ယူအက်စ်အိုးပင်းပြိုင်ပွဲ အမျိုးသားဗိုလ်လုပွဲသို့ ဒိုမီနစ်ထင်းမ်နှင့် ဇီဗာရက်ဗ်တက်ရောက်ပြီး ချန်ပီယံသစ်ထွက်ပေါ်မည်

ယူအက်စ်အိုးပင်းပြိုင်ပွဲ အမျိုးသားဗိုလ်လုပွဲသို့ ဒိုမီနစ်ထင်းမ်နှင့် ဇီဗာရက်ဗ်တက်ရောက်ပြီး ချန်ပီယံသစ်ထွက်ပေါ်မည်
Photos : Getty Images
Photos : Getty Images
Published 13 September 2020

ထင်းမ်သည် ပြိုင်ပွဲတစ်လျှောက် ခြောက်ပွဲ ယှဉ်ပြိုင်ကစားရာတွင် တတိယအဆင့်မှလွဲ၍ ကျန်ပွဲများတွင် ပြိုင်ဘက်များကို သုံးပွဲပြတ် အနိုင်ရခဲ့ပြီး ယူအက်စ်အိုးပင်း ဗိုလ်လုပွဲတွင် ပထမဆုံးအကြိမ်နှင့် ကစားသမားဘဝ လေး ကြိမ်မြောက် ဂရင်းစလင်းဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားခွင့်ရခြင်းဖြစ်သည်။ 

ယူအက်စ်အိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲသို့ သြစတြီးယားနိုင်ငံသား ဒိုမီနစ်ထင်းမ်နှင့် ဂျာမနီနိုင်ငံသား ဇီဗာရက်ဗ်တို့ တက်ရောက်ခဲ့ပြီး နှစ်ဦးစလုံး ဂရင်းစလင်းချန်ပီယံဆုမရဖူးသဖြင့် ချန်ပီယံသစ်ထွက်ပေါ်လာမည်ဖြစ်ကြောင်း သိရသည်။

ယခုပြိုင်ပွဲတွင် ဆီဒင် ၂ သတ်မှတ်ခံထားရသည့် ဒိုမီနစ်ထင်းမ်သည် ဆီမီးဖိုင်နယ်တွင် ဆီဒင် ၃ ကစားသမား မက်ဗီဒက်ဗ် (ရုရှား) နှင့် ဆုံတွေ့သော်လည်း ၆-၂၊ ၇-၆ (၉-၇)၊ ၇-၆ (၇-၅) ဖြင့် သုံးပွဲပြတ်အနိုင်ရခဲ့သည်။ ထင်းမ်သည် ပြိုင်ပွဲတစ်လျှောက် ခြောက်ပွဲ ယှဉ်ပြိုင်ကစားရာတွင် တတိယအဆင့်မှလွဲ၍ ကျန်ပွဲများတွင် ပြိုင်ဘက်များကို သုံးပွဲပြတ် အနိုင်ရခဲ့ပြီး ယူအက်စ်အိုးပင်း ဗိုလ်လုပွဲတွင် ပထမဆုံးအကြိမ်နှင့် ကစားသမားဘဝ လေး ကြိမ်မြောက် ဂရင်းစလင်းဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားခွင့်ရခြင်းဖြစ်သည်။ 

ဆီဒင် ၄ ကစားသမား ဇီဗာရက်ဗ်မှာမူ ဆီမီးဖိုင်နယ်တွင် စပိန်နိုင်ငံသား ကာရီနိုဘူစတာ (ဆီဒင် ၂၀)  ကို အနိုင်ရရန် ခက်ခက်ခဲခဲယှဉ်ပြိုင်ခဲ့ရပြီး ငါးပွဲအပြည့်ကစားခဲ့ရသည်။ ဘူစတာသည် ပထမပွဲတွင် ၆-၃၊ ဒုတိယပွဲတွင် ၆-၂ ဖြင့် အနိုင်ရသောကြောင့် ဗိုလ်လုပွဲတက်ခွင့်ရရန် မျှော်လင့်ချက်ရှိနေသော်လည်း ဇီဗာရက်ဗ်က ၆-၃၊ ၆-၄၊ ၆-၃ ဖြင့် သုံးပွဲဆက်တိုက် ပြန် လည်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဇီဗာရက်ဗ် အနေဖြင့် ကစားသမားဘဝတစ်လျှောက် ဂရင်းစလင်းဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရခြင်းလည်းဖြစ်သည်။

ဒိုမီနစ်ထင်းမ်နှင့် ဇီဗာရက်ဗ်တို့ ယှဉ်ပြိုင်ကစားမည့် ဗိုလ်လုပွဲကို မြန်မာစံတော်ချိန် တနင်္လာနေ့ နံနက် ၂ နာရီခွဲတွင် ကျင်းပမည်ဖြစ်ပြီး ထိပ်တိိုက်တွေ့ဆုံမှုတွင် ထင်းမ်က ခုနစ်ပွဲ အနိုင်ရကာ နှစ်ပွဲသာ ရှုံးနိမ့်ထားသည်။

Most Read

Most Recent