တစ်ပတ်လစာ ပေါင်နှစ်သိန်းခွဲဖြင့် အာဆင်နယ်အသင်းနှင့်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် အူဘာမီယန်း သဘောတူ

တစ်ပတ်လစာ ပေါင်နှစ်သိန်းခွဲဖြင့် အာဆင်နယ်အသင်းနှင့်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် အူဘာမီယန်း သဘောတူ
Photos : Getty Images
Photos : Getty Images
Published 19 August 2020

အူဘာမီယန်းအနေဖြင့် သုံးနှစ်သက်တမ်းရှိ စာချုပ်သစ်ကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး လက်ရှိတွင် နောက်ဆုံးအဆင့် စာရွက်စာတမ်းကိစ္စများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။ 

အာဆင်နယ်အသင်းခေါင်းဆောင် အူ ဘာမီယန်းသည် တစ်ပတ်လစာ ပေါင်နှစ်သိန်းခွဲဖြင့် အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် သဘောတူခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

အူဘာမီယန်းအနေဖြင့် သုံးနှစ်သက်တမ်းရှိ စာချုပ်သစ်ကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး လက်ရှိတွင် နောက်ဆုံးအဆင့် စာရွက်စာတမ်းကိစ္စများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။ 

အာဆင်နယ်အသင်း တာဝန်ရှိသူများသည် ရာသီကြိုလေ့ကျင့်ရေးသို့ အူဘာမီယန်းပြန်လာမည့်အချိန်တွင် စာချုပ်သစ်ချုပ်ဆိုရန်အတွက် အဆင်သင့်ဖြစ်စေရန် ပြင်ဆင်နေခြင်းဖြစ်သည်။ 

အာဆင်နယ်အသင်းသည် ဘောလုံးဒါရိုက်တာ ဆန်လယ်ဟီနှင့် လမ်းခွဲထားသော်လည်း စာချုပ်သက်တမ်းတိုးမှုအပြင် ကစားသမားသစ်ခေါ်ယူရန်အတွက် လုပ်ဆောင်လျက်ရှိသည်။