မိမိ၏အနာဂတ်မှာ လိုင်ယွန်နှင့်ပွဲအပေါ် မူတည်မည်ဟုမထင်ကြောင်း ဆာရီ ပြောကြား

မိမိ၏အနာဂတ်မှာ လိုင်ယွန်နှင့်ပွဲအပေါ် မူတည်မည်ဟုမထင်ကြောင်း ဆာရီ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 7 August 2020

ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီက မိမိ၏အနာဂတ်မှာ လိုင်ယွန်နှင့် ချန်ပီယံလိဂ်ပွဲရလဒ်အပေါ် မူတည်မည်ဟု မထင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

ဆာရီသည် ဂျူဗင်တပ်စ်အသင်းကို စီးရီးအေချန်ပီယံဆု ရယူပေးနိုင်ခဲ့သော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရလဒ်မကောင်းခဲ့ပါက ရာထူးမှ ထုတ်ပယ်ခံရနိုင်သည်ဟု သတင်းထွက်နေသည်။ 

ထို့ပြင် ဂျူဗင်တပ်စ်အသင်းသည် ပထမအကျော့တွင် လိုင်ယွန်ကို (ဝ-၁)ဂိုးဖြင့် ရှုံးနိမ့်ထားသည့်အတွက် နောက်တစ်ဆင့်တက်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။ 

ဆာရီက "ကျွန်တော့်ရဲ့ အနာဂတ်ဟာ လိုင်ယွန်အသင်းနဲ့ ကစားမယ့်ပွဲအပေါ် မူတည်နေတယ်လို့ မထင်ပါဘူး။  ဒီလို တွေးတာက အသင်းဒါရိုက်တာတွေကို အပျော်တမ်းအဆင့်လို့ သတ်မှတ်သလိုပါပဲ။ ကျွန်တော်ကတော့ ဒီပွဲရလဒ်နဲ့ ဆုံးဖြတ်မယ်မထင်ပါဘူး"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဆာရီက စီးရီးအေရာသီပိတ်ပွဲစဉ်တွင် အနားပေးခဲ့သည့် အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုအနေဖြင့် လိုင်ယွန်နှင့်ပွဲတွင် ပါဝင်ကစားရန် အသင့်ရှိနေကြောင်းလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent