ဘောလုံးနှင့်သက်ဆိုင်သည့် နေရာများတွင် ကိုဗစ်ဖြစ်ပွားနှုန်း ပြန်မြင့်လာပါက စီးရီးအေရာသီစနောက်ကျဖွယ်ရှိ

ဘောလုံးနှင့်သက်ဆိုင်သည့် နေရာများတွင် ကိုဗစ်ဖြစ်ပွားနှုန်း ပြန်မြင့်လာပါက စီးရီးအေရာသီစနောက်ကျဖွယ်ရှိ
Photos : Getty Images
Photos : Getty Images
Published 26 August 2020

စီးရီးအေသည် Football Restart အား အန္တရာယ်ကင်းစွာ လည်ပတ်နိုင်ခဲ့သော်လည်း ယခုအချိန်တွင် ကိုဗစ်ဖြစ်ပွားမှုများ ပြန်လည်တွေ့ရှိလာရပြီဖြစ်သည်။ ကစားသမားများ၊ ဝန်ထမ်းများသည် အားလပ်ရက်(၃) ပတ်ရရှိခဲ့ပြီး ခရီးသွားခြင်းကြောင့် ကိုဗစ်အန္တရာယ်ကို ပိုမိုစိုးရိမ်လာရသည်။

စီးရီးအေ၏ ဆေးဘက်ဆိုင်ရာအရာရှိချုပ် ဂျီယန်နီနန်နီက ဘောလုံးနှင့်သက်ဆိုင်သည့် နေရာများတွင် ကိုဗစ်ဖြစ်ပွားနှုန်း ပြန်လည်မြင့်တက်လာပါက စီးရီးအေရာသီသစ် ပြန်စမည့်အချိန် နောက်ကျဖွယ်ရှိသည်ဟု သတိပေးပြောကြားခဲ့သည်။

စီးရီးအေသည် Football Restart အား အန္တရာယ်ကင်းစွာ လည်ပတ်နိုင်ခဲ့သော်လည်း ယခုအချိန်တွင် ကိုဗစ်ဖြစ်ပွားမှုများ ပြန်လည်တွေ့ရှိလာရပြီဖြစ်သည်။ ကစားသမားများ၊ ဝန်ထမ်းများသည် အားလပ်ရက်(၃) ပတ်ရရှိခဲ့ပြီး ခရီးသွားခြင်းကြောင့် ကိုဗစ်အန္တရာယ်ကို ပိုမိုစိုးရိမ်လာရသည်။

ဂျီယန်နီနန်နီက "ကျွန်တော်တို့ စိုးရိမ်နေပါတယ်။ Case တွေ ပိုတွေ့လာရရင် ရာသီကြိုလေ့ကျင့်ရေးတွေ ရွှေ့ရမှာ ဖြစ်ပြီး ရာသီသစ်စဖို့လည်း နောက်ကျသွားပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။  

ကာဂလီယာရီအသင်းသည် ကစားသမား(၄)ဦး ကိုဗစ်တွေ့ရှိပြီးနောက် ရာသီကြိုအစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီး ဘင်နီဗန်တို၊ SPAL၊ ဖီအိုရင်တီးနား၊ ဘိုလော့ဂ်နာအသင်းများတွင်လည်း ကိုဗစ်လူနာများ ပြန်တွေ့လာသည်။

Most Read

Most Recent