ခီယေဆာအတွက် ပြောင်းရွှေ့ကြေးတန်ဖိုးကို ယူရိုသန်း (၇၀) သတ်မှတ်ထား

ခီယေဆာအတွက် ပြောင်းရွှေ့ကြေးတန်ဖိုးကို ယူရိုသန်း (၇၀) သတ်မှတ်ထား
Photo: Goal
Photo: Goal
Published 21 September 2020

ဖီအိုရင်တီးနားအသင်းသည် လူငယ်ကြယ်ပွင့်တိုက်စစ်ကစားသမား ခီယေဆာ၏ပြောင်းရွှေ့ကြေးကို အနည်းဆုံး ယူရိုသန်း (၇၀) သတ်မှတ်ထားကြောင်း သိရသည်။

လာမည့်လတွင် အသက် (၂၃)နှစ်ပြည့်မည့် ခီယေဆာသည် ဖီအိုရင်တီးနားအသင်းနှင့် ၂၀၂၂ ခုနှစ်၊ ဇွန်လအထိစာချုပ် သက်တမ်းကျန်ရှိနေသေးသည်။

ခီယေဆာကိုခေါ်ယူရန် ဂျူဗင်တပ်စ်၊ အင်တာမီလန်အစရှိသည့် စီးရီးအေအသင်းများအပြင် အခြားဥရောပထိပ်တန်းလိဂ်မှ အသင်းအချို့ကလည်း စိတ်ဝင်စားနေသည်။

ဖီအိုရင်တီးနားအသင်းဒါရိုက်တာ ပရာဒီက ''ခီယေဆာက  ယူရိုသန်း (၇၀)ထက် ပိုတန်ကြေးရှိသူပါပဲ။ သူ့ကို ကျွန်တော်တို့ အလွယ်တကူ လက်လွတ်မခံနိုင်ပါဘူး'' ဟု ပြောကြားခဲ့သည်။

ဖီအိုရင်တီးနားအသင်းက တိုရီနိုအသင်းကို (၁-၀)ဂိုးဖြင့်အနိုင်ရရှိခဲ့သည့်စီးရီးအေအဖွင့်ပွဲတွင် ခီယေဆာသည် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သည်။

Most Read

Most Recent