တစ်ရာသီအတွင်း စီးရီးအေဂိုးအများဆုံးစံချိန်ကို လိုက်မီရန် အီမိုဘီလီ တစ်ဂိုးသာလိုအပ်     

တစ်ရာသီအတွင်း စီးရီးအေဂိုးအများဆုံးစံချိန်ကို လိုက်မီရန် အီမိုဘီလီ တစ်ဂိုးသာလိုအပ်     
Photo: Getty Images
Photo: Getty Images
Published 31 July 2020

လာဇီယိုအသင်းတိုက်စစ်မှူး အီမိုဘီလီသည် စီးရီးအေပြိုင်ပွဲတွင် တစ်ရာသီအတွင်း ဂိုးအများဆုံးစံချိန်ကိုလိုက်မီရန် တစ်ဂိုးသာ လိုအပ်တော့ကြောင်း သိရသည်။ 

ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ကစားသည့် စီးရီးအေပွဲစဉ် (၃၇) တွင် လာဇီယိုအသင်းက ဘရက်စီယာအသင်းကို အိမ်ကွင်း၌ (၂)ဂိုးပြတ် အနိုင်ရပြီး အီမိုဘီလီက (၈၂) မိနစ်တွင် ဒုတိယဂိုးသွင်းယူပေးခဲ့သည်။ 

ထို့ကြောင့် ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် အီမိုဘီလီ၏ သွင်းဂိုးအရေအတွက်မှာ (၃၅) ဂိုးဖြစ်လာပြီး ဂိုးအများဆုံးဆုအတွက် ထိပ်ဆုံးမှဦးဆောင်လျက်ရှိသလို တစ်ရာသီအတွင်း စီးရီးအေဂိုးအများဆုံးစံချိန်ကို လိုက်မီရန် နီးစပ်နေခြင်းဖြစ်သည်။

စီးရီးအေပြိုင်ပွဲတွင် တစ်ရာသီအတွင်း ဂိုးအများဆုံးစံချိန်တင်ထားသူမှာ နာပိုလီအသင်းတိုက်စစ်မှူးဟောင်း ဟီဂွါအင် (ယခုဂျူဗင်တပ်စ်)ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ရာသီတွင် (၃၆) ဂိုးဖြင့် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။ 

အီမိုဘီလီအနေဖြင့် အီတလီကစားသမားများအနက် ဂိုးအများဆုံးအဖြစ် မှတ်တမ်းဝင်ထားပြီးဖြစ်သလို ရာသီပိတ်ပွဲစဉ်တွင် တစ်ဂိုးထပ်မံသွင်းယူရုံဖြင့် ဟီဂွါအင်၏စံချိန်ကို အမီလိုက်နိုင်မည့်အပြင် စီးရီးအေဂိုးသွင်းဘုရင်ဆုနှင့် ဥရောပရွှေဖိနပ်ဆုကိုပါ ရယူနိုင်ရန် အလားအလာကောင်းနေသည်။

Most Read

Most Recent