သုဝဏ္ဏအားကစားကွင်း၌ အရေးပေါ်လူနာများအတွက် အထူးကြပ်မတ်ကုသဆောင် တည်ဆောက်နေ၍ နှစ်ကုန်ပိုင်းတွင်ပြုလုပ်ရန်စီစဉ်ထားသည့် ဘောလုံးပြိုင်ပွဲများ ကျင်းပနိုင်ရန် မသေချာ

သုဝဏ္ဏအားကစားကွင်း၌ အရေးပေါ်လူနာများအတွက် အထူးကြပ်မတ်ကုသဆောင် တည်ဆောက်နေ၍ နှစ်ကုန်ပိုင်းတွင်ပြုလုပ်ရန်စီစဉ်ထားသည့် ဘောလုံးပြိုင်ပွဲများ ကျင်းပနိုင်ရန် မသေချာ
Photo: EMG
Photo: EMG
Published 23 September 2020

လက်ရှိ ဖြစ်ပေါ်နေ သည့် ရောဂါအနေအထား၊ သုဝဏ္ဏအားကစားကွင်း၌ အရေးပေါ် လူနာများအတွက် အထူးကြပ်မတ်ကုသဆောင် တည်ဆောက်နေခြင်းကြောင့် အခြားဘောလုံး ပြိုင်ပွဲများ ကျင်းပနိုင်ရန် မလွယ်ကူတော့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အရေးပေါ်လူနာများအတွက် COVID-19 Critical Care Unit ဧရာဝတီစင်တာကို သုဝဏ္ဏဘောလုံးကွင်းရှိ အထူးတန်းဝင်ပေါက် လှေကားအနီးတွင် တည်ဆောက်နေခြင်းဖြစ်သည်။

သုဝဏ္ဏအားကစားကွင်း၌ အရေးပေါ်လူနာများအတွက် အထူးကြပ်မတ်ကုသဆောင် တည်ဆောက်နေ၍ နှစ်ကုန်ပိုင်းတွင်ပြုလုပ်ရန်စီစဉ်ထားသည့် ဘောလုံးပြိုင်ပွဲများ ကျင်းပနိုင်ရန် မသေချာ

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးကူးစက်ခံရမှု မြင့် တက်လာသောကြောင့် အရေးပေါ်လူနာများအားထားရှိရန် အထူးကြပ်မတ်ကုသဆောင်ကို သုဝဏ္ဏအားကစားကွင်း၌ တည်ဆောက်နေရာ နှစ်ကုန်ပိုင်းတွင် ပြုလုပ်ရန်စီစဉ်ထားသည့် ဘောလုံးပြိုင်ပွဲများ ကျင်းပနိုင်ရန် မသေချာတော့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်သည် လက်ရှိကျင်းပနေသည့် MNL အမှတ်ပေးပြိုင်ပွဲအပြီးတွင် MNL-2 အမှတ်ပေးပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲနှင့် အမျိုးသမီးလိဂ်ပြိုင်ပွဲများ ကျင်းပရန် စီစဉ်ထားသော်လည်း လက်ရှိအနေအထားများကြောင့် ဆက်လက်ကျင်းပနိုင်ရန် မလွယ်ကူတော့ကြောင်း သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လက်ရှိကျင်းပနေသည့် MNL အမှတ်ပေးပြိုင်ပွဲကို အမြန်ဆုံးကျင်းပရန် ညွှန်ကြားလာသောကြောင့် အောက်တိုဘာ ၁ ရက်တွင်အပြီးကျင်းပရန် စက်တင်ဘာ ၂၁ ရက် က ပွဲစဉ်များပြောင်းလဲရေးဆွဲခဲ့သည်။ 

ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့်ပြိုင်ပွဲများနှင့်ပတ်သက်၍ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အတည်ပြုခြင်းမရှိခဲ့ပေ။ သို့သော် လက်ရှိ ဖြစ်ပေါ်နေ သည့် ရောဂါအနေအထား၊ သုဝဏ္ဏအားကစားကွင်း၌ အရေးပေါ် လူနာများအတွက် အထူးကြပ်မတ်ကုသဆောင် တည်ဆောက်နေခြင်းကြောင့် အခြားဘောလုံး ပြိုင်ပွဲများ ကျင်းပနိုင်ရန် မလွယ်ကူတော့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အရေးပေါ်လူနာများအတွက် COVID-19 Critical Care Unit ဧရာဝတီစင်တာကို သုဝဏ္ဏဘောလုံးကွင်းရှိ အထူးတန်းဝင်ပေါက် လှေကားအနီးတွင် တည်ဆောက်နေခြင်းဖြစ်သည်။ ထို့ပြင် ကလပ်အသင်းများအား လက်ရှိထားရှိသည့် အဆောင်များကိုလည်း လူနာများထားရှိရန် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်သည် ယခုရာသီတွင် MNL နှင့် MNL-2 ကလပ်အသင်းများအတွက် လိဂ်ပြိုင်ပွဲလေးခုနှင့် ရှုံးထွက် ပြိုင်ပွဲတစ်ခု ကျင်းပရန် စီစဉ်ထားသော်လည်း MNL အမှတ်ပေး ပြိုင်ပွဲသာ ပြီးဆုံးအောင် ကျင်းပနိုင်ဖွယ်ရှိနေသည်။ ပြည်တွင်း ဘောလုံးပြိုင်ပွဲများအားလုံးကို မတ် ၂၄ ရက်တွင် စတင်ရပ်နားခဲ့ပြီး သြဂုတ် ၂၂ ရက်တွင် MNL ပြိုင်ပွဲကို ပြန်လည်ကျင်းပခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်က ပထမဆုံးတာဝန်ယူကျင်းပမည့် အမျိုးသမီးလိဂ်ပြိုင်ပွဲကို နိုဝင်ဘာတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ကျင်းပနိုင်ရန်မသေချာတော့ကြောင်း သိရသည်။

Most Read

Most Recent