ဘိုင်ယန်မြူးနစ်အား အရှက်တကွဲရှုံးနိမ့်ခဲ့ခြင်းကို ခံစားနေရဆဲဟု ဘာစီလိုနာနောက်ခံလူ ဆာဂျီရောဘတ်တို ဝန်ခံ

ဘိုင်ယန်မြူးနစ်အား အရှက်တကွဲရှုံးနိမ့်ခဲ့ခြင်းကို ခံစားနေရဆဲဟု ဘာစီလိုနာနောက်ခံလူ ဆာဂျီရောဘတ်တို ဝန်ခံ
Photos: Getty Images
Photos: Getty Images
Published 25 September 2020

ဘာစီလိုနာနောက်ခံလူ ဆာဂျီရောဘတ်တိုက မိမိတို့အနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းအား အရှက်တကွဲ ရှုံးနိမ့်ခဲ့သည့်အကျိုးဆက်ကို ခံစားနေရဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်ဩဂုတ်လက ကစားခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းကို (၂-၈)ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။ 

ယင်းရှုံးပွဲကြောင့် ဘာစီလိုနာအသင်းတွင် အပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့ပြီး နည်းပြ ဆယ်တီယန်မှာ ရာထူးမှထုတ်ပယ်ခံခဲ့ရသလို၊ အသင်းခေါင်းဆောင် မက်ဆီမှာလည်း အသင်းမှထွက်ခွာခွင့်တောင်းသည့်အထိ ဖြစ်ခဲ့သည်။ 

ဘာစီလိုနာအသင်းသည် လက်ရှိတွင် နည်းပြ ရော်နယ်လ်ကိုးမန်း၏ ဦးဆောင်မှုဖြင့် ရာသီသစ်ကို စတင်ရန်ပြင်ဆင်နေသော်လည်း ဘိုင်ယန်မြူးနစ်အား ရှုံးနိမ့်ခဲ့ခြင်းကို မမေ့နိုင်သေးကြောင်း ဆာဂျီရောဘတ်တိုက ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဆာဂျီရောဘတ်တိုက "ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲက မေ့ပစ်ဖို့ခက်ပြီး အဆိုးရွားဆုံးနွေရာသီကို  ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတယ်။ ဘိုင်ယန်နဲ့ပွဲအပြီးမှာ ကျွန်တော်တို့ ဘောလုံးကစားချင်စိတ်တောင် မရှိတော့ပါဘူး။ ကျွန်တော်တို့ အနေနဲ့ နည်းပြသစ်နဲ့အတူ ရာသီသစ် ကို အကောင်းဆုံးစတင်နိုင်ဖို့ ကြိုးစား နေပါတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent