ဒေါ့မွန်အသင်းမှ အင်္ဂလန်တောင်ပံကစားသမား ဆန်ချို၏ မန်ယူအသင်းသို့ အပြောင်းအရွှေ့ယခုရက်သတ္တပတ်ကုန်တွင် အပြီးသတ်ဖွယ်ရှိပြီး ငါးနှစ်စာချုပ် ချုပ်ဆိုသွားမည်

ဒေါ့မွန်အသင်းမှ အင်္ဂလန်တောင်ပံကစားသမား ဆန်ချို၏ မန်ယူအသင်းသို့ အပြောင်းအရွှေ့ယခုရက်သတ္တပတ်ကုန်တွင် အပြီးသတ်ဖွယ်ရှိပြီး ငါးနှစ်စာချုပ် ချုပ်ဆိုသွားမည်
Photos : Getty Images
Photos : Getty Images
Published 5 August 2020

မန်ယူအသင်းအမှုဆောင်ဒုဥက္ကဋ္ဌဖြစ် သူ အက်ဝုဒ်ဝက်ဒ်ကလည်း အပြောင်းအရွှေ့  ကိစ္စဆွေးနွေးမှုမှာ စာချုပ်ချုပ်ဆိုခြင်း၏အပြီးသတ်အပိုင်းသို့ ရောက်ရှိနေပြီဟု ပြောကြားထားသည်။ အသက် ၂၀ အရွယ်သာရှိသေး သူ ဆန်ချိုသည် မန်ယူအသင်း၏တိုက်စစ် တွင် ပူးပေါင်းခွင့်ရမည့်အပေါ် စိတ်လှုပ်ရှား နေကြောင်း Independent သတင်းစာက ဖော်ပြခဲ့သည်။

ဒေါ့မွန်အသင်းမှ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား ဆန်ချို၏ မန်ယူအသင်းသို့အပြောင်းအရွှေ့မှာ ယခုရက်သတ္တပတ်ကုန်တွင် အပြီးသတ်ဖွယ်ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ မန်ယူအသင်း နှင့် ဆန်ချိုအကြား ၁၈ လကြာဖြစ်ပေါ်ခဲ့သည့် အပြောင်းအရွှေ့သတင်းများကို အဆုံးသတ်စေပြီး ငါးနှစ်စာချုပ် ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းအမှုဆောင်ဒုဥက္ကဋ္ဌဖြစ် သူ အက်ဝုဒ်ဝက်ဒ်ကလည်း အပြောင်းအရွှေ့  ကိစ္စဆွေးနွေးမှုမှာ စာချုပ်ချုပ်ဆိုခြင်း၏အပြီးသတ်အပိုင်းသို့ ရောက်ရှိနေပြီဟု ပြောကြားထားသည်။ အသက် ၂၀ အရွယ်သာရှိသေး သူ ဆန်ချိုသည် မန်ယူအသင်း၏တိုက်စစ် တွင် ပူးပေါင်းခွင့်ရမည့်အပေါ် စိတ်လှုပ်ရှား နေကြောင်း Independent သတင်းစာက ဖော်ပြခဲ့သည်။ ယခုရာသီတွင် မာစီယဲလ်နှင့် ရပ်ရှ်ဖို့တို့က ၂၂ ဂိုးစီ၊ ဂရင်းဝုဒ်က ၁၇ ဂိုး သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်၏ကြောက်စရာ အကောင်းဆုံး တိုက်စစ်သုံးယောက်တွဲများမှ တစ်တွဲဖြစ်ခဲ့သည်။ မန်ယူနောက်ခံလူဟောင်း ဖီးလ်နဗီးလ်ကလည်း ဂရီးလစ်ရှ်ထက် ဆန်ချို ကို ဦးစားပေးခေါ်ယူခြင်းမှာ မှန်ကန်သည့်အရာဟု မှတ်ချက်ပြုခဲ့သည်။

ဆန်ချိုသည် ဝက်ဖို့ဒ်နှင့် မန်စီးတီးလူငယ် အသင်းများမှ တစ်ဆင့် ၂၀၁၇ ခုနှစ်တွင် ဒေါ့မွန်အသင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဒေါ့မွန်အသင်းသည် မန်စီးတီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ရှစ်သန်းသာ ပေးချေ ခဲ့ရသည်။ သို့သော် အချိန်တိုအတွင်းမှာပင် ဒေါ့မွန်အသင်း၌ နေရာရရှိလာပြီး ခြေစွမ်းပြ နိုင်ခဲ့သည့်အတွက် ဒေါ့မွန်အသင်းက ၂၀၂၂ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ သလို၊ ထိပ်သီးအသင်းများစွာ ကလည်း ၎င်းအားခေါ်ယူရန် စိတ်ဝင်စားလာသည်။ ယင်းအတွက် ဒေါ့မွန်အသင်းက အနည်းဆုံးပေါင် သန်း ၁၀၀ ရရှိမှသာ ဆန်ချိုကို ရောင်းထုတ်မည်ဟု စျေးနှုန်းသတ်မှတ်ခဲ့သော်လည်းမန်ယူအသင်းက ဆက်လက်ကြိုးပမ်းခဲ့ပြီး ယခုအခါ ပြောင်းရွှေ့ကြေးအား သုံးရစ်ခွဲပေးမည့် အစီအစဉ်ကို ဒေါ့မွန်အသင်းက လက်ခံဖွယ်ရှိ နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

မန်ယူအသင်းသည် ယခုနွေရာသီ တွင် ပေါင် ၆၃ သန်း ဦးစွာပေးချေမည်ဖြစ်ပြီး လာမည့်နွေရာသီစျေးကွက်နှစ်ခု၌ ပေါင် ၂၇ သန်းနှင့် ပေါင် ၁၈ သန်း ထပ်မံပေးချေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် စုစုပေါင်းပြောင်းရွှေ့ ကြေးမှာ ပေါင် ၁၀၈ သန်းရှိမည်ဖြစ်ပြီး ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။ မန်ယူအသင်းသည် ဒေါ့မွန်အသင်းတွင် ရရှိနေသော တစ်ပတ်လုပ်ခ ပေါင် ၁၉၀၀၀၀ ထက် တိုးမြှင့်ပေးရန် ကမ်းလှမ်းခဲ့ခြင်းကို ဆန်ချိုက သဘောတူလက်ခံခဲ့ခြင်းဖြစ်သည်။ ဒေါ့မွန် အသင်းသည် ဆန်ချို၏အပြောင်းအရွှေ့ကို သြဂုတ် ၁၀ ရက် နောက်ဆုံးထား၍ အပြီးသတ်ရန် တောင်းဆိုထားသောကြောင့် ယခု အပြောင်းအရွှေ့မှာ ရက်ပိုင်းအတွင်း အတည် ပြုနိုင်ဖွယ်ရှိနေသည်။ 

Most Read

Most Recent