မိုင်းဖြတ်မြို့နယ်တွင် SNLD ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးတွင် လားဟူတိုင်းရင်းသားတစ်ဦး ပါဝင်

မိုင်းဖြတ်မြို့နယ်တွင် SNLD ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးတွင် လားဟူတိုင်းရင်းသားတစ်ဦး ပါဝင်
Published 14 September 2020
မင်းနိုင်စိုး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ကိုယ်စားပြု ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းသုံးဦးတွင် လားဟူတိုင်းရင်းသား တစ်ဦးပါဝင်သည်။

မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စု တွင် ကျေးရွာပေါင်း ၂၅ ရွာရှိပြီး အဆိုပါ ကျေးရွာများတွင် လားဟူတိုင်းရင်းသားများ အများဆုံးနေထိုင်ရာပြီး ယင်းကျေးရွာ အုပ်စု တွင် စက်တင်ဘာ ၁၄ ရက်က SNLD ပါတီ ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားပြုလုပ်ခဲ့ သည်။

“ကျွန်တော်တို့က ဒီနေ့ ၁၄ ရက်မှာ ကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်ဖွင့်ပွဲပဲ ကျွန်တော်တို့က ရှိသေးပါတယ်။ ကျွန်တော့်ရဲ့ မဲဆန္ဒနယ်မှာတော့ ဒီတစ်ခုပဲ ရှိသေးတယ်။ ပြီးရင် ဖွင့်ဖို့ အလားအလာက ကျွန်တော်တို့က ရှိပါတယ်။ UEC ဆီကို စာတင်ထားပြီးပြီ။ အခုက ကော်မရှင်ကို တင်ထားတာက မနက်ဖြန် လေးနေရာ ထပ်ဖွင့်မယ်”ဟု လားဟူ တိုင်းရင်းသားဖြစ်သူ SNLD ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျဖေ့က ပြောကြား သည်။

၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တွင် နေရာအများစုမှာ လားဟူတိုင်းရင်းသား များ နေထိုင်သည့်အတွက် လက်ရှိအချိန်တွင် ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ မဆောင်ရွက်နိုင်သေးဘဲ ကနဦး အနေဖြင့် ပါတီဆိုင်းဘုတ်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ဦးကျဖေ့က ပြောကြားသည်။

“မဲဆွယ်စညး်ရုံးရေးကတော့ ကျွန်တော်က မပြင်ဆင်ရသေးဘူး။ ၂၀ ရက် နောက်ပိုင်းမှ ကျွန်တော်က ကွင်းဆင်း ဖြစ် မယ် ထင်တယ်။ အခုက ဒီလိုပါ ကျွန်တော် ပြိုင်တဲ့ မဲဆန္ဒနယ်ကျတော့ တောင်ပေါ်ဒေသ က များနေတယ်။ လားဟူတိုငး်ရင်းသားတွေ နေထိုင်တဲ့ တောင်ပေါ်ဒေသလေ။ လားဟူ တိုင်းရင်းသားတွေနေတဲ့ တောင်ပေါ်ဒေသ ကျတော့ ဒီကျားခေါင်းပါတီကျတော့ သူတို့ ထဲထဲဝင်ဝင် မသိဘူး။ ဒါကြောင့်မို့ ကျွန်တော် တို့က ကျေးရွာပါတီ ဆိုင်းဘုတ် တင်နိုင် အောင် အရင်ကြိုးစားပြီးမှ မဲဆွယ်ရမှာ ဖြစ်ပါ တယ်” ဟု လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျဖေ့က ပြောကြားသည်။

စက်တင်ဘာ ၁၄ ရက်တွင် ပြုလုပ်ခဲ့ သော နမ့်ပန်ကျေးရွာ SNLD ပါတီ ဆိုင်း ဘုတ်တင်ခြင်းအခမ်းအနားသို့ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း စိုင်းအောင်ဟိန်း မွန်း၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ်လောင်း ဦးကျဖေ့၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့နှင့် ပါတီမိတ်ဆွေများ တက်ရောက်ခဲ့ကြောင်း ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ် မြို့နယ်တွင် SNLD ပါတီကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းအောင်ဟိန်းမွန်း၊ ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) တွင် ဦးခမ်း ဟုန်နှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) တွင် လားဟူတိုင်းရင်းသား ဦးကျ ဖေ့တို့ဖြစ်သည်။

 

 

Most Read

Most Recent