စီးရီးအေပြိုင်ပွဲတွင် ကစားရသည်ကို နှစ်သက်ကြောင်း အဲရစ်ဆင် ပြောကြား

စီးရီးအေပြိုင်ပွဲတွင် ကစားရသည်ကို နှစ်သက်ကြောင်း အဲရစ်ဆင် ပြောကြား
Photos: Getty Images
Photos: Getty Images
Published 7 August 2020

အင်တာမီလန်ကွင်းလယ်လူ အဲရစ်ဆင်က စီးရီးအေပြိုင်ပွဲတွင် ကစားရသည်ကို နှစ်သက်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်သည် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် စပါးအသင်းမှ အင်တာမီလန်အသင်းထံသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

အဲရစ်ဆင်က စီးရီးအေနှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကွဲပြားခြားနားပြီး အီတလီတွင် ကစားရသည်ကို နှစ်သက်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

၎င်းက "ပရီးမီးယားလိဂ်က ဂိုးရဖို့အတွက် တိုက်ရိုက်ကစားပြီး ကစားသမားတွေ ကွင်းအတွင်း မိနစ် (၉၀)လုံး ပြေးလွှားကြတယ်။ အီတလီမှာတော့ ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးကစားပြီး ဂိုးရဖို့အတွက် သေချာတဲ့ အခွင့်အရေးကို ဖန်တီးကြပါတယ်။ စီးရီးအေမှာ ကျွန်တော့်ကို လူကပ်ကစားတွေ ရှိပါတယ်။ ဒါက ကျွန်တော် တစ်ခါမှမကြုံဖူးသေးတဲ့ အတွေ့အကြုံသစ် ဖြစ်ပါတယ်။ ဒါပေမဲ့ စီးရီးအေမှာ ကစားရတာ ပျော်ဖို့ကောင်းပြီး ဒီမှာ ကစားရတာကို ကျွန်တော် နှစ်သက်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

အင်တာမီလန်အသင်းသည် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိနေပြီး သြဂုတ်လ (၁၀)ရက်တွင် လေဗာကူဆင်အသင်းနှင့် ကစားရမည်ဖြစ်သည်။ 

အဲရစ်ဆင်က လေဗာကူဆင်အသင်းနှင့် ကစားရမည့်ပွဲမှာ မိမိတို့အတွက် ခက်ခဲသည့်ပွဲစဉ်တစ်ပွဲ ဖြစ်လာမည်ဟု အသင်းဖော်များကို သတိပေးခဲ့သည်။

Most Read

Most Recent