FIFA ၏အချက်အလက်အမှားထုတ်ပြန်မှုကို ဂျူဗင်တပ်စ်နောက်ခံလူ ဒန်နီလို ထောက်ပြသဖြင့် ပြန်လည်ဖြုတ်ချခဲ့ရ

FIFA ၏အချက်အလက်အမှားထုတ်ပြန်မှုကို ဂျူဗင်တပ်စ်နောက်ခံလူ ဒန်နီလို ထောက်ပြသဖြင့် ပြန်လည်ဖြုတ်ချခဲ့ရ
Photos : Getty Images
Photos : Getty Images
Published 29 July 2020

FIFA က စီရော်နယ်လ်ဒိုသည် Restart ကာလ စီးရီးအေ ၁၀ ပွဲတွင် ၁၀ ဂိုးအထိ သွင်းယူခဲ့ကာ အင်္ဂလန်၊ စပိန်နှင့် အီတလီတို့တွင် အမှတ်ပေးချန်ပီယံဆုကို အနည်းဆုံးနှစ်ကြိမ်စီ ရရှိခဲ့ပြီး ယင်းထိပ်တန်း လိဂ်သုံးခုစလုံးတွင် ၎င်းကဲ့သို့ ချန်ပီယံဖြစ်ဖူးသူတစ်ဦးမျှ မရှိကြောင်း Twitter တွင် တင်ရှိခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ Twitter တွင် အချက်အလက်အမှားထုတ်ပြန်မှုကို ဂျူဗင်တပ်စ်အသင်းမှ ဘရာဇီးလ်နောက်ခံလူ ဒန်နီလိုမှ ထောက်ပြပြီး Retweet ပြုလုပ်ခဲ့ပြီးနောက် ပြန်လည်ဖြုတ်ချခဲ့ရကြောင်း သိရသည်။ 

FIFA က စီရော်နယ်လ်ဒိုသည် Restart ကာလ စီးရီးအေ ၁၀ ပွဲတွင် ၁၀ ဂိုးအထိ သွင်းယူခဲ့ကာ အင်္ဂလန်၊ စပိန်နှင့် အီတလီတို့တွင် အမှတ်ပေးချန်ပီယံဆုကို အနည်းဆုံးနှစ်ကြိမ်စီ ရရှိခဲ့ပြီး ယင်းထိပ်တန်း လိဂ်သုံးခုစလုံးတွင် ၎င်းကဲ့သို့ ချန်ပီယံဖြစ်ဖူးသူတစ်ဦးမျှ မရှိကြောင်း Twitter တွင် တင်ရှိခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ပြီးခဲ့သည့်နှစ်နွေရာသီကမှ  ဂျူဗင်တပ်စ်အသင်းသို့ ရောက်ရှိလာသည့် ဒန်နီလိုမှာ ယခုရာသီ စီးရီးအေချန်ပီယံအသင်းတွင် ပါဝင်ခဲ့မှုကြောင့် ယင်းစာရင်းတွင် မှတ်တမ်းဝင်ခဲ့ခြင်းကို FIFA က သတိမမူမိခဲ့ခြင်းဖြစ်သည်။ ဒန်နီလိုသည် FIFA မှ Twitter တင်ရှိထားသည်ကို စဉ်းစားနေသည့် Emoji ဖြင့် ပြန်လည်မျှဝေ(share)ခဲ့ကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် ပရီးမီးယားလိဂ်တွင် ချန်ပီယံ သုံးကြိမ်(၂၀၀၆-၀၇၊ ၂၀၀၇- ၀၈၊ ၂၀၀၈-၀၉)၊ လာလီဂါ(၂၀၁၁-၁၂၊ ၂၀၁၆-၁၇)နှင့် စီးရီးအေ(၂၀၁၈-၁၉၊၂၀၁၉- ၂၀)တွင် နှစ်ကြိမ်စီ ရရှိထားပြီး ဒန်နီလိုမှာမူ ပရီးမီးယားလိဂ် နှစ်ကြိမ်(၂၀၁၇-၁၈၊ ၂၀၁၈- ၁၉)၊ လာလီဂါ(၂၀၁၆-၁၇) နှင့် စီးရီးအေ (၂၀၁၉-၂၀)တစ်ကြိမ်စီ ရရှိထားခဲ့သည်။  

ဥရောပနိုင်ငံများ၌ အမှတ်ပေးချန်ပီယံဖြစ်မှုတွင်မူ ဒန်နီလိုမှာ စီရော်နယ်လ်ဒိုထက်ပင် တစ်နိုင်ငံပိုများနေသေးကြောင်း သိရသည်။  ဒန်နီလိုသည် ပေါ်တိုအသင်း၌ ကစားနေစဉ် ၂၀၁၁-၁၂၊ ၂၀၁၂-၁၃ ရာသီများတွင် ပေါ်တူဂီအမှတ်ပေးချန်ပီယံဆုများကို ရရှိခဲ့ခြင်းဖြစ်သည်။  

Most Read

Most Recent