီယံဆုမျှော်မှန်းနိုင်သည့် အနေအထား ရှိခဲ့သည့်အပြင် ထိပ်ဆုံးနေရာ၌ ကာလရှည်ရပ်တည်နိုင်ခဲ့သော်လည်း ပြိုင်ပွဲပြီးဆုံးခါနီးတွင် မကွေးအသင်းကို မထင်မှတ်ဘဲ အရေးနိမ့်ခဲ့သဖြင့် ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရခြင်း ဖြစ်သည်။ ဟံသာဝတီအသင်းသည် ၂၀၀၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့သည့်အသင်း ဖြစ်ပြီး သမိုင်းတစ်လျှောက် ရှုံးထွက်ချန်ပီယံဆုတစ်ကြိမ်၊ MNL-2 (ပထမတန်း) အမှတ် ပေးချန်ပီယံဆုတစ်ကြိမ် ရရှိထားသည်။ 

ဟံသာဝတီအသင်းသည် MNL ပြိုင်ပွဲတွင် အမြင့်ဆုံး အဆင့် ၄ နေရာသာရရှိဖူးပြီး ယခုမှသာ ဒုတိယဆုရရှိခြင်းဖြစ်သည်။ ယခုရာသီတွင် ရှုံးထွက်ပြိုင်ပွဲ မကျင်းပနိုင်သောကြောင့် AFC CUP ပြိုင်ပွဲကိုလည်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

Most Read

Most Recent