MNL ပြိုင်ပွဲ သွင်းဂိုးအများဆုံးစာရင်းတွင် ဧရာဝတီတိုက်စစ်မှူး ဆာဆက် ဆက်လက်ဦးဆောင်

MNL ပြိုင်ပွဲ သွင်းဂိုးအများဆုံးစာရင်းတွင် ဧရာဝတီတိုက်စစ်မှူး ဆာဆက် ဆက်လက်ဦးဆောင်
Photos : Ayeyawaddy, Hantharwady, MNL Facebook
Photos : Ayeyawaddy, Hantharwady, MNL Facebook
Published 22 September 2020

၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲပြီးဆုံးရန် သုံးပွဲအလိုတွင် သွင်းဂိုးအများဆုံးစာရင်း၌ ဧရာဝတီအသင်းတိုက်စစ်မှူး ဆာဆက်က ဆက်လက်ဦးဆောင်လျက်ရှိကြောင်း သိရ သည်။

နိုင်ဂျီးရီးယားတိုက်စစ်မှူး ဆာဆက်သည် ၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁၇) အပြီးတွင် စုစုပေါင်း ၁၄ ဂိုးသွင်းယူထားပြီး ရာသီကုန် ဂိုးသွင်းဘုရင်ဆုအတွက် ရေပန်းစားနေသူဖြစ်သည်။ 

ပွဲစဉ် (၁၇) အပြီး သွင်းဂိုးအများဆုံးစာရင်း၏ ဒုတိယနေရာတွင် ဟံသာဝတီအသင်းမှ ဒိုနယ်ဘစ်ဆာနှင့် အီမီကာတို့က သွင်းဂိုး ၁၂ ဂိုးစီဖြင့် ပူးတွဲရပ်တည်လျက်ရှိပြီး တတိယနေရာတွင် စစ်ကိုင်းယူနိုက်တက်အသင်းမှ ပက်ထရစ်က ၁၁ ဂိုး ဖြင့် ရပ်တည်လျက်ရှိသည်။ 

၂၀၁၆ ရာသီတွင် ဂိုးအများဆုံးဆုကို ပူးတွဲရရှိခဲ့သည့် ရတနာပုံအသင်းတိုက်စစ်မှူး ဝင်းနိုင်စိုးမှာမူ  ၁၀ ဂိုးဖြင့် စတုတ္ထနေရာရပ်တည်လျက်ရှိကြောင်း သိရသည်။ 

ဧရာဝတီအသင်းတိုက်စစ်မှူး ဆာဆက်သည် ဂိုးအများဆုံးဆုအတွက် ထိပ်ဆုံးနေရာတွင် ရပ်တည်နေသော်လည်း လက်ကျန်သုံးပွဲစလုံး ပွဲကျပ်များကစားရမည်ဖြစ်သောကြောင့် ရုန်းကန်ရဖွယ်ရှိနေသည်။ 

ချန်ပီယံမျှော်လင့်ချက်ရှိနေသည့် ဧရာဝတီအသင်းသည် ရှမ်းယူနိုက်တက်၊ ရန်ကုန်၊ ဟံသာဝတီအသင်းတို့နှင့် ကစားရန် ကျန်ရှိနေသည်။

Most Read

Most Recent