လိဂ်ဖလားတွင် ချယ်လ်ဆီးအတွက် ဂိုးသမားသစ် မန်ဒီ ပွဲထွက်ဖွယ်ရှိ

လိဂ်ဖလားတွင် ချယ်လ်ဆီးအတွက် ဂိုးသမားသစ် မန်ဒီ ပွဲထွက်ဖွယ်ရှိ
Published 29 September 2020

ချယ်လ်ဆီးအသင်း၏ ဂိုးသမားသစ် အက်ဒူအာမန်ဒီသည် စပါးအသင်းနှင့်ရင်ဆိုင်ရမည့် လိဂ်ဖလားပွဲတွင် ပွဲထွက်ခွင့်ရဖွယ်ရှိကြောင်း သိရသည်။ 

ချယ်လ်ဆီးနည်းပြ လမ်းပတ်က ယင်းပွဲလူစာရင်းတွင် မန်ဒီကို ထည့်သွင်းရွေးချယ်ထားကြောင်း အတည်ပြုခဲ့ပြီး ပွဲထွက်ခွင့်ရ၊ မရ ပြောကြားခြင်းမရှိသော်လည်း ဗြိတိန်မီဒီယာများက ပွဲထွက်စေလိမ့်မည်ဖြစ်ကြောင်း သုံးသပ်လျက်ရှိသည်။

သို့သော် လမ်းပတ်က လက်ရှိနံပါတ်(၁)ဂိုးသမား ကယ်ပါအပေါ် ဝေဖန်တိုက်ခိုက်နေမှုများမှာ မမျှတကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။



 

ထို့ပြင် နောက်ခံလူ ဘင်ချီဝဲလ်လည်း ပွဲထွက်လူစာရင်းတွင် ပါဝင်လာဖွယ်ရှိကြောင်း ဆိုခဲ့သည်။ 

ရန်းစ်အသင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၂၂ သန်းဖြင့် မန်ဒီမှာ ပြီးခဲ့သည့်ဝက်စ်ဘရွန်းနှင့်ပွဲ အသင်းလူစာရင်းတွင်မူ ပါဝင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ဇီယာ့ရှ်နှင့် ပူလီဆစ်တို့မှာမူ ယင်းပွဲတွင် ပါဝင်ကစားနိုင်ဖွယ်မရှိသေးကြောင်း လမ်းပတ်က အတည်ပြုခဲ့ပြီး ၎င်းတို့နှစ်ဦး၏ ကြံ့ခိုင်မှုအခြေအနေမှာ ပွဲကစားရန် လုံလောက်မှုမရှိသေးကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent