ပရီးမီးယားလိဂ်တန်းတက်ခွင့် Play-off တွင် ဘရန့်ဖို့ဒ် (၉)ကြိမ်မြောက် စံချိန်တင်ရှုံးနိမ့်ခဲ့ပြီး ၂၀၁၈-၁၉ ရာသီက အမှားမျိုးထပ်မမှားတော့ဟု ပါကားဆို

ပရီးမီးယားလိဂ်တန်းတက်ခွင့် Play-off တွင် ဘရန့်ဖို့ဒ် (၉)ကြိမ်မြောက် စံချိန်တင်ရှုံးနိမ့်ခဲ့ပြီး ၂၀၁၈-၁၉ ရာသီက အမှားမျိုးထပ်မမှားတော့ဟု ပါကားဆို
Photos: Getty Images, Fulham Twitter
Photos: Getty Images, Fulham Twitter
Published 6 August 2020

ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်တန်းတက် Play-off ဖိုင်နယ်ပွဲတွင် ဖူလ်ဟမ်အသင်းက အနိုင်ရရှိခဲ့ပြီး လာမည့်ရာသီ ပရီးမီးယားလိဂ်တန်းတက်ခွင့်ရရှိခဲ့ သည်။

ပြီးခဲ့သည့်ရာသီ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အဆင့်(၄)ရခဲ့သော ဖူလ်ဟမ်အသင်းသည် အဆင့်(၃)ရသည့် ဘရန့်ဖို့ဒ်အသင်းကို အချိန်ပို၌ (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဘရန့်ဖို့ဒ်အသင်းသည် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်အတွက် ကြိုးစားသော Play-off ပြိုင်ပွဲတွင် (၉)ကြိမ်မြောက်ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး အင်္ဂလန်ဘောလုံးလောက၌ အကြိမ်အရေအတွက်အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရှိရသည်။

ဖူလ်ဟမ်အသင်းအတွက် အချိန်ပိုတွင်ဂိုး (၂) ဂိုးကို အင်္ဂလန်နောက်ခံလူ ဂျိုဘရိုင်ယန်က သွင်းယူပေးခဲ့ပြီး အသင်းအား တန်ဖိုးမြင့်မားသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ ပို့ဆောင်ပေးခဲ့သည်။

ယင်းပွဲ၏ အနိုင်အရှုံးတန်ဖိုးမှာ ပေါင်(၁၃၅)သန်းအထိ တန်ကြေးရှိကြောင်းလည်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။

ပွဲအပြီးတွင် ဖူလ်ဟမ်အသင်းနည်းပြ စကော့ပါကားက မိမိတို့အနေဖြင့် ယမန်နှစ်ရာသီက အမှားမျိုး ထပ်မံမကျူးလွန်တော့ဟုပြောဆိုခဲ့သည်။

ဖူလ်ဟမ်အသင်းသည်  ၂၀၁၈- ၁၉ ဘောလုံးရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့်(၁၉)သာ ရရှိပြီး တန်းဆင်းခဲ့ရရာ ယင်းကဲ့သို့ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပေါ်စေရန် ကြိုးစားသွားမည်ဟု ပါကားက ဆိုခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent