စစ်တွေမြို့အခြေအနေများ နှင့် ပတ်သက်ပြီး စစ်တွေမြို့အခြေစိုက် The Daily Eleven သတင်းထောက်အား ဆက်သွယ်မေးမြန်းခြင်း

စစ်တွေမြို့အခြေအနေများ နှင့် ပတ်သက်ပြီး စစ်တွေမြို့အခြေစိုက် The Daily Eleven သတင်းထောက်အား ဆက်သွယ်မေးမြန်းခြင်း
Published 23 August 2020

ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါပိုး ဆက်တိုက်တွေ့ရှိလာပြီးနောက်ပိုင်းတွင် ကူးစက်မှုဗဟိုချက်ဟု ဆိုနိုင်သည့် စစ်တွေမြို့၌ ရပ်ကွက်အချို့ အား Lockdown ချထားလျက်ရှိသည်။ စစ်တွေမြို့တွင်း၌လည်း စျေးဆိုင်အချို့ကို ပိတ်ထားပြီး စားသောက်ကုန်နှင့် ဆေးပစ္စည်းဆိုင်အချို့ကိုသာ ဖွင့်လှစ်ထားကာ ရခိုင်ပြည်နယ်အခြားမြို့များမှ လာရောက်ခြင်းများလည်း မရှိသလောက်နည်းပါးလာခဲ့သည်။ သြဂုတ် ၂၂ ရက် နံနက်တွင် စစ်တွေ မြို့နေသူ ၁၆ ဦး ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပြီးနောက်ပိုင်းတွင် စစ်တွေမြို့အခြေအနေများ နှင့် ပတ်သက်ပြီး စစ်တွေမြို့အခြေစိုက် The Daily Eleven သတင်းထောက်အား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

 

‘စစ်တွေမြို့ပေါ်မှာက ရပ်ကွက် ၃၃ ရပ်ကွက်ရှိတာကို ၁၃ ရပ်ကွက်လောက် ပိတ်ထားခံရတယ်။ပိတ်ထားတယ်ဆိုတာက အဝင်အထွက်တွေပေါ့။အဲဒီရပ်ကွက်တွေက ပိုးတွေ့သူတွေနေခဲ့တဲ့ ရပ်ကွက်တွေ... ‘

 

 

 

မေး -  ဒီနေ့မနက်ပိုင်း စစ်တွေမြို့ရဲ့အခြေအနေလေးကို ပြောပြပေးပါဦး။

ဖြေ - ဒီနေ့မနက်က ၁၆ ယောက်တွေ့တယ်ဆို တော့ မြို့ခံတွေကတော့ စိုးရိမ်မှုရှိနေတယ်။ ရောဂါပိုးက တောက်လျှောက်တွေ့နေတာဆို တော့ မြို့ခံတွေက စိုးရိမ်နေကြတယ်။ ဆိုင်တချို့လည်း ပိတ်ထားတယ်။ စားသောက်ကုန်နဲ့ ဆေးဝါးဆိုင်တွေ ဖွင့်ထားတာတွေ့တယ်။ အဲဒီ ဆိုင်တွေကတော့ ပိတ်လို့မရဘူးလေ။ လူသွားလူလာကတော့ နည်းသွားတယ်။

မေး -  စစ်တွေမြို့ပေါ်မှာက ဘယ်နေရာတွေပိတ် ထားတာလဲ။

ဖြေ - စစ်တွေမြို့ပေါ်မှာက ရပ်ကွက် ၃၃ ရပ် ကွက်ရှိတာကို ၁၃ရပ်ကွက်လောက် ပိတ်ထားခံရတယ်။ ပိတ်ထားတယ်ဆိုတာက အဝင်အထွက်တွေပေါ့။ အဲဒီရပ်ကွက်တွေက ပိုးတွေ့ သူတွေနေခဲ့တဲ့ရပ်ကွက်တွေ။ ဒါပေမဲ့ တချို့ ရပ်ကွက်တွေမှာက ရောဂါပိုးနေထိုင်တဲ့သူ တွေနေတဲ့အိမ်က လမ်းကြားတွေမှာ။ အဲဒီလို လမ်းကြားတွေကို Block လုပ်တာ မတွေ့ရ ဘူး။ အဓိကကတော့ စစ်တွေမှာဆိုရင် ငကြင်းမြိုင်၊ ကျောက်ကန့်လန်၊ ပြည်တော်သာ။ မန်းကန်၊ ကန်တော်ကြီး၊ ရွှေဖျား၊ ပါတလိတ်၊ ဓညဝတီ၊ အုန်းတပင်။ အဲဒီနေရာတွေ ကပိတ်ထားတဲ့နေရာတွေ။ စည်ပင်ကောင်စီ ဝင်တစ်ယောက်ရဲ့ ပေ့ချ်မှာလည်း တင်ထားတယ်။ အဓိကက စည်းကမ်းလိုက်နာမှုမရှိကြဘူးဆိုပြီးတင်ထားတယ်။ စျေးရောင်းစျေးဝယ်တွေကြားထဲမှာ ပဋိပက္ခဖြစ်တာတွေရှိ တယ်။ အခု မြို့မစျေးကို မနက်ပိုင်းမှာဖွင့်ပေမယ့် မနက်ဖြန်ကျရင် ပိတ်မယ်လို့လည်း ကြား ရတယ်။ ပြီးတော့ ညစျေးတန်းပေါ့။ ညစျေး တန်းကို မူလရောင်းချတဲ့နေရာကနေ အပြင် ကိုရွှေ့မယ်ဆိုပြီး ပြောနေကြတယ်။

မေး - ပြည်နယ်အစိုးရအနေနဲ့ရော မြို့ခံတွေကို ဘာတွေများညွှန်ကြားထားတာရှိလဲ။

ဖြေ- အခုထိ အစည်းအဝေးလုပ်နေကြတယ် လို့ သိရတယ်။ ညွှန်ကြားချက်တွေတော့ ဘာ မှမထွက်သေးဘူး။

မေး - စစ်တွေမြို့ခံတွေရဲ့စိတ်ထဲမှာ ဘယ်လို တွေရှိသလဲ။

ဖြေ - ပထမတစ်ခါတွေ့တုန်းကတော့ စိတ်သိပ်မပူကြပေမယ့် အခုတစ်ခေါက်ကတော့ များတော့ စိတ်ပူနေကြတယ်။နောက်တစ်ခုက ဒီရောဂါပိုးကဘယ်ကကူးတာလဲ။ ဘယ်က နေရောက်လာသလဲဆိုတာပြည်နယ် အစိုးရ ကလည်း မဖော်ထုတ်နိုင်သေးဘူး။ ပြည်နယ် အစိုးရကလည်း ဘာမှမပြောနိုင်သေးတော့ ဒေသခံတွေကကြောက်နေကြတယ်။ နောက် တစ်ခုက ဒီလူမှုအဖွဲ့အစည်းတွေက Mask တွေလှူဒါန်းချင်ပေမယ့် မှာလို့မရတာတွေ ဖြစ်နေတယ်။ စျေးနှုန်းကလည်း အနည်းဆုံး ခြောက်ထောင်လောက် ဖြစ်နေတယ်။ ပြီး တော့ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတချို့က ဒီ Mask တပ်ရမှာ ကြောက်နေတယ်။မတပ်ချင် ကြဘူး။သူတို့ စားဝတ်နေရေး ရုန်းကန်နေရ တဲ့အချိန်မှာ ဒါမျိုးတွေမလုပ်ချင်ကြဘူး။ အဲဒီ အပေါ်မှာလည်း မြို့ခံတွေက စိုးရိမ်နေကြ တယ်။ ပိုဆိုးလာမှာကို ကြောက်နေကြတာ ပေါ့။ အခုကတော့ ပတ်ဝန်းကျင်မြို့တွေက လည်း အသွားအလာ မရှိတော့ဘူးဆိုတော့ မြို့ပေါ်မှာက လူသွားလူလာ နည်းသွားပြီ။ မြို့မှာက လူဦးရေ သုံးသိန်းလောက်ရှိတာ ဆို ပေမယ့် အပြင်မှာက သိပ် မတွေ့ရတော့ဘူး။ အရင်ရက်တွေကဆိုရင် တခြားမြို့တွေက လာကြသေးတယ်။ အခုကတော့ ရေကြောင်း ကလည်း ရှပ်ပြေးတွေ မဆွဲကြတော့ဘူးဆို တော့ မြို့ခံလောက်ပဲ ရှိတော့တယ်။

Most Read

Most Recent