တစ်ပွဲအရှုံးမှ နှစ်ပွဲဆက်ပြန်လည်အနိုင်ရခဲ့သည့် အိုဆာကာ ယူအက်စ်အိုးပင်းချန်ပီယံဆု ဆွတ်ခူးခဲ့ပြီး သုံးကြိမ်မြောက် ဂရင်းစလင်းချန်ပီယံဆုဖြစ်ကာ အာရှတင်းနစ်မယ်များအနက် အအောင်မြင်ဆုံးဖြစ်လာ

တစ်ပွဲအရှုံးမှ နှစ်ပွဲဆက်ပြန်လည်အနိုင်ရခဲ့သည့် အိုဆာကာ ယူအက်စ်အိုးပင်းချန်ပီယံဆု ဆွတ်ခူးခဲ့ပြီး သုံးကြိမ်မြောက် ဂရင်းစလင်းချန်ပီယံဆုဖြစ်ကာ အာရှတင်းနစ်မယ်များအနက် အအောင်မြင်ဆုံးဖြစ်လာ
Photos : AFP
Photos : AFP
Published 13 September 2020

၂၀၁၈ ခုနှစ်က ချန်ပီယံဆုရရှိဖူးသည့် အိုဆာကာသည် ယခုနှစ်ပြိုင်ပွဲတွင် ဆီဒင် ၄ သတ်မှတ်ခံထားရပြီး ၂၀၁၃ ယူအက်စ် အိုးပင်းနောက်ပိုင်း ဂရင်းစလင်းဗိုလ်လုပွဲ တစ်ကျော့ပြန်ကစားခွင့်ရသူ ကမ္ဘာ့အဆင့် ၁ ကစားသမားဟောင်း အဇာရန်ကာမှာမူ ဆီဒင်သတ်မှတ်ခံရခြင်းမရှိကြောင်း သိရသည်။

ယနေ့နံနက် အစောပိုင်းက ကျင်းပသည့် ယူအက်စ်အိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦး ချင်းဗိုလ်လုပွဲတွင် ဂျပန်နိုင်ငံသူ နာအိုမီအို ဆာကာက ဘယ်လာရုစ်နိုင်ငံသူ အဇာရန် ကာကို ၂-၁ ပွဲဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်က ချန်ပီယံဆုရရှိဖူးသည့် အိုဆာကာသည် ယခုနှစ်ပြိုင်ပွဲတွင် ဆီဒင် ၄ သတ်မှတ်ခံထားရပြီး ၂၀၁၃ ယူအက်စ် အိုးပင်းနောက်ပိုင်း ဂရင်းစလင်းဗိုလ်လုပွဲ တစ်ကျော့ပြန်ကစားခွင့်ရသူ ကမ္ဘာ့အဆင့် ၁ ကစားသမားဟောင်း အဇာရန်ကာမှာမူ ဆီဒင်သတ်မှတ်ခံရခြင်းမရှိကြောင်း သိရသည်။ ပထမပွဲတွင် အိုဆာကာ အမှားများစွာ ကျူးလွန်ခဲ့ပြီး အဇာရန်ကာက အခွင့်အရေးကို အသုံးချကာ ၆-၁ ဖြင့် ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်။ 

အဇာရန်ကာသည် ဒုတိယပွဲ အစတွင် ၂-၀ ဖြင့် ထပ်မံဦးဆောင်ခွင့်ရသော် လည်း ပုံမှန်လက်စွမ်းပြန်ရလာသည့် အိုဆာကာက ပြိုင်ဘက်၏ စပေးဘောအလှည့် နှစ်ကြိမ်အနိုင်ယူကာ ၄-၃ ဖြင့် ပြန်လည်ဦးဆောင်ခဲ့ပြီး ယင်းပွဲတွင် ၆-၃ ဖြင့် အနိုင်ရခဲ့သည်။ အဆုံးအဖြတ် တတိယပွဲတွင် အိုဆာကာက ၃-၁ ဖြင့် ဦးဆောင်နေစဉ် ၃-၂ ဖြစ်နိုင်မည့် အကောင်းဆုံးအခွင့်အရေးကို အဇာရန်ကာ အသုံးမချနိုင်သဖြင့် ၄-၁ ဖြစ်သွားသလို အိုဆာကာကပင် ၆-၃ ဖြင့် ထပ်မံအနိုင်ရခဲ့သည်။ ထို့ကြောင့် အိုဆာကာက ၂-၁ ပွဲရလဒ်ဖြင့် ချန်ပီယံဆုဆွတ်ခူးရယူနိုင်ခဲ့ပြီး ၁၉၉၄ ခုနှစ် ယူအက်စ်အိုးပင်း အမျိုးသမီးဗိုလ်လုပွဲနောက် ပိုင်း တစ်ပွဲအရှုံးမှ ပြန်လည်အနိုင်ရသည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင် ခဲ့သည်။

အသက် ၂၂ နှစ်အရွယ် ဟေတီ-ဂျပန် နွယ်ဖွား အိုဆာကာသည် ယူအက်စ်အိုးပင်း ပြိုင်ပွဲ၌ ဒုတိယအကြိမ်နှင့် ကစားသမားဘဝတစ်လျှောက် တတိယမြောက် ဂရင်းစလင်း ချန်ပီယံဆုရရှိခြင်းဖြစ်ပြီး ဂရင်းစလင်းနှစ် ကြိမ်ရရှိဖူးသည့် တရုတ်တင်းနစ်မယ်ဟောင်း လီနာကိုကျော်၍ အာရှတင်းနစ်မယ်များ ဂရင်းစလင်းအောင်မြင်မှု အများဆုံးဖြစ်လာခဲ့သည်။ အိုဆာကာသည် ယခုပြိုင်ပွဲတွင် ဗိုလ်စွဲသဖြင့် ဆုကြေး ဒေါ်လာသုံးသန်းရရှိမည်ဖြစ်သလို တနင်္လာနေ့ (ယနေ့) ထုတ်ပြန်မည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်လည်း အဆင့် ၉ မှ ၃ အထိ မြင့်တက်လာမည်ဖြစ်သည်။

Most Read

Most Recent