ဘန်လေအသင်းနည်းပြ ရှောင်ဒိုက်အား နည်းပြသစ်အဖြစ် ခန့်အပ်ရန် ခရစ္စတယ်ပဲလေ့စ် ပစ်မှတ်ထား

ဘန်လေအသင်းနည်းပြ ရှောင်ဒိုက်အား နည်းပြသစ်အဖြစ် ခန့်အပ်ရန် ခရစ္စတယ်ပဲလေ့စ် ပစ်မှတ်ထား
Photos : Getty Images
Photos : Getty Images
Published 29 July 2020

ခရစ္စတယ်ပဲလေ့စ်အသင်း၏ လက်ရှိနည်းပြဖြစ်သူ ရွိုင်းဟော့ဒ်ဆန်မှာ အသက်(၇၂)နှစ်အရွယ် ရှိပြီဖြစ်ရာ အသင်းဥက္ကဋ္ဌ စတိဗ်ပါရစ်ရှ်သည် နည်းပြအပြောင်းအလဲပြုလုပ်ရန် ဆန္ဒရှိနေ ကြောင်း သိရသည်။ 

ခရစ္စတယ်ပဲလေ့စ်အသင်းသည် ဘန်လေအသင်းနည်းပြ ရှောင်ဒိုက်အား နည်းပြသစ်အဖြစ် ခန့်အပ်ရန် ပစ်မှတ်ထားနေပြီး ချဉ်းကပ်ကြိုးပမ်းမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။ 

ခရစ္စတယ်ပဲလေ့စ်အသင်း၏ လက်ရှိနည်းပြဖြစ်သူ ရွိုင်းဟော့ဒ်ဆန်မှာ အသက်(၇၂)နှစ်အရွယ် ရှိပြီဖြစ်ရာ အသင်းဥက္ကဋ္ဌ စတိဗ်ပါရစ်ရှ်သည် နည်းပြအပြောင်းအလဲပြုလုပ်ရန် ဆန္ဒရှိနေ ကြောင်း သိရသည်။ 

ခရစ္စတယ်ပဲလေ့စ်အသင်း အနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဆက်ရှိနေသော်လည်း ရာသီအဆုံးသတ်ပွဲစဉ်များတွင် ရှုံးပွဲများ ဆက်တိုက်ကြုံတွေ့ခဲ့ခြင်းကြောင့် စတိဗ်ပါရစ်ရှ်သည် အသင်းကို အပြောင်းအလဲ ပြုလုပ်ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။ 

ရွိုင်းဟော့ဒ်ဆန်သည် ယခုနှစ်မတ်လအတွင်းက အသင်းနှင့် တစ်နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုထား၍ သူ၏စာချုပ်သက်တမ်းမှာ  ၂၀၂၁ ခုနှစ် မတ်လမှ ပြည့်မည်ဖြစ်သည်။

Most Read

Most Recent