COVID-19 ကြောင့် မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း သုည ဒသမ ၅ ရာခိုင်နှုန်းအထိ သိသိသာသာကျဆင်းခဲ့ပြီး ဒေသတွင်း ရောဂါကူးစက်မှုလှိုင်းအသစ်၊ ကမ္ဘာ့စီးပွားရေးထိခိုက်မှုကြာရှည်ခြင်း၊ ပြည်တွင်းဘဏ္ဍာရေးကဏ္ဍ မသေချာမှု၊ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲအခြေအနေတို့ကြောင့် အန္တရာယ်စိန်ခေါ်မှုများ ရှိနေကြောင်း ဖော်ပြ

COVID-19 ကြောင့် မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း သုည ဒသမ ၅ ရာခိုင်နှုန်းအထိ သိသိသာသာကျဆင်းခဲ့ပြီး ဒေသတွင်း ရောဂါကူးစက်မှုလှိုင်းအသစ်၊ ကမ္ဘာ့စီးပွားရေးထိခိုက်မှုကြာရှည်ခြင်း၊ ပြည်တွင်းဘဏ္ဍာရေးကဏ္ဍ မသေချာမှု၊ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲအခြေအနေတို့ကြောင့် အန္တရာယ်စိန်ခေါ်မှုများ ရှိနေကြောင်း ဖော်ပြ
စီးပွားရေးမြို့တော် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
စီးပွားရေးမြို့တော် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 29 September 2020
နီလာ

COVID-19 ကပ်ရောဂါကြောင့် မြန်မာ့စီပွားရေးတိုးတက်မှုနှုန်း သုည ဒသမ ၅ ရာခိုင်နှုန်းအထိ သိသိသာသာကျဆင်းခဲ့ပြီး ဒေသတွင်းရောဂါကူးစက်မှု လှိုင်းအသစ်၊ ကမ္ဘာ့စီးပွားရေးထိခိုက်မှုကြာရှည်ခြင်း၊ ပြည်တွင်းဘဏ္ဍာရေးကဏ္ဍမသေချာမှု၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲအခြေအနေတို့ကြောင့် အန္တရာယ်စိန်ခေါ်မှုများ ရှိနေသေးကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် ၂၀၂၀  ပြည့်နှစ် အောက်တိုဘာလ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးသုံးသပ်ချက်၊ ကန့်သတ်ထိန်းချုပ်မှုမှ ပြန်လည်ထူထောင်ရေးသို့ အစီရင်ခံစာတွင် ဖော်ပြထားသည်။

COVID-19 က ဖွံ့ဖြိုးဆဲအရှေ့အာရှ ပစိဖိတ်ဒေသရှိ တိုင်းပြည်များအား ကပ်ရောဂါသက်ရောက်မှု၊ ကန့်သတ်တားဆီးမှုများကြောင့် တိုင်းပြည်စီးပွားရေးအပေါ် သက်ရောက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှောင့်နှေးမှု၏ သက်ရောက်မှုဟူသည့် သက်ရောက်မှု သုံးမျိုး ကျရောက်စေသည်။

ဗိုင်းရပ်စ်ပျံ့နှံမှုကို ထိန်းချုပ်ထားနိုင်သော အချို့နိုင်ငံများ၏ပြည်တွင်းစီးပွားရေးမှာ ပြန်လည်ထူထောင်လာနိုင်သည်။ သို့သော်ဒေသတစ်ခု၏ စီးပွားရေးသည် အခြားကျန်ရှိသော ကမ္ဘာ့နိုင်ငံများအပေါ်တွင် များစွာမှီခိုနေရပြီး ကမ္ဘာ့ဝယ်လိုအားမှာ ငြိမ်သက်လျက်ရှိသည်။ ဒေသတစ်ခုလုံးအနေဖြင့် ၂၀၂၀  ပြည့်နှစ်တွင် ၁၉၆၇ ခုနှစ်ကတည်းက အနိမ့်ဆုံးနှုန်းဖြစ်သော ၀ ဒသမ ၉ ရာခိုင်နှုန်း တိုးမြင့်လာမည်ဟု ခန့်မှန်းထားသည်။

ဒေသအတွက် မျှော်မှန်းချက်များမှာ ၂၀၂၁ ခုနှစ်တွင် ပြန်လည်ထူထောင်ရေး ပုံမှန်ဆက်လက်ရှိနေခြင်း၊ ပင်မစီးပွားရေးလုပ်ငန်းများ ပုံမှန်ပြန်လည်ပတ်လာခြင်းနှင့် ကာကွယ်ဆေး ထွက်ပေါ်လာနိုင်မှု အခြေအနေတို့အပေါ် တွက်ဆ၍ တရုတ်နိုင်ငံတွင် ၇ ဒသမ ၉ ရာခိုင်နှုန်းနှင့် အခြားဒေသများတွင် ၅ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။

သို့ရာတွင် နောင်နှစ်နှစ်အတွက်ရလဒ်များသည် ကပ်ရောဂါမတိုင်ခင်ကာလ ခန့်မှန်းချက်များအောက်တွင်သာ ဆက်လက်ရှိနေမည်ဟု ခန့်မှန်းထားသည်။ ရောဂါထိတွေ့မှုမြင့်သော ပစိဖိတ်ကျွန်းနိုင်ငံများ၏ အလားအလာမှာ ၂၀၂၁ ခုနှစ်အထိ ကပ်ရောဂါမတိုင်ခင်အဆင့်၏ ၁၀ ရာခိုင်နှုန်းအောက်တွင်သာ ရှိနေသည့်အရေးကြီးအခြေအနေတွင် ရှိနေသည်။

ဒေသတွင်းဆင်းရဲနွမ်းပါးမှုသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဦးဆုံးအကြိမ် မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ လူဦးရေ ၃၈ သန်းနီးပါးခန့်သည် ဆက်လက်ဆင်းရဲနေမည် သို့မဟုတ် ကပ်ရောဂါကြောင့် ပြန်လည်ဆင်းရဲသွားနိုင်မည်ဟု ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှု ၀ ဒသမ ၅ ရာခိုင်နှုန်းအထိ သိသိသာသာကျဆင်းခဲ့သည်။

ယင်းအခြေအနေသည် မကြာသေးခင်က ရရှိထားသည့် ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းဆိုင်ရာ ရလဒ်များကိုပါ ထိခိုက်လာသည်။ လတ်တလောအတွင်း တဖြည်းဖြည်းချင်း ပြန်လည်ပတ်လာသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့်၊ လျှပ်စစ်ဓာတ်အား၊စွမ်းအင်နှင့် ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှု အရှိန်မြင့်လာခြင်းကြောင့် ပြန်လည်တိုးတက်လာမည်ဟု မျှော်မှန်းရသည်။

ဒေသတွင်း ရောဂါကူးစက်မှုလှိုင်းအသစ်၊ ကမ္ဘာ့စီးပွားရေးထိခိုက်မှုကြာရှည်ခြင်း၊ ပြည်တွင်းဘဏ္ဍာရေးကဏ္ဍ မသေချာမှု၊ ဖြစ်ပွားလျက်ရှိသည့်ပဋိပက္ခများနှင့် ၂၀၂၀ ပြည့် နှစ် နိုဝင်ဘာရွေးကောက်ပွဲအခြေအနေတို့ကြောင့် အန္တရာယ်စိန်ခေါ်မှုများ ရှိနေသေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“ ကိုဗစ်-၁၉ က ဆင်းရဲသူတွေကို အထိခိုက်ဆုံးဖြစ်ရုံသာမက နောက်ထပ်ဆင်းရဲသူများလည်း ပေါ်ထွက်လာစေတယ်။ ဒေသတွေက မမျှော်မှန်းထားတဲ့အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ရပြီး အစိုးရများက ခက်ခဲတဲ့ ရွေးချယ်မှုတွေကိုပြုလုပ်နေရတယ်။ ဒါပေမဲ့လည်း ဒီလိုအပေးအယူတွေကို သက်သာစေနိုင်မယ့် လိမ္မာပါးနပ်တဲ့ မူဝါဒရွေးချယ်မှုတွေလည်း ရှိပါတယ်။ ဥပမာ- ဆင်းရဲသူတွေနဲ့ တရားမဝင်ကဏ္ဍကို အကျုံးဝင်စေဖို့အတွက် စမ်းသပ်မှု၊ စွမ်းဆောင်ရည်ရှာဖွေမှုနဲ့ ရေရှည် လူမှုကဏ္ဍကာကွယ်မှုတွေမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းတွေ ဖြစ်ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှပစိဖိတ်ဆိုင်ရာဒုတိယ ဥက္ကဋ္ဌ Victoria Kwakwa က ပြောကြားသည်။

Most Read

Most Recent