မန်စီးတီးအသင်း အောင်မြင်မှုများဆက်လက်ရရှိအောင် ကူညီပေးလိုကြောင်း ဖယ်ရန်တောရက်စ် ပြောကြား

မန်စီးတီးအသင်း အောင်မြင်မှုများဆက်လက်ရရှိအောင် ကူညီပေးလိုကြောင်း ဖယ်ရန်တောရက်စ် ပြောကြား
Photo: Manchester City
Photo: Manchester City
Published 5 August 2020

မန်စီးတီးတောင်ပံကစားသမားသစ် ဖယ်ရန်တောရက်စ်က မိမိအနေဖြင့် အသင်းကို အောင်မြင်မှုများဆက်လက်ရှိအောင် ကူညီပေးလိုကြောင်း ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် အသက် (၂၀)နှစ်အရွယ်ရှိ စပိန်တောင်ပံကစားသမား ဖယ်ရန်တောရက်စ်ကို ဗလင်စီယာအသင်းမှ ယူရို (၂၃) သန်းဖြင့် ခေါ်ယူကာ ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့သည်။

ဖယ်ရန်တောရက်စ်သည် ဥရောပထိပ်တန်းအသင်းများစွာ၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရသော်လည်း နည်းပြဂွါဒီယိုလာကို လေးစားသည့်အတွက် မန်စီးတီးအသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖယ်ရန်တောရက်စ်က "မန်စီးတီးအသင်းကို ပြောင်းရွှေ့ခွင့်ရလို့ ကျွန်တော် အရမ်းဝမ်းသာပါတယ်။ မန်စီးတီးအသင်းဟာ ကမ္ဘာပေါ်မှာ တိုက်စစ်ကစားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး အသင်းကစားသမားတိုင်းကလည်း တိုက်စစ်ကစားဟန်မှာ ပါဝင်ပတ်သက်ကြပါတယ်။ ဂွါဒီယိုလာက အသင်းကို တိုက်စစ်ဖွင့်ကစားခိုင်းလေ့ရှိပြီး ဒါကို ကျွန်တော် အရမ်းနှစ်သက်ပါတယ်။ ပြီးတော့ ဂွါဒီယိုလာဟာ ကစားသမားတိုင်းကို တိုးတက်အောင် ကူညီပေးနိုင်သူပါ။ မန်စီးတီးအသင်းဟာ လွန်ခဲ့တဲ့ (၁၀)နှစ်အတွင်း ဆုဖလားတွေ အများကြီး ရရှိခဲ့ပြီး ကျွန်တော့်အနေနဲ့ မန်စီးတီးအသင်းကို အောင်မြင်မှုတွေဆက်လက်ရရှိအောင် ကူညီပေးချင်ပါတယ်"ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ဖယ်ရန်တောရက်စ်အား ဘိုင်ယန်မြူးနစ်အသင်းသို့ ထွက်ခွာသွားသည့် ဂျာမန်တောင်ပံကစားသမား ဆာနေး၏နေရာတွင် အစားထိုးရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည် ဖယ်ရန်တောရက်စ်အား ခေါ်ယူပြီးနောက် ဘုန်းမောက်နောက်ခံလူ နသန်အကီကိုလည်း ယူရိုသန်း (၄၀)ဖြင့် ခေါ်ယူရန်စီစဉ်နေပြီး လာမည့်ရက်ပိုင်းတွင် အပြောင်းအရွှေ့ကို အဆုံးသတ်ဖွယ်ရှိနေကြောင်း သိရသည်။

Most Read

Most Recent