မက်ဆီကိုစိတ်ဝင်စားသော်လည်း ခေါ်ယူရန် အခွင့်အရေးမရှိဟု ယာဂန်ကလော့ပ် ဝန်ခံ

မက်ဆီကိုစိတ်ဝင်စားသော်လည်း ခေါ်ယူရန် အခွင့်အရေးမရှိဟု ယာဂန်ကလော့ပ် ဝန်ခံ
Photos: Getty Images & AFP
Photos: Getty Images & AFP
Published 30 August 2020

မက်ဆီကိုခေါ်ယူရန် ဂွါဒီယိုလာကိုင်တွယ်နေသည့် မန်စီးတီးအသင်းက ရေပန်းအစားဆုံးဖြစ်နေပြီး လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ကလည်း မိမိတို့တွင် အခွင့်အရေးမရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။

မက်ဆီကိုခေါ်ယူရန် ဂွါဒီယိုလာကိုင်တွယ်နေသည့် မန်စီးတီးအသင်းက ရေပန်းအစားဆုံးဖြစ်နေပြီး လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ကလည်း မိမိတို့တွင် အခွင့်အရေးမရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။

ကွန်မြူနတီဒိုင်းပြိုင်ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် မက်ဆီ ကိုခေါ်ယူရန် စိတ်ဝင်စားခြင်းရှိမရှိ သတင်းထောက်များက မေးမြန်းရာ ယာဂန်ကလော့ပ် က " စိတ်ဝင်စားလားလို့ မေးတာလား။ ဘယ်သူက ကိုယ့်အသင်းမှာ မက်ဆီကိုမရှိစေချင်မှာလဲ။ ဒါပေမဲ့ အခွင့်အရေးတော့မရှိပါဘူး။ သူသာ မန်စီးတီးကိုရောက်လာရင် သူတို့ကို အနိုင်ယူဖို့ ပိုပြီးခက်သွားမှာပါ။ ပရီးမီးယားလိဂ်အတွက်တော့ ပိုကောင်းတာပေါ့။ တခြားလိဂ်မှာ မက်ဆီကစားတာကို မြင်ရဖို့ဆိုတာ စိတ်ဝင်စားစရာပါပဲ" ဟု ဖြေကြားခဲ့သည်။

မက်ဆီသည် ဘာစီလိုနာအသင်းတွင်ဆက်လက်မကစားလိုတော့ဘဲ အသင်းပြောင်းရွှေ့ခွင့်တောင်းဆိုထားကြောင်း သိရသည်။

Most Read

Most Recent