ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲပွဲအတွက် Pot 1 တွင်ပါဝင်မည့် အသင်းအားလုံးထွက်ပေါ်လာပြီး ဆီဗီလာ၊ ရီးယဲလ်၊ လီဗာပူးလ်၊ ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်၊ PSG၊ ဇင်းနစ်နှင့် ပေါ်တိုတို့ ပါဝင်

ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲပွဲအတွက် Pot 1 တွင်ပါဝင်မည့် အသင်းအားလုံးထွက်ပေါ်လာပြီး ဆီဗီလာ၊ ရီးယဲလ်၊ လီဗာပူးလ်၊ ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်၊ PSG၊ ဇင်းနစ်နှင့် ပေါ်တိုတို့ ပါဝင်
Photos : Getty Images
Photos : Getty Images
Published 23 August 2020

၂၀၁၉-၂၀၂၀ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဆီဗီလာအသင်း အနိုင်ရဗိုလ်စွဲခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရောက်ခဲ့သည့် ဘိုင်ယန်မြူးနစ်နှင့် PSG နှစ်သင်းစလုံးမှာ သက်ဆိုင်ရာလိဂ်များတွင် ချန်ပီယံဆုရရှိထားပြီးဖြစ်သောကြောင့် အဆင့် ၇ လိဂ်မှအသင်းလည်း Pot 1 ၌ ပါဝင်လာခြင်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်အတွက် မဲခွဲရာတွင် ဦးစားပေးအဆင့် ၁ Pot 1 ၌ ပါဝင်မည့် အသင်းအားလုံးထွက်ပေါ်လာပြီဖြစ်ကြောင်း သိရသည်။

Pot 1 တွင် ပါဝင်ခွင့်ရမည့် အသင်းများမှာ ချန်ပီယံလိဂ်ချန်ပီယံ၊ ယူရိုပါလိဂ်ချန်ပီယံ နှင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ အဆင့်သတ်မှတ်ချက်အမြင့်ဆုံး ထိပ်ဆုံးလိဂ် ခြောက်ခု၏ ချန်ပီယံအသင်းများဖြစ်သည်။  အကယ်၍ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ချန်ပီယံများမှာ ထိပ်ဆုံးလိဂ်ခြောက်ခု၏ ချန်ပီ ယံအသင်းဖြစ်နေပါက အဆင့် ၇ လိဂ်မှ ချန်ပီယံအသင်း Pot 1 ၌ ပါဝင်ခွင့်ရမည်ဖြစ်သည်။

၂၀၁၉-၂၀၂၀ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဆီဗီလာအသင်း အနိုင်ရဗိုလ်စွဲခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရောက်ခဲ့သည့် ဘိုင်ယန်မြူးနစ်နှင့် PSG နှစ်သင်းစလုံးမှာ သက်ဆိုင်ရာလိဂ်များတွင် ချန်ပီယံဆုရရှိထားပြီးဖြစ်သောကြောင့် အဆင့် ၇ လိဂ်မှအသင်းလည်း Pot 1 ၌ ပါဝင်လာခြင်းဖြစ်သည်။ သို့ဖြစ်ရာ ၂၀၂၀-၂၀၂၁ ရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲပွဲအတွက် Pot 1 တွင် ဆီဗီလာ (ယူရိုပါ လိဂ်)၊ ရီးယဲလ်မက်ဒရစ် (လာလီဂါ)၊ လီဗာပူးလ် (ပရီးမီးယားလိဂ်)၊ ဂျူဗင်တပ်စ် (စီးရီးအေ)၊ ဘိုင်ယန်မြူးနစ် (ဘွန်ဒစ်လီဂါ)၊ PSG (လီဂူး-၁)၊ ပေါ်တို (ပရီးမီးယားလီဂါ)၊ ဇင်းနစ် (ရုရှားပရီးမီးယားလိဂ်) တို့ ပါဝင်နေကြောင်း သိရသည်။

အခြား Pot များမှာ နောက်ဆုံးငါးနှစ် အတွင်း UEFA ကလပ်အသင်း အဆင့်သတ် မှတ်ချက်အပေါ်မူတည်၍ သတ်မှတ်ထားခြင်း ဖြစ်ပြီး Pot 2 တွင် နာမည်ကြီး ဘာစီလိုနာ၊ အက်သလက်တီကို၊ မန်စီးတီး၊ မန်ယူ၊ ချယ်လ် ဆီး၊ ဒေါ့မွန်၊ ရှက်တာဒိုးနက်အသင်းတို့အပြင် အေဂျက်စ် (သို့မဟုတ်) ဘင်ဖီကာအသင်း ပါဝင်မည်ဖြစ်သည်။ 

အုပ်စုအဆင့်တွင် နိုင်ငံတူကလပ်များ တွေ့ဆုံခြင်းမရှိစေရန် သတ်မှတ်ထားရာ Pot 1 ၌ ပါဝင်နေသည့်  လီဗာပူးလ်အသင်းသည် Pot 2 မှ ဘာစီလိုနာ၊ အက်သလက်တီကို၊ ဒေါ့မွန်၊ ရှက်တာဒိုးနက်၊ အေဂျက်စ် (သို့မဟုတ်) ဘင်ဖီကာ တစ်သင်းနှင့် သေချာပေါက် တွေ့ဆုံရမည်ဖြစ်ကြောင်း သိရသည်။ အုပ်စုအဆင့် မဲခွဲပွဲကို အောက်တိုဘာ ၁ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

၂၀၂၀-၂၀၂၁ ရာသီ အုပ်စုအဆင့်အတွက် ဦးစားပေးအဆင့်သတ်မှတ်ချက်များ

Pot 1 -  ဆီဗီလာ၊ ရီးယဲလ်မက်ဒရစ်၊ လီဗာပူးလ်၊ ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်၊ PSG၊ ဇင်းနစ်၊ ပေါ်တို

Pot 2 -  ဘာစီလိုနာ၊ အက်သလက်တီကို၊ မန်စီးတီး၊ မန်ယူ၊ ရှက်တာဒိုးနက်၊ ဒေါ့မွန်၊ ချယ်လ်ဆီး

Pot 2 0r 3 -  အေဂျက်စ်/ဘင်ဖီကာ

Pot 3  -  လိုက်ပ်ဇစ်၊ အင်တာမီလန်၊ လာဇီယို

Pot 3 or 4 -  အတ္တလန္တာ၊ လိုကိုမိုးတစ်မော်စကို၊ မာဆေးလ်၊ ကလပ်ဘရုဂေး၊ မိုချန်ဂလာဘတ်

Pot 4 ဘာရှက်ဆီဟီ၊ ရန်းစ်

Most Read

Most Recent