COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) ၏ လုပ်ငန်းစဉ် ၇.၁.၃ (က) အရ နိုင်ငံတကာမှ အကူအညီ၊ ချေးငွေရရှိရေးဆောင်ရွက်ရာတွင် ချေးငွေ၊ အကူအညီ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနှင့် ဂျပန်ယန်းဘီလျံ ၃၀ ညှိနှိုင်းရယူထားကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) ၏ လုပ်ငန်းစဉ် ၇.၁.၃ (က) အရ နိုင်ငံတကာမှ အကူအညီ၊ ချေးငွေရရှိရေးဆောင်ရွက်ရာတွင် ချေးငွေ၊ အကူအညီ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနှင့် ဂျပန်ယန်းဘီလျံ ၃၀ ညှိနှိုင်းရယူထားကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
စက်တင်ဘာ ၄ ရက်က CERP ဖြင့် ဝယ်ယူသော လူနာတင်ယာဉ် ၁၂ စီးအနက် ပထမအသုတ်လေးစီး လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ-MIFER)
စက်တင်ဘာ ၄ ရက်က CERP ဖြင့် ဝယ်ယူသော လူနာတင်ယာဉ် ၁၂ စီးအနက် ပထမအသုတ်လေးစီး လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ-MIFER)
Published 5 September 2020
နီလာ

COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) ၏ လုပ်ငန်းစဉ် ၇.၁.၃ (က) အရ နိုင်ငံတကာမှ အကူအညီ၊ ချေးငွေရရှိရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာချေးငွေ၊ အကူအညီအနေဖြင့် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနှင့် ဂျပန်ယန်းဘီလျံ ၃၀ ညှိနှိုင်းရယူထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

အထောက်အပံ့အနေဖြင့် ဒေါ်လာ ၈၄ ဒသမ ၅၃ သန်း၊ ယူရို ၆ ဒသမ ၂ သန်း၊ မြန်မာကျပ် ၁၀၀၀၀၀၀၀ နှင့် ဂျပန်ယန်း နှစ်ဘီလျံကို ရရှိထားကြောင်း ပြည်ထောင်စုဝန်ကြီးက စက်တင်ဘာ ၄ ရက်က စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနထံမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက CERP ဖြင့် ဝယ်ယူသော လူနာတင်ယာဉ် ၁၂ စီးအနက် ပထမအသုတ် လေးစီး လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

COVID-19 ကြောင့် ထိခိုက်ခဲ့သည့် မြန်မာ့စီးပွားရေးပြန်လည်ထူထောင်ရန် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ချေးငွေဒေါ်လာ ၁ ဒသမ ၂၅ ဘီလျံရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဇွန်လအတွင်းက ပြောကြားသည်။

“COVID-19 ကြောင့် ထိခိုက်သွားတဲ့ နိုင်ငံ့စီးပွားရေး ပြန်လည်ထူထောင်ဖို့ဆိုရင် ကျွန်တော်တို့ ငွေကြေးပမာဏ လိုပါတယ်။ အဲဒီအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဒေါ်လာသန်း ၇၀၀ ၊ ဂျပန်နိုင်ငံမှ ဒေါ်လာသန်း ၂၇၀၊ ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၂၅၀၊ အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာသန်း ၃၀ စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၂၅ ဘီလျံ ရရှိထားပြီ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

“ ဒီလိုနိုင်ငံတကာအဖွဲ့အစည်းတွေကနေ ချေးငွေပံ့ပိုးမှုတွေရရှိတာဟာ မြန်မာနိုင်ငံရဲ့ Macroeconomic အခြေအနေတည် ငြိမ်လို့ပဲဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးကြုံတွေ့ခဲ့ရသည့် မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် SME လုပ်ငန်းများစသည်ဖြင့် လုပ်ငန်းပေါင်း ၃၀၀၀ ကျော်ကို ချေးငွေကျပ် ၈၆ ဘီလျံကျော် ထုတ်ချေးထားပြီဖြစ်ကြောင်း စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

“ ကော်မတီအနေနဲ့ စီးပွားရေးထိခိုက်မှု အများဆုံးကြုံနေရတဲ့ လုပ်ငန်းသုံးခုဖြစ်တဲ့ အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနဲ့ အသေးစား အငယ်စား အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ကူညီပံ့ပိုးဖို့ ရန်ပုံငွေ ကျပ်ဘီလျံ ၁၀၀ ကို ထူထောင်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ မြန်မာနိုင်ငံသားပိုင်တဲ့လုပ်ငန်းများကို သက်သာသောအတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် သင်္ကြန်ကာလအလွန်ကစပြီး ထုတ်ချေးခဲ့ပါတယ်။ ဒီနေ့အထိ လုပ်ငန်းပေါင်း ၃၀၀၀ ကျော်ကို ချေးငွေပမာဏ ကျပ် ၈၆ ဘီလျံကျော် ထုတ်ချေးခဲ့ပြီဖြစ်ပါတယ်။ ချေးငွေကို အဓိကခံစားဖို့က ပြည်သူဘဏ္ဍာငွေဖြစ်တဲ့အတွက် ချေးငွေစိစစ်တဲ့နေရာမှာ ဝန်ကြီးဌာနက ပါဝင်သလို ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နဲ့ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအဖွဲ့က ပါဝင်ပြီးတော့ စနစ်တကျ ထုတ်ချေးနေတာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

COVID-19 ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ်အတည်းများမှ ရုန်းထွက်နိုင်ရန် ကာလတိုစီမံချက်ဖြစ်သည့် စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် ရေးဆွဲထုတ်ပြန်ခဲ့ပြီး ဝန်ကြီးဌာနများကလည်း ကဏ္ဍအလိုက် ဖြေလျှော့ပေးနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် COVID-19 ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ်အတည်းများမှ အမြန်ဆုံးရုန်းထွက်နိုင်ရေးအတွက် ကာလတိုစီမံချက်ဖြစ်သည့် “COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်- CERP ကို ရေးဆွဲပြီးထုတ်ပြန်ခဲ့ကြောင်း၊ ယင်း CERP တွင် အဓိကစီးပွားရေး ဆိုးကျိုးသက်ရောက်မှုများကို လျော့ပါးသက်သာစေရန်နှင့် မြန်မာ့စီးပွားရေးကျဆင်းမှုကို ပြန်လည်ဦးမော့လာစေရေးအတွက်  ဆောင်ရွက်ရမည့်နည်းလမ်းများကို ထည့်သွင်းရေးဆွဲထားသည့်အပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့်လည်း ကိုက်ညီမှုရှိစေရန် ချိတ်ဆက်ရေးဆွဲထားကြောင်း၊ ဝန်ကြီးဌာနများကလည်း ၎င်းတို့ဝန်ကြီးဌာနများနှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက် ဖြေလျှော့မှုများကို ပေးနေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

Most Read

Most Recent