သီယာဂိုဆေးလ်ဗားကို ချယ်လ်ဆီးအသင်းခေါင်းဆောင်အဖြစ် လမ်းပတ် ခန့်အပ်လို

သီယာဂိုဆေးလ်ဗားကို ချယ်လ်ဆီးအသင်းခေါင်းဆောင်အဖြစ် လမ်းပတ် ခန့်အပ်လို
Photo: Goal
Photo: Goal
Published 27 August 2020

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်သည် ဘရာဇီးလ်နောက်ခံလူ သီယာဂိုဆေးလ်ဗားကို သူ့အသင်း၏ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။ 

ချယ်လ်ဆီးအသင်းသည် ၂၀၁၉-၂၀ ရာသီကုန်တွင် PSG အသင်းနှင့် လမ်းခွဲခဲ့သည့် ၀ါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗား (၃၅ နှစ်)အား ခေါ်ယူရန် စီစဉ်နေ ပြီး (၂)နှစ်စာချုပ် ချုပ်ဆိုရန် ဆွေးနွေးလျက်ရှိနေသည်။ 

၎င်းအား ခေါ်ယူပြီးပါက အသင်း၏ အသင်းခေါင်းဆောင်လက်ပတ် လွှဲပြောင်းပေးအပ်ရန် လမ်းပတ်က စဉ်းစားနေခြင်းဖြစ်သည်။ 

လက်ရှိတွင် ချယ်လ်ဆီးအသင်းခေါင်းဆောင်အဖြစ် စပိန်နောက်ခံလူ အက်ဇ်ပီလီကွယ်တာက တာဝန်ယူလျက်ရှိနေပြီး သူ၏အသင်းခေါင်းဆောင်လက်ပတ်ကို ဆုံးရှုံးရဖွယ်ရှိနေသည်။ 

ဘရာဇီးလ်အသင်းအတွက် နိုင်ငံတကာပွဲ(၈၉)ပွဲကစားထားသော သီယာဂိုဆေးလ်ဗားကို  တရုတ်စူပါလိဂ်ကလပ်များနှင့် အရှေ့အလယ်ပိုင်းဒေသမှ ကလပ်များကလည်း ပစ်မှတ်ထားနေကြသည်။

Most Read

Most Recent