အပြောင်းအရွှေ့အတွက် ဆွေးနွေးပွဲပြုလုပ်ရန် မက်ဆီ၏တောင်းဆိုမှုကို ဘုတ်အဖွဲ့ အကြောင်းမပြန်

အပြောင်းအရွှေ့အတွက် ဆွေးနွေးပွဲပြုလုပ်ရန် မက်ဆီ၏တောင်းဆိုမှုကို ဘုတ်အဖွဲ့ အကြောင်းမပြန်
Photos : Getty Images
Photos : Getty Images
Published 30 August 2020

ဘာစီလိုနာအသင်းမှ ထွက်ခွာခွင့်ပြုရန် တောင်းဆိုထားသည့် အသင်းခေါင်းဆောင် မက်ဆီသည် အချေအတင်ဖြစ်ရပ်များ ရှောင်ရှားလိုသဖြင့် ၎င်း၏ကိုယ်စားလှယ်များနှင့် ဘာစီလိုနာအသင်းဘုတ်အဖွဲ့တို့ ဆွေးနွေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း စပိန် နှင့် ဗြိတိန်သတင်းဌာနများစွာက ဖော်ပြခဲ့ကြသည်။

ဘာစီလိုနာအသင်း ဘုတ်အဖွဲ့သည် အပြောင်းအရွှေ့အတွက် ဆွေးနွေးပွဲပြုလုပ်ရန် မက်ဆီ၏တောင်းဆိုမှုကို အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း သိရသည်။

ဘာစီလိုနာအသင်းမှ ထွက်ခွာခွင့်ပြုရန် တောင်းဆိုထားသည့် အသင်းခေါင်းဆောင် မက်ဆီသည် အချေအတင်ဖြစ်ရပ်များ ရှောင်ရှားလိုသဖြင့် ၎င်း၏ကိုယ်စားလှယ်များနှင့် ဘာစီလိုနာအသင်းဘုတ်အဖွဲ့တို့ ဆွေးနွေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း စပိန် နှင့် ဗြိတိန်သတင်းဌာနများစွာက ဖော်ပြခဲ့ကြသည်။ သို့သော် ဘုတ်အဖွဲ့အနေဖြင့် တာင်းဆိုမှုကို လက်ခံခြင်းရှိမရှိ အကြောင်းပြန်ခဲ့ခြင်း မရှိကြောင်း သိရသည်။ 

မက်ဆီနှင့် ဘာစီလိုနာအသင်းတို့၏စာချုပ်မှာ တစ်နှစ်ကျန်ရှိနေ သေးပြီး ၂၀၂၁ ခုနှစ် ဇွန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ ၎င်း၏စာချုပ်လျော်ကြေးတန်ဖိုးမှာ ယူရိုသန်း ၇၀၀ (ပေါင်သန်း ၆၃၀) ဖြစ်သော်လည်း မက်ဆီက ပြောင်းရွှေ့ကြေးမပါဘဲ အလွတ်ထွက်ခွာခွင့်ပြုရန် တောင်းဆိုထားသည်။ 

စာချုပ်ပါအချက်အရ မက်ဆီသည် လမ်းခွဲရန် ဆန္ဒရှိပါက ဇွန် ၁၀ ရက်မတိုင်ခင် တောင်းဆိုခွင့်ရှိသော်လည်း ယင်းကာလ ကျော်လွန်သွားပြီဖြစ်သောကြောင့် ဘာစီလိုနာအသင်းအနေဖြင့် စာချုပ်လျော်ကြေးရရှိမှသာ ထွက်ခွာခွင့်ပြုဖွယ်ရှိနေသည်။ သို့သော် ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ရာသီပြီးဆုံးချိန်မှာ သြဂုတ်အထိ ရောက်ရှိခဲ့သဖြင့် လမ်းခွဲရန် တောင်းဆိုခွင့်ရှိသည့်အချက်ကို သြဂုတ်လကုန်အထိ တိုးမြှင့်ပေးသင့် ကြောင်း မက်ဆီ၏ကိုယ်စားလှယ်များက ယူဆထားသည်။ 

အကယ်၍ နှစ်ဖက်တာဝန် ရှိသူများ ဆွေးနွေးမှုမလုပ်နိုင်ပါက မက်ဆီ အနေဖြင့် ယနေ့စတင်မည့် ရာသီကြိုလေ့ကျင့် မှုအစီအစဉ်သို့ မလာရောက်ဘဲ ဆန္ဒပြဖွယ်ရှိပြီး ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းရသည့် အခြေအနေအထိ ရောက်သွားနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။

Most Read

Most Recent