(၂၂) ရက်အတွင်း (၉)ပွဲကစားရနိုင်သည့် ပွဲစဉ်ဇယားအတွက် စပါးအသင်းနည်းပြ မော်ရင်ဟို ညည်းတွားခဲ့ပြီးဖလားပြိုင်ပွဲများ၌ တစ်ပွဲရှုံးနိမ့်ရုံဖြင့် ပြိုင်ပွဲမှထွက်ရမည့်အခြေအနေမှာ အန္တရာယ်အလွန်များဟု ဆို

(၂၂) ရက်အတွင်း (၉)ပွဲကစားရနိုင်သည့် ပွဲစဉ်ဇယားအတွက် စပါးအသင်းနည်းပြ မော်ရင်ဟို ညည်းတွားခဲ့ပြီးဖလားပြိုင်ပွဲများ၌ တစ်ပွဲရှုံးနိမ့်ရုံဖြင့် ပြိုင်ပွဲမှထွက်ရမည့်အခြေအနေမှာ အန္တရာယ်အလွန်များဟု ဆို
Photo: Twitter
Photo: Twitter
Published 15 September 2020

စပါးအသင်းနည်းပြ မော်ရင်ဟိုသည် ရာသီအစကာလ (၂၂) ရက်အတွင်း ပြိုင်ပွဲစုံ (၉)ပွဲအထိ ကစားရနိုင်သည့် ပွဲစဉ်ဇယား အတွက် ညည်းတွားပြောဆိုခဲ့ကြောင်း သိရ သည်။

စပါးအသင်းသည် ပရီးမီးယားလိဂ်အပြင် ယူရိုပါလိဂ်ပြိုင်ပွဲ၌ ခြေစစ်ပွဲဒုတိယအဆင့်၊ လိဂ်ဖလားပြိုင်ပွဲ၌ တတိယအဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲများ တွင် နောက်တစ်ဆင့်တက်ရောက်နိုင်ပါက အောက်တိုဘာ နိုင်ငံတကာရက်သတ္တပတ် မတိုင်မီ (၂၂) ရက်အတွင်း (၉)ပွဲအထိကစား ရဖွယ်ရှိနေခြင်းဖြစ်သည်။

ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်အဖြစ် တနင်္ဂနွေနေ့ (ယနေ့) တွင် အဲဗာတန်အသင်းနှင့် အိမ်ကွင်း၊ စက်တင်ဘာ (၁၇) ရက်တွင် ယူရိုပါလိဂ် ခြေစစ်ပွဲဒုတိယအဆင့်အဖြစ် ဘူလ်ဂေးရီးယားကလပ် လိုကိုမိုးတစ်ပလော့ဒစ်ဗ်အသင်းနှင့် အဝေးကွင်း၊ စက်တင်ဘာ (၂၀) ရက်တွင် ဆောက်သမ် တန်အသင်းနှင့် အဝေးကွင်း၊ စက်တင်ဘာ (၂၂) ရက်တွင် လိဂ်ဖလား တတိယအဆင့် အဖြစ် လေတန်အိုးရီးယန့် (သို့မဟုတ်) ပလိုင်း မောက်အသင်းနှင့် အဝေးကွင်း၊ ယူရိုပါလိဂ် ခြေစစ်ပွဲတတိယအဆင့် တက်ရောက်နိုင်ပါ က စက်တင်ဘာ (၂၄) ရက်တွင် အဝေးကွင်း၊ စက်တင်ဘာ (၂၇) ရက်တွင် နယူးကာဆယ် အသင်းနှင့် အိမ်ကွင်း၊ လိဂ်ဖလား စတုတ္ထ အဆင့် တက်ရောက်နိုင်ပါက စက်တင်ဘာ (၂၉) ရက်၊ ယူရိုပါလိဂ် ခြေစစ်ပွဲ Play-off အဆင့် တက်ရောက်နိုင်ပါက အောက်တိုဘာ (၁) ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သလို အောက် တိုဘာ (၄) ရက်တွင် မန်ယူအသင်းနှင့် အဝေး ကွင်း ဆက်လက်ကစားရမည်ဖြစ်သည်။

    

သို့ဖြစ်ရာ မော်ရင်ဟိုက ''အဲဒီအကြောင်း အရမ်းစဉ်းစားရင် ဘယ်လိုဖြေရမလဲဆိုတာ မသိတော့ဘဲ စိတ်ဓာတ်ကျသွားနိုင်တယ်။ ကျွန်တော်စိတ်ဓာတ်မကျချင်ပါဘူး။ ပွဲတိုင်း ကို အပြုံးတွေနဲ့ပဲ သွားချင်ပါတယ်။ ပွဲတိုင်းကို အပြုသဘောဆောင်တဲ့ပုံစံနဲ့ပဲ သွားချင်ပါ တယ်။ တစ်ရက်မှာ ကျွန်တော့်ချာတိတ်တွေနဲ့ Challenge တစ်ခုလုပ်ခဲ့တယ်။ (၉)ပွဲစလုံးကို မိနစ် (၉၀) အပြည့်ကစားနိုင်မလားလို့ သူတို့ကို မေးတော့ ကျွန်တော်လုပ်နိုင်တယ်လို့ ဘယ်သူ မှ မပြောကြပါဘူး။ ဒါက ဖြစ်နိုင်တဲ့အရာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့အားလုံး သိ ထားပါတယ်။ ဒါက လူသားအနေနဲ့ စွမ်း ဆောင်နိုင်တဲ့အရာ မဟုတ်ပါဘူး။ ဒါက ကျွန် တော်တို့ရဲ့ မျှော်လင့်ချက်တွေအတွက်လည်း အန္တရာယ်ကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့  ဒီပွဲတွေထဲမှာ တစ်ပွဲကတော့ ရှုံးနိမ့်ဖို့ ဖြစ်နိုင် ခြေအရမ်းများပါတယ်။ ပရီးမီးယားလိဂ်မှာ ရှုံးပွဲကြုံတွေ့ရင် ပြိုင်ပွဲမှာ ဆက်ရှိနေခွင့်ရဦး မှာဖြစ်ပေမဲ့ ယူရိုပါလိဂ်မှာ ရှုံးနိမ့်ရင် ပြိုင်ပွဲက ထွက်ရမှာဖြစ်သလို Carabao Cup (လိဂ် ဖလား) မှာ ရှုံးနိမ့်ရင်လည်း ပြိုင်ပွဲကထွက်ရ မှာပါပဲ။ ဒီလိုအခြေအနေမျိုးမှာ ဒါက တော် တော်လေး အန္တရာယ်များပါတယ်။ ဒဏ်ရာ ပြဿနာတွေ ကြုံလာရနိုင်တာကလည်း ဖြစ် နိုင်ခြေရှိပါတယ်''  ဟု ညည်းတွားခဲ့ခြင်းဖြစ် သည်။

၂၂ ရက်အတွင်း ကစားရနိုင်သည့်ပွဲစဉ်များ

ရက်စွဲ    ပြိုင်ဘက်    ပြိုင်ပွဲ

၁၃-၉-၂၀     အဲဗာတန်(အိမ်) ပရီးမီးယားလိဂ်

၁၇-၉-၂၀ ပလော့ဒစ်ဗ်(အဝေး) ယူရိုပါလိဂ်

၂၀-၉-၂၀ ဆောက်သမ်တန်(အဝေး) ပရီးမီးယားလိဂ်

၂၂-၉-၂၀ (အဝေးကွင်း)    လိဂ်ဖလား

၂၄-၉-၂၀ (အဝေးကွင်း)    ယူရိုပါလိဂ်

၂၇-၉-၂၀ နယူးကာဆယ်(အိမ်) ပရီးမီးယားလိဂ်

၂၉-၉-၂၀ စတုတ္ထအဆင့်    လိဂ်ဖလား

၁-၁၀-၂၀     Play-off အဆင့် ယူရိုပါလိဂ်

၄-၁၀-၂၀     မန်ယူ (အဝေး) ပရီးမီးယားလိဂ်

Most Read

Most Recent