ဧရာဝတီတိုင်းဒေသကြီးအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဆိုင်ရာဦးစီးမှူးရုံးနှင့် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ စာရင်းများအရ မဲစာရင်းနှင့် လူဦးရေစာရင်းများ တိကျ မှန်ကန်မှုအားနည်းနေကြောင်း လွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ကော်မတီမှ သုံးသပ်တင်ပြခဲ့ကြောင်း သတင်းရရှိသည်။
ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ၂၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့ စွမ်းအားအရင်းအမြစ်ကော်မတီ၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အစီရင်ခံစာအား လွှတ်တော်သို့ တင်ပြရာတွင် ယင်းကဲ့သို့ထည့် သွင်းသုံးသပ်တင်ပြခဲ့ခြင်းဖြစ်သည်။
အစီရင်ခံစာပါ အခန်း(၇) တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဆွေး နွေးတွေ့ရှိချက်များ ပထမအကြိမ် မဲစာရင်း ကပ်ရာတွင် မြေပြင်တွေ့ရှိချက်များကို ကော်မတီက လွှတ်တော်သို့ သုံးသပ်တင်ပြရာတွင် ယခုကဲ့သို့ ထည့်သွင်းတင်ပြခဲ့ခြင်းဖြစ်သည်။
“(က) အိမ်ထောင်စုအလိုက် ကောက်ခံ ရရှိသော လူဦးရေစာရင်းနှင့် မဲဆန္ဒနယ်မြေ အလိုက်ကောက်ခံရရှိသော လူဦးရေစာရင်း မှာ ၁၅၅၁၀၅ ဦး ကွာဟနေကြောင်း သုံးသပ် ပါသည်၊ (ခ) ၂၀၂၀ ပြည့်နှစ် အိမ်ထောင်စုစာ ရင်းမှာ ၁၃၆၃၄၇၇ ဖြစ်ပြီး၊ ၂၀၁၄ ခုနှစ် အိမ် ထောင်စုစာရင်းမှာ ၁၄၉၀၄၉၈ ဖြစ်သည့်အ တွက် ၂၀၂၀ ပြည့်နှစ် အိမ်ထောင်စုစာရင်းမှာ ၂၀၁၄ ခုနှစ်ထက် ၁၂၇၀၂၁ လျော့နည်းနေ ခြင်းကြောင့် အိမ်ထောင်စုဦးရေများစွာ လျော့ နည်းသွားကြောင်း သုံးသပ်ပါသည်။ (ဂ) ၂၀၂၀ ပြည့်နှစ် မဲဆန္ဒနယ်အလိုက် လူဦးရေစာရင်းမှာ ၆၄၁၉၆၁၅ ဦးဖြစ်ပြီး တိုင်းရင်းသားများနှင့် တရုတ်၊ အိန္ဒိယနွယ်ဝင် လူဦးရေပေါင်းမှာ ၆၄၁၃၅၈၈ ဦးဖြစ်နေသည့်အတွက် ၆၀၂ရဦး ကွာဟနေကြောင်း သုံးသပ်ပါသည်။ (ဃ) ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းဦးရေနှင့် ၅^ ၂၀၂၀ လကုန်ရှိ အိမ်ထောင်စု လူဦးရေစာရင်း မှာ ငါးနှစ်အတွင်း ၇၉၆၈၁ ဦးသာ တိုးလာ ကြောင်း သုံးသပ်ပါသည်။ (ခ) ၃၀ ရက် ၁၁ လ ၂၀၂၀ ရက်တွင် အသက် ၁၈ နှစ်ပြည့်လာ မည့် ခန့်မှန်းခြေလူဦးရေ ၆၅၈၅၆ ဦးနှင့် ငါးနှစ် အတွင်း တိုးလာသည့် အိမ်ထောင်စုလူဦးရေ ၇၉၆၈၁ ဦးတို့တွင် ၁၀၀၉၅ ဦး ကွာဟနေ ကြောင်း သုံးသပ်ပါသည်။ (စ) တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး မှူးရုံးနှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲစာရင်းများအရ မဲစာရင်းနှင့် လူဦး ရေစာရင်းများ တိကျမှန်ကန်မှု အားနည်းနေ ကြောင်း သုံးသပ်ပါသည်” ဟု ကျောင်းကုန်းမြို့ နယ် မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ် စားလှယ်ဦးခင်မောင်ဇော်က လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းရာတွင် ထည့်သွင်းဖတ် ကြားခဲ့သည်။
ထို့အပြင် ကော်မတီ၏သုံးသပ်ချက်တွင် မဲစာရင်းများကောက်ခံရာတွင် ကော်မရှင်လုပ်ငန်းများအတွက်သာ ငွေကြေးတောင်းခံထားသောကြောင့် ခရီးစရိတ်များမပါဝင်သဖြင့် လုပ်ငန်းတွင်ကျယ်စွာ ဆောင်ရွက်နိုင်ခြင်းမ ရှိကြောင်း ထည့်သွင်းသုံးသပ်ထားကြောင်း သိရသည်။