ကွန်မြူနတီဒိုင်းပွဲစဉ် ပွဲကြိုသုံးသပ်ချက်

ကွန်မြူနတီဒိုင်းပွဲစဉ် ပွဲကြိုသုံးသပ်ချက်
Photos: Squawka, Getty Images
Photos: Squawka, Getty Images
Published 29 August 2020

အာဆင်နယ် - လီဗာပူးလ် (စနေည ၁၀း၀၀ နာရီ)

အာဆင်နယ်က အာတီတာလက်ထက်မှာ တိုးတက်မှုတွေ မြင်နေရတဲ့အသင်းဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီပိတ်ချိန်မှာလည်း လီဗာ ပူးလ်အသင်းကို အနိုင်ကစားခဲ့တယ်။ ဒါပေမဲ့ ဒါက လီဗာပူးလ် အတွက် သိပ်အရေးမပါတော့တဲ့အခြေအနေမျိုးလို့ ပြောလို့ရပြီး လီဗာပူးလ်ရဲ့အကောင်းဆုံးအခြေအနေမှာ အနိုင်ရခဲ့တာမျိုး မဟုတ်ဘူး။ လီဗာပူးလ်က မနှစ်က တစ်ရာသီလုံး ပုံစံကောင်းပြခဲ့ ပြီး မန်စီးတီးအပါအဝင် တခြားအသင်းတိုင်းထက် တည်ငြိမ်တဲ့ ခြေစွမ်းကို ထိန်းထားနိုင်ခဲ့တယ်။ ရာသီကုန်မှာ အမှတ်အပြတ်အ သတ်ဖြတ်ပြီး ဗိုလ်စွဲခဲ့တယ်။ ဒီနှစ်လည်း အဓိကကစားသမားတွေ ကို ဆက်ထိန်းထားသလို၊ အင်အားဖြည့်တင်းမှုတချို့ပြုလုပ်ခဲ့ တယ်။ ဒါပေမဲ့ မနှစ်က အထိုင်အတိုင်းပဲ ဆက်လက်အသုံးပြုမယ် လို့ ယူဆရပြီး အာဆင်နယ်ထက် ပိုတောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတယ်။

မနှစ်က ကွန်မြူနတီဒိုင်းပွဲမှာ လီဗာပူးလ်က မန်စီးတီးကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးပွဲတွေ့ခဲ့ပြီး ဒီနှစ်မှာတော့ ဒီဖလားကို အရယူဖို့ ပစ်မှတ်ထားလိမ့်မယ်။ ဒါပေမဲ့ အာဆင်နယ်အသင်း ရဲ့ကစားပုံက သိသိသာသာတိုးတက်လာပြီး တိုက်စစ်ပိုင်းက လည်း ကစားပုံပိုကောင်းလာတယ်။ ဒီနှစ်သင်းတွေ့ခဲ့တဲ့ပွဲတွေမှာ ဂိုးမရှိသရေကျခဲ့တဲ့ နောက်ဆုံးပွဲက ၂၀၁၅ ခုနှစ်လောက်ကဖြစ် ပြီး အဲဒီနောက်ပိုင်းကစားခဲ့တဲ့ နောက်ဆုံး (၁၀)ပွဲမှာ (၈)ပွဲက သွင်းဂိုးတွေများခဲ့တာကို တွေ့ရတယ်။ လီဗာပူးလ်က မနှစ်က အာ ဆင်နယ်နဲ့ ကစားခဲ့တဲ့ (၃)ကြိမ်မှာ (၁)ပွဲပဲ အနိုင်ရခဲ့ပေမယ့် ဒီ (၃)ပွဲမှာ (၉)ဂိုးအထိ သွင်းခဲ့တယ်။ အာဆင်နယ်ကတော့ ပရီးမီး ယားလိဂ်ရာသီရဲ့နောက်ဆုံး (၃)ပုံ၊ (၁)ပုံကာလမှာ အကောင်းဆုံး ပုံစံပြန်ရခဲ့တာဖြစ်ပြီး လီဗာပူးလ်ကို အနိုင်ယူခဲ့တာကလည်း အဲဒီ ကာလအတွင်းမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းမှာ အဓိက တိုက်စစ်မှူး အူဘာမီယန်း ရဲ့စာချုပ်ကိစ္စက ညှိနှိုင်းနေဆဲဖြစ်ပြီး သဘောတူညီမှုရဖို့ နီးစပ် နေပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီပွဲမှာ အာ ဆင်နယ်တိုက်စစ်ကို အူဘာမီယန်းက ဦးဆောင်လာမှာဖြစ်ပြီး လီ ဗာပူးလ်ကိုအနိုင်ရခဲ့တဲ့ ပွဲတုန်းကလည်း အူဘာမီယန်းရဲ့အခန်း ကဏ္ဍက အဓိကကျခဲ့တယ်။ သူက ပြီးခဲ့တဲ့ ရာသီတုန်းက အာဆင် နယ်အသင်း ရုန်းကန်ခဲ့ရတာတောင် ပရီးမီးယားလိဂ်သွင်းဂိုး (၂၂) ဂိုးသွင်းယူပေးခဲ့ပြီး (၂)ရာသီဆက် (၂၂)ဂိုးသွင်းခဲ့တာ ဖြစ်တယ်။ အူဘာမီယန်းရဲ့ ကစားပုံက ဗန်ဒိုက်-ဂျိုးဂိုးမက်ဇ်တို့လို လီဗာပူးလ် ရဲ့ခံစစ်အထိုင်ကစားသမားတွေကို ရှောင်ပြီး တိုက်စစ်ကို လိုက်ပါ လေ့ရှိတဲ့ ခံစစ်တောင်ပံတွေကနေ ပေါ်လာတဲ့ Space တွေကို အ သုံးချပြီး ကစားတာဖြစ်တယ်။ အာဆင်နယ်အသင်းသာ ခံစစ်ကို ကျစ်ကျစ်လျစ်လျစ်ကစားနိုင်ပြီး၊ Transition ကို ကောင်းကောင်း အကောင်အထည်ဖော်နိုင်ရင် အူဘာမီယန်းအတွက် အလုပ်ဖြစ် နိုင်ပါတယ်။ 

လီဗာပူးလ်မှာတော့ စောင့်ကြည့်ရမယ့်သူက မာနေဖြစ်လာ တယ်။ ၂၀၁၈-၁၉ ရာသီတုန်းက ဆာလာရဲ့ရာသီဖြစ်ခဲ့ပေမယ့် ၂၀၁၉-၂၀ မှာတော့ မာနေရဲ့စွမ်းဆောင်ရည်က အသင်းတိုက်စစ် ပိုင်းအတွက် အဓိက ကျခဲ့တယ်။ ဒါပေမဲ့ အာဆင်နယ်ထက် လီဗာ ပူးလ်အားသာတဲ့အချက်က တိုက်စစ်မှာ ပွဲအဖြေကို အဆုံးအဖြတ် ပေးနိုင်တဲ့ ကစားသမားက အနည်းဆုံး (၃)ဦးရှိနေပြီး မာနေ-ဖေ မီနို-ဆာလာတို့ (၃)ဦးကို တစ်ဦးချင်းထိန်းချုပ်ဖို့ရော၊ တိုက်စစ် တွဲလုံးတွေကို ထိန်းချုပ်ဖို့ရောက အာဆင်နယ်အတွက် အခက် အခဲရှိပါတယ်။ 

မနှစ်က FA ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေ မှာ အာဆင်နယ်က မထင်မှတ်ဘဲ မန်စီးတီးကို ကျော်ဖြတ်ခဲ့သ လို  ဗိုလ်လုပွဲမှာလည်း ပိုရေပန်းစားတဲ့ ချယ်လ်ဆီးကို အလဲထိုး နိုင်ခဲ့ပါတယ်။ အခု ဒီပွဲကလည်း ဝင်ဘလေမှာ တစ်ကျော့တည်း အဆုံးအဖြတ်ခံယူရမယ့် ပွဲဖြစ်ပြီး ဒီပွဲအတွက် အာဆင်နယ်မှာ ယုံကြည်မှု ရှိနေမှာသေချာတယ်။ ဒါပေမဲ့ လီဗာပူးလ်ရဲ့လက်ရှိ ခြေစွမ်းနဲ့ လူအင်အားက ကမ္ဘာ့အဆင့်ရှိပြီး အာဆင်နယ်ထက် အများကြီး ပိုတောင့်တင်းတာ ငြင်းလို့မရဘူး။ ကလော့ပ်ကတော့ ဒီပွဲက ခက်ခဲမယ်လို့ ပြောထားပြီး၊ အာရုံစိုက်မယ်ဆိုတာလည်း သေချာနေပါတယ်။ လီဗာပူးလ်ကို ပိုကြိုက်ပါတယ်။ 

Most Read

Most Recent