အိုဇေးလ်ကို တစ်နှစ်ပေါင်(၁၅)သန်းဖြင့် ဆော်ဒီကလပ် အယ်လ်နာဆာ ကမ်းလှမ်း

အိုဇေးလ်ကို တစ်နှစ်ပေါင်(၁၅)သန်းဖြင့် ဆော်ဒီကလပ် အယ်လ်နာဆာ ကမ်းလှမ်း
Photo: PA
Photo: PA
Published 1 September 2020

ဆော်ဒီအာရေဗျကလပ် အယ်လ်နာဆာအသင်းသည် အာဆင်နယ်အသင်းမှ ဂျာမနီလက်ရွေးစင်ဟောင်း အိုဇေးလ်ကို တစ်နှစ်လုပ်ခ ပေါင်(၁၅)သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ 

အိုဇေးလ်သည် ၂၀၂၁ ခုနှစ်တွင် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အာဆင်နယ်အသင်းက စာချုပ်ဖျက်သိမ်း၍ လမ်းခွဲရန် လိုလားနေသော်လည်း ၎င်းက ငြင်းဆန်ထားသည်။ 

ထို့ကြောင့် အယ်လ်နာဆာအသင်းသည် အိုဇေးလ်ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်ရန်အတွက် ကြိုတင်သဘောတူညီမှု ရယူထားနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး တစ်နှစ်ပေါင်(၁၅)သန်းပေးမည်ဟု ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း သိရသည်။ 

အိုဇေးလ်ကို အာဆင်နယ်နှင့် သက်တမ်းကုန်ချိန်တွင် ခေါ်ယူရန် စောင့်ကြည့်နေသော ကလပ်အသင်းများစွာ ရှိနေကြောင်းလည်း သိရသည်။

Most Read

Most Recent