ဆန်ချိုအတွက် မန်ယူအသင်း၏ ပထမဆုံးကမ်းလှမ်းမှုကို ဒေါ့မွန်အသင်း ပယ်ချ

ဆန်ချိုအတွက် မန်ယူအသင်း၏ ပထမဆုံးကမ်းလှမ်းမှုကို ဒေါ့မွန်အသင်း ပယ်ချ
Published 28 July 2020

ဒေါ့မွန်အသင်းသည် အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုအတွက် မန်ယူအသင်း၏ ပထမဆုံးကမ်းလှမ်းမှုကို ပယ်ချလိုက်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ဆန်ချိုကို ပေါင်(၈၉)သန်းဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ဒေါ့မွန်အသင်းက အနည်းဆုံးပေါင်(၁၀၉)သန်းဖြင့် ကမ်းလှမ်းမှ လက်ခံစဉ်းစားမည်ဟု တုံ့ပြန်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒေါ့မွန်အသင်းသည် သြဂုတ်လ(၁၀)ရက်နေ့မှစ၍ ဆွစ်ဇာလန်နိုင်ငံ၌ ရာသီကြိုစခန်းသွင်းလေ့ကျင့်မှု ပြုလုပ်ရန်စီစဉ်ထားပြီး ဆန်ချိုအတွက် ကမ်းလှမ်းမှုကို ယင်းနေ့ရက်မတိုင်မီတွင်သာ လက်ခံစဉ်းစားသွားဖြစ်ကြောင်းလည်း Bild က ဖော်ပြခဲ့သည်။

ထို့ကြောင့် မန်ယူအသင်းသည် ဆန်ချိုအတွက် ဒုတိယအကြိမ်ကမ်းလှမ်းမှုကို လာမည့်ရက်ပိုင်းအတွင်း ထပ်မံပြုလုပ်သွားဖွယ်ရှိနေကြောင်းလည်း မီဒီယာများက ဖော်ပြနေကြသည်။

ဆန်ချိုသည် ၂၀၁၇ ခုနှစ်က မန်စီးတီးအသင်းမှ ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင်(၈)သန်းဖြင့် ရောက်ရှိလာသူဖြစ်သည်။

၎င်း၏ဒေါ့မွန်အသင်းနှင့်စာချုပ်သက်တမ်းမှာ (၂)နှစ်ကျန်သေးကြောင်း သိရသည်။

Most Read

Most Recent