မြန်မာ့လက်ရွေးစင်အမျိုးသားအသင်း လာမည့်နှစ် မတ်လမှစ၍ နိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ရဖွယ်ရှိ

မြန်မာ့လက်ရွေးစင်အမျိုးသားအသင်း လာမည့်နှစ် မတ်လမှစ၍ နိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ရဖွယ်ရှိ
Photo: EMG
Photo: EMG
Published 27 September 2020

ယခုနှစ်အတွင်း မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများကို ၂၀၂၁ ခုနှစ် မတ်နှင့် ဇွန်တွင် ပြန်လည် ကျင်းပဖွယ်ရှိသည်။ 

မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းသည် လာမည့်နှစ်တွင် နိုင်ငံတကာပြိုင်ပွဲများစွာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မတ်လမှစ၍ ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ရဖွယ်ရှိကြောင်း သိရသည်။

ယခုနှစ်အတွင်း မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများကို ၂၀၂၁ ခုနှစ် မတ်နှင့် ဇွန်တွင် ပြန်လည် ကျင်းပဖွယ်ရှိသည်။ 

ထို့ပြင် အာဆီယံဘောလုံး အဖွဲ့ချုပ် (AFF) က ရွှေ့ဆိုင်းထားသည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ဧပြီ ၁၁ ရက်မှ မေ ၈ ရက်အထိ ကျင်းပရန် ဆုံးဖြတ်ခဲ့ရာ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် မတ်မှ ဇွန်အထိ လေးလဆက်တိုက် ပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ် မတ်လတွင် ကာလတို လေ့ကျင့်ပြီးနောက်ပိုင်း ရောဂါအခြေအနေကြောင့် လေ့ကျင့်မှု ပြုလုပ်နိုင်ခြင်းမရှိတော့ဘဲ အစောဆုံး နှစ်ကုန်ပိုင်းမှသာ ပြန်လည် လေ့ကျင့်နိုင်ဖွယ်ရှိနေသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့်နှစ်တွင် အဓိကနိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မတ်မှ ဇွန်အထိ ယင်းပြိုင်ပွဲနှစ်ခု ယှဉ်ပြိုင်ပြီးပါက နှစ်ကုန်ပိုင်းတွင် အာရှဖလားတတိယအဆင့်ခြေစစ်ပွဲ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် ကမ္ဘာ့ဖလားနှင့် အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု (F) တွင် ပါဝင်နေပြီး ငါးပွဲကစား ခြောက်မှတ်ရထားကြောင်း သိရသည်။